Lifestyle: အသက်အန္တရာယ်အနီးကပ်ဆုံး အလုပ်များ

play

အမေရိကမှာတော့ ၂၀၁၃ ခုနှစ်က ကောက်ယူထားတဲ့စစ်တမ်းအရ တစ်နှစ်အတွင်း အလုပ်သမားပေါင်း ၄၆၀၀ လောက်လုပ်ငန်းခွင်မှာ သေဆုံးခဲ့ပြီး တစ်ရက်ကို ၁၂ ဦးနှုန်းဖြစ်ပါတယ်။ သင့်လုပ်ငန်းခွင်မှာရော အန္တရာယ်ကင်းပြီလို့ ယူဆပါသလား။ အန္တရာယ်အများဆုံး အလုပ် ၁၀ မျိုးက အောက်ပါအတိုင်းဖြစ်ပါတယ်။


အန္တရာယ်အများဆုံးအလုပ်တွေထဲမှာ လေယာဉ်မှူးအလုပ်လည်း ထိပ်ဆုံးကပါဝင်ပါတယ်။ ကိုယ့်အသက် အန္တရာယ်သာမက ခရီးသည်တွေရဲ့ လုံခြုံမှုအတွက်ပါ တာဝန်ရှိသူတွေဖြစ်ပြီး ရေဓါတ်ခန်းခြောက်မှု၊ သွေးခဲမှု စတဲ့ဝေဒနာတွေကိုလည်း လေယာဉ်မှူးအလုပ်က ဖြစ်တက်စေပါတယ်။ ဒါပေမယ့် ၂၀၁၅ မှာနောက်ဆုံး တွက်ချက်မှုအရတော့ အမှိုက်သိမ်းရတဲ့သူတွေဟာ ကျန်းမာရေးထိခိုက်မှုအဆိုးဝါးဆုံး ခံရတဲ့အလုပ်သမားတွေလို့ ဆိုပါတယ်။ အမှိုက်သိမ်းသူအလုပ်သမားတွေ သေဆုံးမှုဟာ အမေရိကမှာ အန္တရာယ်ကြီးတယ်လို့ ဆိုတဲ့ မီးသတ်သမားနဲ့ ရဲအရာရှိတို့ သေဆုံးမှုထက် လေးဆတောင်ရှိနေပါတယ်။ နောက်ထပ် အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေကတော့ ကျောက်မီးသွေးတွင်းစက်ယန္တယားမောင်းနှင်သူတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားတွေဖြစ်ပါတယ်။ ငါးဖမ်းသူတွေဟာလည်း အသက် အန္တရာယ်နီးစပ်တဲ့ သူတွေဖြစ်နေပါတယ်။ ဒီအလုပ်တွေကတော့ အမေရိကမှာ အန္တရာယ်အကြီးဆုံး၊ အသက်ဆုံးရှုံးနိုင်ချေအရှိဆုံး လုပ်ငန်းခွင်တွေဖြစ်ပါတယ်။ စစ်သားတွေဟာလည်း အသက်အန္တရာယ် ရှိတဲ့အလုပ်ကို လုပ်နေရသူစာရင်းထဲ ထိပ်ပိုင်းက ပါဝင်ကြပါတယ်။

နောက်ထပ်ပါဝင်လာတာကတော့ ကြီးမားတဲ့ထရပ်ကားမောင်းနှင်သူ ကားဆရာတွေဖြစ်ပါတယ်။ သူတို့အလုပ်ဟာလည်း အဝေးပြေးလမ်းမတွေပေါ်မှာ အချိန်ကြာမြင့်စွာမောင်းနှင်ရလို့ အသက် အန္တရာယ် ရှိတဲ့စာရင်းထဲ ပါဝင်ကြပါတယ်။
 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ