Lifestyle: ကမ္ဘာမှာအကောင်းဆုံး စင်္ကာပူက ချန်ဂီလေဆိပ်

စင်္ကာပူရဲ့ချန်ဂီလေဆိပ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အကြီးဆုံးလေဆိပ်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ကမ္ဘာ့အကောင်းဆုံး လေဆိပ်လို့ သတ်မှတ်ရလောက်အောင်လည်း စင်္ကာပူလေဆိပ်ဟာ ပြည့်စုံလွန်းတယ်လို့ ဆိုနိုင်ပါတယ်။

play

 

အကောင်းဆုံးဖြစ်ရတဲ့ အကြောင်းတွေကတော့ စင်္ကာပူလေဆိပ်မှာ လေယာဉ်စောင့်နေရင်း ရုပ်ရှင်အခမဲ့ ကြည့်လို့ရပါတယ်။ ရုပ်ရှင်ရုံက ၃ ရုံတောင်ရှိပါတယ်။ အချိန်ကြာမြင့်စွာလေယာဉ်စီးထားသူတွေအတွက် အကြောဖြေစက်လို့ခေါ်တဲ့ နှိပ်ထိုင်ခုံလည်းရှိပါသေးတယ်။ ဒါလည်း အခမဲ့ပါ။ လေယာဉ်အချိန်ကြာမြင့်စွာ စောင့်စားနေသူတွေအတွက် နောက်ထပ်ထူးခြားတာကတော့ ပန်းခြံတွေရှိနေခြင်းဖြစ်ပါယ်။ ဟုတ်ပါတယ်။ စင်္ကာပူလေဆိပ်ထဲမှာ ပန်းခြံတွေရှိပါတယ်။ နေကြာပန်းခင်းလည်းရှိလို့ လေဆိပ်ထဲ ရောက်နေတယ်ဆိုတာ တောင် တစ်ခါတစ်လေ မေ့သွားနိုင်ပါတယ်။ ရေကူးကန်လည်းရှိပါသေးတယ်။ ငါးစတုရန်မိုင် ကျယ်ဝန်းတဲ့ မြေပေါ်မှာ ဆောက်ထားတာကြောင့် ချန်ဂီလေဆိပ်ဟာ အတော်လေးကြီးမားပါတယ်။

play

 

လေဆိပ်ထဲမှာပဲ အာရှရဲ့ အနုပညာလက်ရာတွေကိုလေ့လာနိုင်မယ့် စင်တာလည်းရှိသလို သိပ္ပံပြတိုက်လည်း ရှိပါသေးတယ်။ ဒါကြောင့် စင်္ကာပူလေဆိပ်ာ တစ်နှစ်ထက်တစ်နှစ်ခရီးသွားတွေ အမြဲတိုးနေပြီး ၂၀၁၄ ခုနှစ်မှာ ခရီးသည် ၅၄ သန်းအဝင်အထွက်ရှိခဲ့ပါတယ်။ လေဆိပ်ကို ညသန်းခေါင်းအချိန် ရောက်လာခဲ့ရင် အခပေး အိပ်စက်လို့ရတဲ့နေရာတွေ လေဆိပ်ထဲမှာပဲ ရှိပါတယ်။ ချန်ဂီလေဆိပ်ဟာ စင်္ကာပူမှာ ဈေးဝယ်ဖို့လည်း အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ