Lifestyle: လေ့ကျင့်ခန်းလုပ်ခြင်းမှ ရသည့်အကျိုးကျေးဇူး ၉ ချက်

ကိုယ်ကာယလေ့ကျင့်ဆိုတာ နေ့စဉ်အခက်အခဲတွေဖြေရှင်းနေရတဲ့ ကျွန်တော်တို့အားလုံးတွက် အရေးကြီးပါတယ်။ စိတ်နဲ့ခန္ဓာကျန်းမာစေဖို့ လေ့ကျင့်ခန်းဟာ မဖြစ်မနေလိုအပ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတာနဲ့ သင်ချက်ခြင်းရလာမယ့် အကျိုးကျေးဇူး ၉ ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

play

 

၁။ စိတ်ခံစားမှု ကောင်းလာခြင်း

လေ့ကျင့်ခန်း လုပ်ပြီးသားရင် နေလို့ပိုကောင်းလာတက်သလို စိတ်လည်းရွှင်လာပါတယ်။ သင့်ဦးနှောက်ကို တိုက်ရိုက်အကျိုးသက်ရောက်တဲ့အတွက် သင်ပိုပျော်လာပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်းလုပ်တာက လူကိုပင်ပန်းစေတယ်လို့ တစ်ချို့ထင်ကြပါတယ်။ အမှန်တော့လေ့ကျင့်ခန်း လုပ်တာက သင့်ရဲ့စွမ်းအင်ကိုပိုတက်လာစေပါတယ်။ သင်ပိုပြီးခွန်အားနဲ့ ပြည့်စုံလာစေပါတယ်။

၃။ ညဘက်ပိုအိပ်လို့ ကောင်းစေပါတယ်။ အရင်က ညဘက်အိပ်မပျော်တာတွေ ရှိကောင်းရှိခဲ့မယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ရတဲ့အတွက် မနက်နိုးရင် လန်းစေနေမယ်လေ။

၎။ ယုံကြည်မှုလည်း ပိုရှိလာနိုင်တယ်။ သင့်ကိုယ်သင် ယုံကြည်မှု အပြည့်ရှိလာမယ်။ လေ့ကျင့်ခန်းက ဗီတာမင် D ကိုဖြည့်စွမ်းပေးပါတယ်။

၅။ စိုးရိမ်မှုတွေကိုလည်း လျှော့ချပေးပါတယ်။ နေ့စဉ်လုပ်ငန်းခွင်မှာ ကျောင်းမှာ အိမ်မှာ ကြုံခဲ့ရတဲ့ စိုးရိမ်သောကတွေကိုပြေလျော့စေပါတယ်။ အဲဒီအားသာချက်ကတော့ လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၂၀ လောက်နေရင် သိသာလာတပါပဲ။

၆။ မှတ်ဥာဏ်ပိုကောင်းစေတယ်။ စာမေးပွဲဒါမှမဟုတ် အရေးကြီးတဲ့ အစည်းအဝေး သင်လုပ်ဖို့ ရှိနေပါသလား။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းလေး တစ်ရက်နှစ်ရက်လောက် သွားလုပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။ အချက်အလက်တွေကို မှတ်မိဖို့ အကျိုးပြုပါလိမ့်မယ်။

၇။ ဖန်တီးနိုင်မှု စွမ်းရည်ကောင်းလာမယ်။ ဖြစ်နိုင်ပါ့မလားလို့ မေးကောင်းမေးပါလိမ့်မယ်။ သင့်ရဲ့စဉ်းစားနိုင်မှု စွမ်းရည်ကို ပိုပြီးလွတ်လွတ်လပ်လပ်ဖြစ်လာစေပါတယ်။ ဖန်တီမှုစွမ်းရည်ကိုလည်း ပိုအားကောင်းလာစေပါတယ်။ သင်လေ့ကျင့်ခန်းလုပ်ပြီး ၂ နာရီလောက်နေရင် အဲဒီအချက်က သိသာလာပါတယ်။

၈။ စိတ်ဓါတ်ကျခြင်းကို ကာကွယ်ပေးပြန်ပါတယ်။ လေ့လာချက်တွေအရတော့ အသက် ၂၅ နဲ့ ၄၅ နှစ်ကြားလူတွေကို  စိတ်ဓါတ်ကျခြင်းကနေ  လေ့ကျင့်ခန်းလုပ်တာက ကာကွယ်ပေးပါတယ်။

၉။ ကျန်းမာကို အထောက်အကူပြုပါတယ်။ ဒါကတော့ သေချာတဲ့အရာဖြစ်ပါတယ်။ သင့်ရဲ့ကျန်းမာရေး ပိုကောင်းလာမှာ သေချာပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ