Lifestyle: ဇနီးနဲ့သမီးကို စွန့်လွှတ်ပြီး အမျိုးသမီးဘဝခံယူခဲ့သူ

မက်သရူးအက်ဗ်ဒီရန်ဆိုသူအမျိုးသားဟာ သူ့ရဲ့ဗီဇကိုချိုးနှိမ်ပြီး နှစ်ပေါင်း ၃၀ လောက်ကြာအောင် နေခဲ့ပေမယ့် နောက်ဆုံးမှာ ဖုံးကွယ်ဖို့ မကြိုးစားတော့ပဲ ဖွင့်ချလိုက်ပြီဖြစ်ပါတယ်။ မက်သရူးဟာ အလုပ်ကိုင်ကောင်းတစ်ခုရှိခဲ့ပါတယ်။ ချစ်ဖွယ်ကောင်းတဲ့သမီးငယ်နဲ့ ချစ်စဖွယ်ဇနီးတစ်ဦးရှိခဲ့ပေမယ့် ဒါတွေကို သူစွန့်လွှတ်ပြီး သူ့ဗီဇနောက်ကို လိုက်ခဲ့သူဖြစ်ပါတယ်။

play

 

နိုဝင်ဘာ ၂၀၁၂ ခုနှစ်မှာ မက်သရူးဟာ ယောက်ျားတစ်ဦးအဖြစ်ကနေ မိန်းမတစ်ဦးအဖြစ်ကို ကူးပြောင်းဖို့ ခွဲစိပ်မှု များစွာခံယူခဲ့ရပါတယ်။ ယောက်ျားသားဘဝ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ခဲ့တုန်းကတော့ သူဟာ မုတ်ဆိတ်ကျင်ဆွယ်တွေနဲ့ တကယ့်ယောက်ျားရင့်မာကြီးတစ်ဦးလို နေခဲ့သူဖြစ်ပါတယ်။ မိန်းမတစ်ဦး ဘဝကို ကူးပြောင်းဖို့အတွက် အမွှေးအမျှင်တွေဖယ်ရှားတာ၊ ရင်ဘတ်ကြီးအောင်လုပ်တာနဲ့ အလေးချိန် လျှော့ချတာ စတာတွေလုပ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့နာမည်ကိုတောင် ဆိုနာလို့ ပြောင်းလိုက်ပြီ ဖြစ်ပါတယ်။

play

 

သူ့မှာ မိန်းမဖြစ်ချင်တဲ့စိတ် ငယ်စဉ်ကတည်းက ရှိခဲ့တာဖြစ်ပါတယ်။ ငယ်စဉ်တုန်းက သူ့အစ်မဖြစ်သူရဲ့ အဝတ်အစားတွေကို ယူဝတ်လို့ အမေဖြစ်သူ ဆူတာခံခဲ့ရပြီး မိန်းကလေးတစ်ဦးလို နေထိုင်ဖို့ ကြိုးစားခဲ့ပါသေးတယယ်။ ဒါပေမယ့် မိသားစုနဲ့ ပတ်ဝန်းကျင်က လက်မခံခဲ့လို့ သူ့ရဲ့ဗီဇကို ချိုးနှိမ်ပြီး နေခဲ့ရပါတယ်။ အရွယ်ရောက်လာတဲ့အခါ အလုပ်ကိုင်ကောင်းကောင်းရခဲ့သလို သာယာတဲ့မိသားစု ဘဝကိုလည်း ပိုဆိုင်ခဲ့ပေမယ့် မိန်းမတစ်ဦးဖြစ်ချင်တဲ့စိတ်ကတော့ မပျောက်ခဲ့ပါဘူး။ အိမ်ထောင်ကျသွားရင် ဒီစိတ်ပျောက်သွာမယ်လို့ သူထင်ခဲ့ပေမယ့် မပျောက်ခဲ့ပါဘူး။

play

 

ခွဲစိပ်မှုလုပ်ဖို့ မဆုံးဖြတ်ခင်မှာ သူ့ရဲ့ဇနီးသည်လူစီကို အကြောင်းစုံရှင်းပြခဲ့ပါတယ်။ လူစီအသည်းကွဲသွားခဲ့ပေမယ့် သူ့ကိုနားလည်ပေးခဲ့ပြီး သူတို့နှစ်ဦးသဘောတူကွာရှင်းခဲ့ကြပါတယ်။ အခုတော့ အရင်က ယောက်ျားရင့်မာကြီး မက်သရူးဟာ ချောမောလှပတဲ့ လူစီဖြစ်နေပါပြီ။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ