Lifestyle: ပထွေးပေါ်ထားတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာ

အိုဟိုင်းအိုးမှာနေထိုင်သူ ဖခင်တစ်ဦးဟာ သူ့ရဲ့ဇနီးနဲ့ကွဲကွာထားသူဖြစ်ပေမယ့် သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတော့ တက်ခဲ့ပြီး သမီးကိုသတို့သားဆီလက်တွဲပို့ဆောင်ပေးသူ ဖခင်အဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ သမီးဖြစ်သူကို လက်တွဲခေါ်နေစဉ်မှာပဲ ပရိသတ်တွေအတွင်းမှာထိုင်နေတဲ့ သူ့ဇနီးဟောင်းရဲ့ လက်ရှိခင်ပွန်းဖြစ်သူ ကို လက်ဆွဲကာ သူ့သမီးကိုဖခင်တစ်ဦးအနေနဲ့ ကိုယ်စားပြုစေခဲ့ပါတယ်။

 

သမီးဖြစ်သူရဲ့ ပထွေးကို ဖခင်အရင်းဖြစ်သူက အခုလို လက်တွဲခေါ်ပြီး မင်္ဂလာပွဲမှာ သတို့သမီးဘေးက ချန်ရံစေခဲ့တာ ဖြစ်ပါတယ်။

play

သာမန်အားဖြင့်တော့ မင်္ဂလာပွဲမှာ သတို့သမီးရဲ့ ဖခင်အရင်းဖြစ်သူကပဲ သတို့သမီးကို လက်တွဲလျှောက်ရတဲ့ အစဉ်အလာရှိပါတယ်။

play

 

မင်္ဂလာဆောင်မှာ သတို့သမီးဟာ ဖခင်နှစ်ဦးနဲ့အတူ ပွဲထွက်ခဲ့ပြီး ပွဲတက်ရောက်လာတဲ့ဧည့်သည်တွေကလည်း သတို့သမီးဖခင်ရင်းရဲ့ လုပ်ရပ်ကြောင့် မျက်ရဲဝဲခဲ့ကြရပါတယ်။ ပထွေးတစ်ဖက်၊ ဖခင်ရင်းတစ်ဖက်လက်တွဲပြီး သတို့သမီးက သတို့သားဆီလျှောက်လှမ်းသွားခွင့်ရခဲ့ပါတယ်။ သတို့သမီးဘရစ္စတနီပက်ရဲ့ ဖခင်ရင်းဖြစ်သူက ရုတ်တရက် သူ့ဇနီးဒုတိယခင်ခင်ပွန်းဖြစ်သူဆီလျှောက်သွားပြီး ငါတို့နဲ့လာတွဲလျှောက်ပေးနိုင်မလားလို့ မေးလိုက်တာဖြစ်ပါတယ်။

play
play

 

ပထမတော့ ဘရစ္စတနီရဲ့ ပထွေးဖြစ်သူက အံ့သြနေခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ လုပ်ရပ်က အားလုံးကို မျက်ရဲဝဲစေခဲ့တဲ့အထိ သဘောထားကြီးခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဓါတ်ပုံစတူဒီယိုက facebook ပေါ်တင်လိုက်ပြီးတဲ့နောက် အတော်လေးလူသိများသွားခဲ့ပါတယ်။ သတို့သမီးဘေးနားက ဖခင်အရင်းနဲ့ ပထွေးတို့ လက်တွဲထားတဲ့ဓါတ်ပုံဟာ အတော်လေးနာမည်ကြီးနေပြီဖြစ်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ