Lifestyle: နေရာဦးပေးတဲ့အလုပ်နဲ့ တစ်ပတ်ဒေါ်လာတစ်ထောင်လောက်ဝင်ငွေရသူ

, updated

နယူးယော့ခ်မြို့မှာနေထိုင်သူအမျိုးသားတစ်ဦးဟာ ကိုယ်စားတန်းစီပေးရတဲ့အလုပ်နဲ့ တစ်ပတ်ကို ဒေါ်လာတစ်ထောင်လောက် ဝင်ငွေရလျှက်ရှိပါတယ်။

 

ကုမ္ပဏီတွေကဖြန့်ဖြူးရောင်းချတဲ့ အသစ်ထုတ်ကုန်တွေစရောင်းမယ့်နေ့တွေ၊ နမူနာပစ္စည်းရောင်းချရာ နေရာတွေနဲ့ ရှိုးပွဲလက်မှတ်တန်းစီတဲ့နေရာတွေမှာ လိုက်လံနေရာဦးပေးတာဖြစ်ပါတယ်။ စနေနေ့လိုညမျိုးအတွက် ဖျော်ဖြေရေးပွဲတွေမှာ သူတို့က နေရာလိုက်ဦးပေးပါတယ်။ အခုဆိုရင်သူက အဖွဲ့ငယ်တစ်ဖွဲ့ တည်ထောင်ထားပြီး လုပ်ငန်းတစ်ခုသဖွယ် အသွင်ကိုဆောင်ယူလာပြီဖြစ်ပါတယ်။ ပထမတစ်နာရီ တန်းစီစောင့်ဆိုင်းခအတွက်သူတို့လုပ်ငန်းက ၂၅ ဒေါ်လာယူပါတယ်။ နောက်ထပ်နာရီဝက်တိုင်း နာရီဝက်တိုင်းအတွက် ဒေါ်လာ ၁၀ ထပ်ယူပါတယ်။ မကြာသေးခင်က Apple စတိုးကရောင်းချခဲ့တဲ့ iPhone 6S အတွက်တန်းစီးပေးခဲ့ရတုန်းက ဒေါ်လာ တစ်ထောင်လောက်ရခဲ့တယ်လို့ သူကပြောပါတယ်။

‘‘ နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ အပြင်မှာပဲစောင့်ရပြီး ဒီနေရာမှာပဲ ကျွန်တော်တို့ အိပ်ရတယ်လေ’’ လို့ သူ့ရဲ့ အလုပ်အတွေ့အကြုံကို ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ