Lifestyle: ဝိတ်လျှော့တဲ့အခါ လုပ်တက်ကြတဲ့ အမှားများ

အစားလျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းစတာတွေ လုပ်နေတာတောင် ဘာလို့ကိုယ်အလေးချိန်မကျသလဲဆိုပြီး ဖြစ်ဖူးကြပါလိမ့်မယ်။ စစ်တမ်းတစ်ရပ်အရတော့ အမေရိန်တွေဟာ တစ်နှစ်ကို လေးကြိမ်ကနေ ငါးကြိမ်လောက် အလေးချိန်လျှော့ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ မှားယွင်းတဲ့လေ့ကျင့်ခန်းတွေ လုပ်မိနေလို့ ကိုယ်အလေးချိန်မကျပဲ တစ်နှစ်ကို လေးခေါက်လောက် အလေးချိန်လျှော့ချဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။

ဝိတ်လျှော့ဖို့ ကြိုးစားနေသူအနေနဲ့ တကယ်ကျမသွားခဲ့ရင် ဘယ်လိုအလွဲတွေလုပ်မိနေပြီလဲဆိုတာ အောက်မှာ ရှင်းပြထားပါတယ်။

၁။ အစားအစာတိုင်းကို ကယ်လိုရီတွက်ချက်နေခြင်း

ဝိတ်လျှော့နေစဉ်အတွင်းမှာ မြင်သမျှ အစားအစာတိုင်းကို ကယ်လိုရီဘယ်လောက်ပါတယ်ဆိုပြီး လိုက်တွက်နေတက်ကြပါတယ်။ ဝိတ်လျှော့တာက ကယ်လိုရီလျှော့ချတာ တစ်မျိုးတည်းလို့ မထင်လိုက်ပါနဲ့။ နောက်တော့လည်း ကိုယ်ရွေးချယ်စားလိုက်တဲ့အစာဟာ ကယ်လိုရီများရင် များနေတက်တာပါပဲ။

သင်ပြုပြင်ရမှာကတော့ ကယ်လိုရီတွေ လိုက်တွက်မနေပါနဲ့။ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အစားစာတွေက သင့်ကို အထောက်အကူပေးပါလိမ့်မယ်။ ၂၀၁၅ မှာ လေ့လာချက်အရ ဒိန်ချဉ်၊ ပင်လယ်စာ၊ အရေခွံမပါတဲ့ ကြက်သားနဲ့ အခွံမာအသီးတွေဟာ သင့်ကိုဝိတ်ကျဖို့အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။

၂။  အစာနည်းနည်းသာ စားခြင်း

ဒါလည်း လွဲနေတဲ့အရာဖြစ်ပါတယ်။ အစားလျှော့တိုင်းလည်း ဝိတ်ကျဖို့ အာမခံချက်မရှိပါဘူး။ သင့်တော်တဲ့ အရာတွေဆိုများများစားဖို့တောင် လိုပါသေးတယ်။ ပရိုတိန်းဓါတ်ပါတဲ့အစာတွေ၊ အမျှင်နဲ့ အရည်ရွှမ်းတဲ့ အသီးအနှံတွေဆို များများသာ စားပါ။ လျှော့စားဖို့ မလိုပါဘူး။

ပြုပြင်ရမယ့်အရာတွေကတော့ ပုံမှန်အတိုင်း တစ်နေ့သုံးကြိမ်တော့ အစာစားပါ။

play

 

၃။ အစာတစ်မျိုးတည်းကို ထပ်ခါထပ်ခါ စားခြင်း

ကယ်လိုရီနည်းမယ်လို့ သင်ယုံကြည်တဲ့အစားအစာတွေကိုပဲ ထပ်ခါထပ်ခါစားနေတာကလည်း မှားယွင်းတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ အဲဒီလိုဆိုရင်လည်း ဝိတ်ကျဖို့ မဖြစ်နိုင်သေးဘူးလို့ သုတေသီတွေက အကြံပေးထားပါတယ်။ အမှန်တော့ ဝိတ်လျှော့နေသည့်တိုင်အောင် စားချင်တာဆို ထိန်းထိန်းသိမ်းသိမ်း စားနိုင်ပါတယ်။

ပြုပြင်ရမှာကတော့ အစာအမျိုးမျိုးစားပေးပါ။ အသီးအနှံဆိုလည်း အစုံသာ စားပေးပါ။ ငါးနဲ့ ပဲတွေလည်း သင်စားလို့ရပါတယ်။

၎။ နေ့စဉ်ပေါင်ချိန်ခြင်း

ဒါလည်း ပြဿနာတစ်ခုပါပဲ။ ဝိတ်လျှော့နေစဉ်မှာ နေ့စဉ်ပေါင်ချိန်စက်ပေါ်တက်ပြီး အလေးချိန်တိုင်းနေခြင်းဟာ သိပ်အလုပ်မဖြစ်ပါဘူး။ ဒီနေရာမှာ အမျိုးသမီးတွေက အမျိုးသားလောက်ကို ပိုပြီးအလုပ်မဖြစ်ပါဘူး။ နေ့စဉ် ကိုယ်အလေးချိန်တိုင်းနေခြင်းဟာ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ဖိအားပိုတိုးစေပါတယ်။

ပြုပြင်ရမှာကတော့ တပတ်တစ်ခါလောက်ပဲ ပေါင်ချိန်စက်ပေါ် တက်ပါ။ ဗုဒ္ဓဟူးနေ့မှာ ပေါင်ချိန်တာ ကောင်းတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ လူတွေက အစာများများ စားတက်ကြတယ်လေ။

၅။ အစားလျှော့တာနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

အစားလည်းလျှော့မယ်၊ လေ့ကျင့်ခန်းလည်း လုပ်မယ်။ နှစ်ခုလုံးက အတူတူပဲ အကျိုးသက်ရောက်မှု ရှိမယ်လို့ ထင်တက်ကြပါတယ်။ တကယ်တော့ အစားကိုသင့်တင့်ညီညွတ်အောင် စားနိုင်ခြင်းက ဝိတ်လျှော့ဖို့ ၈၀ ရာခိုင်နှုန်းအထိအထောက်အကူ ပြုပါတယ်။ လေ့ကျင့်ခန်းကတော့ ၂၀ ရာခိုင်နှုန်းပါ။ အမျိုးသမီးတွေကတော့ နှစ်မျိုးလုံး လုပ်သင့်ပါတယ်။

ပြုပြင်ရမှာကတော့ နှစ်မျိုးလုံးကို ပုံမှန်ဖြေးဖြေးချင်း လုပ်သွားပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ