Lifestyle: အမျိုးသမီး ခေါင်းဆောင်များရှိသည့် ကုမ္ပဏီများက ပိုအောင်မြင်လေ့ရှိ

ကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေရဲ့ ဘုတ်အဖွဲ့အတွင်းမှာ အမျိုးသမီးတွေကိုထားရှိရင် ပိုပြီးအောင်မြင်လေ့ရှိတယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြပါတယ်။ အမျိုးသားဘုတ်အဖွဲ့ဝင်တွေချည်းသာ ရှိတဲ့ ကုမ္ပဏီတွေဆိုရင် ကျရှုံးမှာစိုးရိမ်နေရလေ့ရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

အမေရိကန်၊ အင်္ဂလန်နဲ့ အိန္ဒိယမှာ လုပ်ခဲ့တဲ့စစ်တမ်းအရ အမျိုးသမီးဘုတ်အဖွဲ့ဝင်တွေရှိတဲ့ ကုမ္ပဏီတွေဟာ အောင်မြင်မှုရတာ ပိုများနေတာတွေ့ရပါတယ်။

play

 

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အမျိုးသားတွေချည်းဦးဆောင်တဲ့ အမေရိကန်ပို့ကုန်သွင်းကုန် ကုမ္ပဏီတွေကို လေ့လာခဲ့ရာမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၇ ဘီလီယံလောက် ဆုံးရှုံးခဲ့တာတွေ့ရပါတယ်။ ဒီလေ့လာချက်ကို အပြည်ပြည်ဆိုင်ရာစာရင်းစစ်အဖွဲ့ Grant Thornton ကပြုစုခဲ့တာဖြစ်ပါတယ်။ အမေရိကမှာတော့ ကုမ္ပဏီဆယ်ခုမှာ တစ်ခုလောက်ပဲ အမျိုးသမီးတွေချည်း ဦးဆောင်တဲ့ကုမ္ပဏီတွေ ဖြစ်နေတက်တာတွေ့ရပါတယ်။ ကုမ္ပဏီအများစုကတော့ ဘုတ်အဖွဲ့ဝင်တွေစုဆောင်းရာမှာ ကျား၊ မအမျိုးအစားလိုက် ထည့်သွင်းဖို့ မေ့လျော့နေတက်ကြတယ်လို့ လေ့လာခဲ့တဲ့ စားရင်းစစ်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

play

 

ဘုတ်အဖွဲ့ဝင်အတွင်မှာ အမျိုးသားအမျိုးသမီး နှစ်မျိုးလုံးရှိနေခြင်းက ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေကို ရစေနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကမှာတော့ ကုမ္ပဏီဘုတ်အဖွဲ့အတွင်းမှာ အမျိုးသမီးတွေ နေရာရမှု နည်းပါးနေဆဲဖြစ်ပြီး ကျား၊ မတန်းတူညီမျှမှု ပြဿနာကို အဖြေရှာနေကြဆဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ