Lifestyle: ချက်ခြင်းဝမ်းသွားချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ

ဝမ်းသွားခြင်းဟာ ကျွန်တော်တို့ခန္ဓကိုယ်ကြီးအတွက် နေ့စဉ်အရေးကြီးလိုအပ်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ မနက်တိုင်းအချိန်မှန် အလေးသွားတက်တဲ့သူရှိသလို အချိန်အတိအကျမရှိပဲ သွားတက်သူတွေလည်း ရှိပါတယ်။ တစ်ခါတစ်ရံ အရေးကြီးတဲ့အလုပ်ကိစ္စနဲ့ ပုံမှန်အလေးသွားသွားနေကြအချိန် တိုက်ဆိုင်တာမျိုး လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒီအချိန်မှာ အလေးကမထွက်သေးပဲ ဖြစ်နေတယ်ဆိုရင် သင့်အတွက် အတော်လေး ဝေခွဲရခက်တဲ့ ပြဿနာကို ကြုံရမှာ ဖြစ်ပါတယ်။

အလေးတကယ်သွားချင်လာတဲ့အချိန်စောင့်ပြီး ချိန်းထားတာကိုပဲ နောက်ကျပြီးမှ သွားရမလား၊ ဒါမှမဟုတ် အလေးမသွားတော့ပဲ ချိန်းထားတဲ့နေရာကိုပဲ သွားရမလားဆိုတာ တကယ့်ပြဿနာပါ။ လမ်းရောက်မှ သွားချင်ပြန်ရင် ပိုတောင်ပြဿနာကြီးလာနိုင်ပါတယ်။ အဲလိုဖြစ်လာတဲ့အခါ သင့်အနေနဲ့ ချက်ခြင်း အလေးသွားချင်လာမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကော်ဖီသောက်လိုက်ပါ။

ကော်ဖီက ဝမ်းချက်ခြင်းသွားဖို့ အကောင်းဆုံးနည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ကော်ဖီက အစာကို ချေဖျက်ပြီး ချက်ခြင်းဝမ်းသွားစေတက်တဲ့ အရာဖြစ်ပါတယ်။ အလျှင်မြန်ဆုံးနည်း အလွယ်ဆုံးဝမ်းသွားဖို့ ကော်ဖီတစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။

play

 

၂။ ကိုယ့်ဘာသာ နှိပ်ကြည့်ပါ။

ဒီနည်းလမ်းလည်း ထိရောက်ပါတယ်။ ကိုယ့်ဗိုက်ကို ပြန်နှိပ်ပေးကြည့်ပါ။ နံရိုးအောက်နဲ့ ဆီးစပ်အပေါ်က နေရာကို ခပ်ဖြေးဖြေးနှိပ်ကြည့်လိုက်ပါ။ တကယ်ဝမ်းသွားဖို့ အချိန်ရောက်နေပြီဆိုရင် ချက်ခြင်းသွားချင်လာပါလိမ့်မယ်။

play

 

၃။ လမ်းလျှောက်ပါ။

ဟိုနားဒီနာ လမ်းလျှောက်ကြည့်လိုက်ပါ။ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ခြင်းဟာလည်း ဝမ်းကိုချက်ခြင်းသွားစေဖို့ အဓိကအချက်ဖြစ်ပါတယ်။

play

 

၎။ ၄၅ ဒီဂရီစောင်းပြီး ရေအိမ်မှာ ထိုင်ချလိုက်ပါ။ အဲဒီလိုထိုင်လိုက်တဲ့အခါ ဝမ်းသွားချင်တာကို ချက်ခြင်း တွန်းအားပေးသလို ဖြစ်သွားစေပါတယ်။ သင့်အတွက် ကိစ္စရှင်းဖို့ အလွယ်တကူလည်း ဖြစ်သွားနိုင်ပါတယ်။

play

 

၅။ အလုပ်မဖြစ်သေးဘူးဆိုရင်တော့ မီးဖိုချောင်ထဲ သွားလိုက်ပါ။ အရည်ရွှမ်းတဲ့ အသီးတွေတော့ သင့်မှာ အမြဲတမ်းဆောင်ထားဖို့လိုပါတယ်။ ခရမ်းချဉ်သီး၊ လိမ္မော်သီး စတာမျိုးတွေပေါ့။ ဒါတွေက သင့်ကို ကျန်းမာရေးလည်း ကောင်းစေတယ်လေ။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ