Lifestyle: အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ရလာတဲ့ အကျိုးကျေးဇူးများ

ရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ကြောက်ရွံ့ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေ ဖြစ်တက်ကြပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ မကောင်းတဲ့အရာတွေချည်းပဲ ဖြစ်လာတယ်လို့ ထင်နေတက်ကြပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားပြီးနောက် သင့်အတွက် ကောင်းတဲ့အရာတွေလည်း ရှိနေပါသေးတယ်။ အခုပြောမယ့် အချက်တစ်ချို့ကို သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် အလုပ်လက်မဲ့ဖြစ်သွားချိန်မှာ ဒါတွေကို ပြန်တွေးဖို့ မေ့ချင်မေ့နေပါလိမ့်မယ်။

play

 

၁။ လွတ်လပ်သွားပြီ။

ပထမဆုံးအချက်ကတော့ သင်လွတ်လပ်သွားတာပါပဲ။ သင့်မှာသာ မိသားစုမရှိသေးဘူးဆိုရင် ခရီးတောင် လွတ်လွတ်လပ်လပ် ထွက်ပစ်လိုက်လို့ရပါတယ်။ ဒါမှမဟုတ် ဝါသနာပါရာတစ်ခုခုကို ဇောက်ချလုပ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ် သင့်အတွက် ယာယီအလုပ်လေးတစ်ခုလောက်လည်း လက်ခံထားလို့ရတာပဲလေ။

၂။ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ချိန် ရလာမယ်။

သင့်အကြောင်းသင် ပြန်တွေးဖို့ အချိန်တွေပိုရလာမယ်။ သင်အနာဂတ်အတွက်ဘာလုပ်ရမယ့် ကိုယ့်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ ပိုပြီးတောင်တွေးလာနိုင်ပါဦးမယ်။ သင့်အတွက် အနားယူချိန်လည်း ဖြစ်သလို သင့်ရဲ့စွမ်းရည်ကို ဆန်းစစ်ရမယ့်အချိန်လည်း ဖြစ်တယ်။

၃။ မလုပ်ဖြစ်ခဲ့တာတွေ နေရာချမယ်

သင်က ကောလိပ်ကျောင်းတက်တာ မပြီးသေးသူဆိုရင်လည်းကျောင်းပြန်တက်ဖို့ စဉ်းစားနိုင်ပါတယ်။ ဒါမှမဟုတ် နောက်အလုပ်တစ်ခုအတွက် အစီအစဉ်ပြန်ဆွဲလို့ ရတယ်လေ။ ဒီအချိန်မှာ သင်စိတ်မပါတဲ့ အရာဆိုရင် မလုပ်လေ ကောင်းလေပါပဲ။

၎။ ဆုံးဖြတ်ချက် အရေးတကြီးချစရာ မလိုဘူး။

ဒီနေ့ ဒီအချိန် ဘယ်သွားရမယ်ဆိုတဲ့ အရေးကြီးကိစ္စတွေ သင့်မှာရှိမနေတော့တဲ့ အချိန်ပေါ့။ သင့်အတွက် နောက်ထပ်အလုပ်တစ်ခု၊ ပတ်ဝန်းကျင်တစ်ခုကို အေးအေးဆေးဆေးရှာနိုင်ပါသေးတယ်။ သင့်ရဲ့အနာဂတ် ရည်မှန်းချက်ကိုလည်း အကောင်အထည် စဖော်လို့ ရသေးတယ်။

၅။ အလုပ်လက်မဲ့က သင်တစ်ယောက်တည်းမဟုတ်ပါ

ပညာတက်ဘွဲ့ရ အလုပ်လက်မဲ့ဖြစ်နေတာ သင်တစ်ဦးတည်း မဟုတ်ပါဘူး။ ဒါကိုတွေးပြီး စိတ်ဓါတ်ခွန်အား မွေးနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ အလုပ်လိုက်ရှာနေတဲ့ ဘွဲ့ရပညာတက်တွေ အများကြီးရှိပါတယ်။ သင့်ကိုသင်လည်း အခြားသူတွေနဲ့ နှိုင်းနေတာ ရပ်လိုက်ပါ။ အရွယ်ရောက်လာတဲ့သူတစ်ယောက် ဖြစ်ပေမယ့်လည်း သင်ယူစရာတွေကတော့ နေ့စဉ်နဲ့အမျှ သင့်ပတ်ဝန်းကျင်မှာ ရှိနေဦးမှာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ