ရာဖေးလ်ဒယ်လ်ကိုနဲ့ ဇနီးဖြစ်သူ ဗောကတ်စ်တို့ဟာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကို ထူထောင်နိုင်ခဲ့ကြသူ တွေဖြစ်ပါတယ်။ သူတို့အတွက် ပထမဆုံးသမီဦးလေး ဆာရီယာဟာ အခုဆိုရင် လေးနှစ်သမီးဖြစ်နေပါပြီ။ ဆာရီယာကိုမွေးပြီးနောက် ဗောကတ်စ်မှာ ဒုတိယကိုယ်ဝန်ထပ်ရခဲ့ပါတယ်။

play

 

ဒါပေမယ့် ၂၀၁၁ ခုနှစ်ထဲမှာ ဗောကတ်စ်ဟာ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဒုတိယကိုယ်ဝန်ကိုလွယ်ထားရင်းနဲ့ပဲ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဇနီးသည်ကို မမျှော်လင့်ပဲ ဆုံးရှုံးလိုက်ရပြီးတဲ့နောက် ဒယ်လ်ကိုဟာ သမီးလေးနဲ့ နှစ်ဦးတည်းနေထိုင်ခဲ့ပါတယ်။ ဇနီးသည်သေဆုံးပြီး သုံနှစ်အကြာမှာတော့ ဇနီးသည်ကိုလွတ်ဆွတ် ကြောင်းပြသဖို့ အိုင်ဒီယာတစ်ခုကို ဒယ်လ်ကို စဉ်းစားမိခဲ့ပါတယ်။ အဲဒါကတော့ ဇနီးသည်ရှိစဉ်က သူတို့အတူ ရိုက်ခဲ့တဲ့ အကြိုမင်္ဂလာဆောင်ဓါတ်ပုံတွေအတိုင်း သမီးလေးဆာရီယာနဲ့ ပြန်ရိုက်ဖို့ဖြစ်ပါတယ်။

play

 

အစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်ခဲ့တဲ့အခါ မြင်ရသူအားလုံးရဲ့ နှလုံးသားကို လှုပ်ခတ်နိုင်တဲ့ ဓါတ်ပုံတွေ ဖြစ်ခဲ့ပါတယ်။

play

play

play

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video