Lifestyle: ခွေးချစ်သူများပဲ သိနိုင်တဲ့ ပြဿနာ ၇ ခု

ခွေးတွေရဲ့ အမူအကျင့်ဟာ အများအားဖြင့် နှစ်လိုဖွယ်ဖြစ်တာကြောင့် လူအတော်များများ ခွေးချစ်တက်ကြပါတယ်။ သခင်အပေါ် သစ္စာရှိရမယ်ဆိုတဲ့ အသိကိုလည်းသဘာဝတရားက ထည့်ပေးထားလို့ လူတွေက ခွေးတွေအပေါ် မေတ္တာပိုတက်ကြပါတယ်။ ဒါပေမယ့်ဘယ်လောက်ပဲ  ချစ်ပါစေ တစ်ခါတစ်ရံတော့လည်း သူတို့အပြုအမူကြောင့်ဒေါသထွက်ရတာတွေ ရှိပါလိမ့်မယ်။

ခွေးချစ်သူတွေ၊ ခွေးမွေးထားသူတွေသာ နားလည်မယ့် ဒုက္ခ ၁၀ မျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ သင်ရုပ်ရှင်ခဏလေး ကြည့်လိုက်တဲ့အချိန်အတွင်းမှာ၊ ဒါမှမဟုတ် ထမင်းသွားစားတဲ့ ခဏလေး အချိန်အတွင်းမှာ သင်လုပ်ထားတဲ့ အိမ်စာတွေ၊ ဒါမှမဟုတ် ရုံးအတွက်လုပ်ထားတဲ့ စာရင်းဇယားတွေကို သူတို့က စုတ်ဖြဲပစ်တက်ကြပါတယ်။

play

 

၂။ သင့်ရဲ့အိမ်နေရာအနှံ့မှာ သူတို့ရဲ့အမွှေးတွေရှိနေတက်တယ်။ ကြမ်းပြင်တွေ၊  အဝတ်အစားတွေ၊ အိပ်ယာခင်းတွေအပေါ်မှာ သူတို့အမွှေးတွေ တွေ့ရတဲ့အခါတိုင်း သင်ဒေါသထွက်ရတယ်။

play

 

၃။ တစ်ခါတစ်လေသင့်ရဲ့ အချစ်တော်ခွေးက သင်ထက်တောင် အကောင်ကြီးချင် ကြီးနေပါလိမ့်မယ်။ ဒါပေမယ့် သူတို့က သင်လူကောင်သေးတာ ဂရုမစိုက်ပါဘူး။ သင့်ပေါ်တက်အိပ်ချင် အိပ်တက်ပါပဲ။

play

 

၎။ သင်ပစ်ထားတယ်ဆိုရင် သူတို့မနေနိုင်ပါဘူး။ သင်ပစ်ထားလေလေ သူတို့ကနီးသထက် နီးအောင် ကပ်လာလေလေပါပဲ။

play

 

၅။ သူတို့ကနှိုးစက်တွေပါ။ မနက်ဆို သင်အိပ်ယာမထသေးရင်သူတို့ အိပ်ယာပေါ် ရောက်လာပြီး သင့်ကိုနှိုးပါလိမ့်မယ်။ အိပ်ချင်သေးပေမယ့်လည်း သူတို့ရောက်လာရင်ထရတာပါပဲ။

play

 

၆။ သူတို့က သင်နဲ့အမြဲတမ်းကစားချင်တာပါ။ ဒါပေမယ့်လည်း လူသားတွေလုပ်သလိုတော့ သူတို့ လိုက်မလုပ်နိုင်ပါဘူး။ အဲဒီအခါ သူတို့ ဒေါသထွက်လာတော့တာပါပဲ။

play

 

၇။ သူတို့ရှိတဲ့အခါ သင်တစ်ယောက်တည်း အိပ်ယာပေါ်မှာ အေးအေးဆေးဆေး ဘယ်တော့မှ အိပ်လို့ရမယ် မထင်လိုက်ပါနဲ့။

play

 

စသဖြင့် ဒါတွေဟာ ခွေးအချစ်တော်တွေအားလုံး ကြုံတွေ့ရတက်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ