Lifestyle: သင့်ကလေးငယ် အနိုင်ကျင့်ခံနေရပြီဆို ဒါတွေသိထားဖို့လို

မိဘဘဝကို ရောက်လာတဲ့အခါ ကိုယ့်ရဲ့ကလေးငယ်တွေအတွက် စိုးရိမ်စရာများစွာရှိတက်ပါတယ်။ အဲဒီထဲကမှ

မိဘအများစု ရင်ဆိုင်တက်ရတဲ့အခြေအနေကတော့ ကိုယ့်ရဲ့ကလေးငယ် ကျောင်းမှာ၊ အနိုင်ကျင့်ခံနေရသလား

ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ရင်သွေး သူငယ်ချင်းတွေကြားထဲမှာ အနိုင်ကျင့်ခံရပြီဆိုတာ သင်သိလာတဲ့ အခါဘာတွေလုပ်ဖို့လိုသလဲဆိုတာ ဒီမှာ ကြည့်ကြည့်လိုက်ပါ။ ဒီအချက်တွေက သင့်ကို အကြံဥာဏ်ပေးနိုင်ပါလိမ့်မယ်။

play

 

၁။ အနိုင်ကျင့်ခံရတာက ဘယ်လိုနာကျင်ခံစားရစေတယ်ဆိုတာ သင်လည်းနားလည်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စကိုမိသားစုအရေးကိစ္စအဖြစ်သင်အသေအချာဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေအတွက် စိတ်ခံစားမှုနဲ့ ဥာဏ်ရည်ဥာဏ်သွေးကို မထိခိုက်စေဖို့ ပြောပြဆွေးနွေးရမှာပါ။ ကလေးငယ်တွေက သူတို့ရလာတဲ့ ဆိုးရွားတဲ့ခံစားချက်ကို မဖော်ပြတက်ပဲ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ သင်က ရှေ့ပြေးစဉ်းစားတက်ဖို့ လိုပါတယ်။

play


၂။ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာလည်း သင့်ရဲ့ကလေးငယ်ကို သင်ပြပေးရပါမယ်။ အရှက်တရားရစေတာက ကျွန်တော်တို့ကို လူတောမတိုးခြင်း ဖြစ်သွားစေတက်ပါတယ်။ အခြားသူတွေ ဘယ်လိုခံစားရမယ်ဆိုတာ နားလည်သဘောပေါက်ခဲ့မယ်ဆိုရင် သာယာတဲ့ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်တို့အားလုံး ဖန်တီးနိုင်စွမ်း ရှိကြပါတယ်။ ကလေးငယ်တွေဟာ ကောင်းကောင်းတုန့်ပြန်နိုင်စွမ်းရှိသူတွေပါ။ နည်းလမ်းမှန်ကိုသိအောင် ပြောပြပေးဖို့က ကိုယ့်တာဝန်ဖြစ်ပါတယ်။

၃။ သင့်ကလေးငယ်က တပါးသူအနိုင်ကျင့်ခံရတဲ့ကိစ္စကို မြင်လိုက်သူဆိုရင် သက်သေအဖြစ်လိုက်ပေးဖို့ ပြောပြပါ။ သူရဲကောင်းလုပ်ဖို့တော့ မလိုပါဘူး။ ဒီလိုလုပ်လို့ အခြားသူငယ်ချင်တွေး အမြင်မကြည်မှာ စိုးစရာ မလိုပါဘူး။ သူတပါးကို အနိုင်ကျင့်တက်သူတွေနဲ့ သူငယ်ချင်းမဖြစ်တာ ပိုတောင်ကောင်းပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ