AD
AD
AD

အလုပ်ကပြန် ညဘက်ရောက်တဲ့အခါ ဝိုင်နီတစ်ခွက်လောက်သောက်ပြီး မျက်လုံကလေး မှိတ်ထားရတဲ့ အရသာကို လူတိုင်းကြိုက်ကြမှာ ဖြစ်ပါတယ်။ အခုတော့ သုတေသီတွေက ကျွန်တော်တို့ကို ဝိုင်နီတစ်ခွက်တော့ သောက်ဖြစ်အောင် တွန်းအားပေးလိုက်ပြန်ပါပြီ။

မကြာသေးခင်က မိသားစုကျန်းမာရေးအစီအစဉ်ချပေးသူအဖွဲ့ FPHO ရဲ့လေ့လာမှုအရ ဝိုင်နီသောက်ခြင်းဟာ သွေးထဲက အချိုဓါတ်ကိုဖယ်ထုတ်ပေးတဲ့အပြင် အသည်းအဆီဖုံးခြင်းကိုပါ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

play

 

အမျိုးသမီးပေါင်း ၂၀၀၀၀ ကျော်ကို ၁၃ နှစ်ကြာလေ့လာခဲ့တဲ့ရလဒ်အရ တိုက်ရိုက်အားဖြင့်ဆိုရင် ဝိုင်နီဟာ သွယ်လျပိန်ပါးစေတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ဝိုင်နီနှစ်ခွက်သောက်ခိုင်းတဲ့ အမျိုးသမီးတွေထဲမှာ အဝလွန်သူ မရှိဘူးလို့ ဆိုပါတယ်။ အခြားအတည်ပြုရမယ့်အချက်တွေ ရှိနေသေးမယ့် ဝိုင်နီဟာ သင့်ကို အဝလွန်ခြင်းမှ ကာကွယ်ပေးတယ်ဆိုတာတော့ သေချာနေပါပြီ။ ဝိုင်နီသောက်ခြင်းအားဖြင့် သင့်ကို အဝလွန်ခြင်းမှ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD