Lifestyle: သင်မသိသေးတဲ့ လူသားခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်များ

သဘာဝကပေးထားတဲ့ ကျွန်တော်တို့ရဲ့ လူသားခန္ဓာကိုယ်ကြီးဟာ သိပ်ကိုအံ့သြစရာ ကောင်းပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ရဲ့ အလိုအလျှောက် တုန့်ပြန်ပုံတွေက လူသားတွေယနေ့အထိ လေ့လာလို့ မကုန်နိုင် သေးပါဘူး။ ဦးနှောက်၊စိတ်ခံစားမှု ၊ အာရုံစတာတွေရဲ့ လုပ်ဆောင်ပုံတွေဟာ အံ့သြဖို့ ကောင်းကြပါတယ်။

ဒီတော့ ကိုယ့်ရဲ့ခန္ဓကိုယ်ကြီးက ဘာတွေလုပ်နိုင်လဲဆိုတာ သင်သိထားသင့်တဲ့ အချက်တွေကို အောက်မှာ ကြည့်လိုက်ပါဦး။ ဒါတွေကို သင့်ရဲ့ဆရာဝန်တွေ ပြောပြလေ့မရှိပါဘူး။

၁။ သင့်အနေနဲ့ အရမ်းပူတယ်လို့ခံစားနေရတဲ့ အချိန်တွေဆိုရင် သင့်ခန္ဓာကိုယ်ရဲ့အပူဓါတ်က မိနစ် ၃၀ လောက်အတွင်းမှာ ရေဂါလံတစ်ဝက်လောက်ကို ဆူပွက်စေပါတယ်။

play

 

၂။ သင့်နှာခေါင်းက အနံ့ပေါင်း ငါးသောင်းလောက်ကို မှတ်မိနိုင်ပါတယ်။

play

 

၃။ သင့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့သံဓါတ်တွေ အားလုံးပေါင်းလိုက်ရင် သုံးလက်မရှိတဲ့ သံချောင်းတစ်ချောင်းလောက် ထုတ်လို့ရပါတယ်။

play

 

၎။ လက်နဲ့လက်ဗွေဖတ်နိုင်သလိုပဲ လျှာနဲ့လည်း လျှာဗွေဖတ်နိုင်ပါတယ်။

play

 

၅။ မျက်လုံးပြာတဲ့သူတွေဟာ အရက်ပိုသောက်နိုင်သူတွေ ဖြစ်လေ့ရှိပါတယ်။

play

 

၆။ ခန္ဓာကိုယ်မှာ အသန်မာဆုံးကြွက်သားက လျှာမှာရှိပြီး အသန်မာဆုံးအရိုးက အောက်မေးရိုး ဖြစ်ပါတယ်။

play

 

၇။ သင်နိုးလာတဲ့အခါ ဦးနှောက်ပြန်လည်ထုတ်လွှတ်လိုက်တဲ့ လျှပ်စီးဓါတ်အားက မီးသီးတစ်လုံးလောက် ထွန်းလို့ရနိုင်ပါတယ်။

play

 

၈။ ခန္ဓာကိုယ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့အမျိုးပေါင်း ၁၀၀ ကျော်ရှိပါတယ်။

play

 

၉။ ကြားနေရတဲ့ ဂီတသံကိုလိုက်ပြီး သင့်ရဲ့နှလုံးခုန်သံ ပြောင်းလဲသွားလေ့ရှိပါတယ်။

play

 

၁၀။ ပျှမ်းမျှအားဖြင့် အမျိုးသားတစ်ဦးဟာ တစ်နေ့ကို သုတ်ကောင်ရေအသစ် တစ်သန်းလောက် ထုတ်လုပ်လေ့ရှိပါတယ်။

play

 

၁၁။ သင့်ရဲ့နှာခေါင်းနဲ့ နားရွက်ဟာ အမြဲတမ်းကြီးထွားနေတာဖြစ်ပါတယ်။

play

 

၁၂။ ယားတက်သူဖြစ်ပေမယ့်လည်း ကိုယ့်ဘာသာတော့ ယားအောင်ပြန်လုပ်လို့မရပါဘူး။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ