Lifestyle: အာကာသထဲရောက်သွားသလို ခံစားရမယ့်ဟိုတယ်ခန်း

အာကာသထဲမှာ နေထိုင်ရတဲ့အရသာကို ခံစားဖူးချင်သူတွေ များစွာရှိပါလိမ့်မယ်။ တကယ်တော့  အာကာသထဲသွားဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရက်ပေါင်းများစွာ သင်တန်းတက်ရသလို ငွေကုန်ကြေးကျလည်း များလွန်းလှပါတယ်။

play

 

အခုတော့ ကမ္ဘာမြေကိုမစွန့်ခွာပဲ အာကာသရဲ့ အရသာကို ခံစားရမယ့် နေရာတစ်ခု ထွက်ပေါ်လို့ လာပြီဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုက အာကာသအတိုင်း တစ်ပုံစံထဲ ဖြစ်အောင် လုပ်ဆောင်ထားတဲ့ ဟိုတယ်ခန်းတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

play

 

အထဲကိုရောက်သွားတာနဲ့ အာကာသထဲ ရောက်သွားသလို ခံစားရအောင် ပြုလုပ်ထားပါတယ်။ အခန်းထဲမှာ အာကာသထဲကလို မြေဆွဲအား သုညအထိရောက်အောင် ဖန်တီးပေးထားပါတယ်။ အိပ်ယာကိုလည်း လေပေါ် လွင့်မျောနေသလိုဖြစ်အောင် ဖန်တီးထားပါတယ်။ အိပ်ခန်းဒီဇိုင်းကိုလည်း အာကာသအတိုင်း တစ်ပုံစံတည်း ဖန်တီးထားပြီး အာကာသမြင်ကွင်းကိုပါ မြင်ရမှာဖြစ်ပါတယ်။ အာကာသထဲမှာလို အရာဝတ္ထုအပိုင်းအစတွေ လွင့်ပျံနေတာကို မြင်ရမယ့် ကြီးမားတဲ့ဖန်သားပြင်ကြီးလည်းရှိပါတယ်။

play
play

 

ဈေးနှုန်းကတော့ အတော်လေးကြီးမြင့်တဲ့ဈေးနှုန်းဖြစ်နေပါတယ်။ တစ်ညတည်းခိုခ ဒေါ်လာနှစ်ထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေ့ကမ္ဘာမြေကြီးထဲမှာ အာကာသနဲ့တူတဲ့ ဟိုတယ်တစ်ခုဖွင့်လှစ်ခဲ့သလို တစ်နေ့ကျရင် အာကာသထဲမှာ ဟိုတယ်တွေဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲလို့ ဒီအခန်းကိုဒီဇိုင်းရေးဆွဲခဲ့သူ ဂျာမန်ဒီဇိုင်နာက ပြောပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ