Lifestyle: သင့်မိသားစုကို စိတ်ပျက်အောင်လုပ်မိနေပြီလား

အပေါင်းအသင်းတွေနဲ့ အပြင်မှာသောက်စားပြီး အိမ်ပြန်နောက်ကျတာ နောက်ဆုံးဘယ်နေ့ကလဲဆိုတာ သင်တွေးကြည့်လိုက်ပါ။ တစ်ခါတစ်ရံမှ သင့်ရဲ့လွတ်လပ်စာနေထိုင်ပြုမူပုံတွေဟာ သင့်မိသားစုကို မျက်ရည်ကျရလောက်အောင် စိတ်ညစ်စေတယ်ဆိုတာ သင်သတိထားမိမယ်ထင်ပါတယ်။ အရက်သောက်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကိုလည်း နှေးကွေးလေးလံစေပါတယ်။

အောက်မှာပြောပြမယ့်အချက်တွေထဲက သင်လုပ်မိနေတဲ့ အချက်တွေပါနေပြီဆိုရင်တော့ သင်ဟာ မိသားစုကို စိတ်ညစ်စေသူဖြစ်ဖို့များနေပါပြီ။ အမြန်ဆုံးပြင်ဆင်သင့်ပါတယ်။

play

 

၁။ သင့်မိသားစုက သင်အပြင်ထွက်လွန်းလို့ သူတို့နဲ့ အချိန်မပေးဘူးဆိုပြီး ပြောနေပြီလား။ ဒါဆိုရင်တော့ မြန်မြန်သာပြင်လိုက်ပါတော့။ ဘားမှာအချိန်ကုန်တာ၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်တာ များနေပြီလို့ မှတ်လိုက်ပါ။

၂။ မိသားစုကို ပေးထားတဲ့ ကတိတွေပျက်တာ များနေပြီလား။ ဒါဆိုရင်လည်း အမြန်ဆုံးပြင်သင့်ပါတယ်။ သင်အရက်သောက်တာများနေလို့ မှတ်ဥာဏ်တွေသိပ်မကောင်းတော့တာ ဖြစ်ပါလိမ့်မယ်။

၃။ သင့်သူငယ်ချင်းတွေကို အိမ်မှာခေါ်ထားမိလား။ သင့်အတွက်တော့ သူငယ်ချင်းဖြစ်ပေမယ့် မိသားစုအတွက်တော့ သူငယ်ချင်းမဟုတ်ပါဘူး။ သင့်သူငယ်ချင်း အိမ်မှာရှိတာက သင့်မိသားစုကို အနှောက်အယှက်ဖြစ်စေပါတယ်။

၎။ သင့်ရဲ့ချစ်သူက အထီးကျန်နေပြီလား။ သင့်ရဲ့အပြင်မှာ အချိန်ဖြုန်းမှုတွေကြောင့် သင့်ရဲ့လက်တွဲဖော် အထီးကျန်နေပြီလားဆိုတာလည်း ပြန်တွေးကြည့်ပါဦး။

၅။ သင့်အိမ်သူရဲ့ ကျန်းမာရေးအခြေအနေကို သိရဲ့လား။ ဒါကိုသင်မသိဘူးဆိုရင်တော့ သင့်မိသားစုကို ပြန်ဂရုစိုက်ဖို့ လိုနေပါပြီ။ သူပိန်သွားလား၊ နေမကောင်းခဏခဏဖြစ်နေလား သင်ဂရုစိုက်ဖို့ လိုပါတယ်။

၆။ သင့်ကလေးတွေက သင့်ကိုရှောင်နေပြီလား။ ဒါလုံးဝကောင်းတဲ့အချက်မဟုတ်ပါဘူး။ သင်သောက်တာ စားတာလျှော့သင့်ပါပြီ။

၇။ သင့်ကလေးငယ်ရဲ့ ပညာရေးအခြေအနေ တိုးတက်မှုရှိရဲ့လား။ မရှိဘူးဆိုရင်တော့ သင့်မှာ တာဝန်အပြည့်အဝရှိနေပါပြီ။

၈။ သင့်အိမ်ရဲ့ ဘဏ္ဍာရေးအခြေအနေဘယ်လိုရှိသလဲ။ ဒါလည်း သင်အမြဲသတိထားရေမယ့် အချက်ဖြစ်ပါတယ်။

ဒီအချက်တွေထဲက တစ်ခုခုနဲ့များ ညှိနေပြီဆိုရင်တော့ အမြန်ဆုံးသာ ပြုပြင်လိုက်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ