Lifestyle: ချစ်သူသစ်ထားဖို့ စဉ်းစားနေရင် ဒီအချက်တွေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ

မိုးအကုန် ဆောင်းအကူး ကာလ။ သင်ဟာတစ်ယောက်တည်းသမား ဖြစ်နေသေးတယ်ဆိုရင်ချစ်သူသစ် တစ်ယောက်လောက်ရှာဖို့ အချိန်ကောင်းလည်း ဖြစ်ပါတယ်။ ဆိုပါစို့။ သင်က အချစ်သစ်ရှာဖို့ အသင့်ဖြစ်နေတဲ့ သူတစ်ယောက်ဆိုရင် ဒီမေးခွန်းလေးတွေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ ဒါမှ အချစ်သစ်ရှာတဲ့နေရာမှာ အဆင်ပြေပါလိမ့်မယ်။

၁။ သင်လိုအပ်တာ ဘယ်လိုလူမျိုးလဲ

ဒါဟာ သိပ်ကို အရေးပါတဲ့ မေးခွန်းဖြစ်ပါယ်။ သင်ဟာ လက်တွဲဖော်တစ်ယောက်ရရင်ပြီးရော ဆိုပြီးရှာနေမယ့်သူမျိုးမဟုတ်ပါဘူး။ ကိုယ့်အတွက် လိုအပ်တဲ့ သူမျိုးကို ရှာဖွေရမှာဖြစ်ပါတယ်။ သင်နဲ့အတူ အမြဲရှိနေနိုင်မယ့်သူမျိုးကို ရှာဖွေလို့ လိုပါတယ်။ သင်လိုအပ်တဲ့သူမျိုး တကယ်မဟုတ်ဘူးဆိုရင် ရေပြင်ကို ဓါးနဲ့ပိုင်းနေသလို အကျိုးမရှိပဲ ဖြစ်နေပါလိမ့်မယ်။ သင့်လက်တွဲဖော်ကစစ်မှန်ရဲ့သားနဲ့ သင်က သူလိုအပ်တာမျိုး မဟုတ်ခဲ့ရင်လည်း ဆက်ဆံရေးဟာ တည်မြဲဖို့ ခက်ပါလိမ့်မယ်။

play

 

၂။ တကယ်ကောင်းတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပါ့မလား

ကျွန်တော်တို့မျက်လုံးတွေက အစာအိမ်တွေထက် ပိုပြီးဆာလောင်ကြပါတယ်။ ဆိုလိုတာက မျက်လုံးကိုဦးစားပေး လွန်းတဲ့အတွက် လွဲမှားမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အားလုံးကတော့ သာယာတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ပေမယ့် အဲလိုလုပ်နိုင်တဲ့သူကတော့ နည်းပါတယ်။

၃။ ယုံကြည်ရတဲ့ ဆက်ဆံရေးဖြစ်ပါ့မလား။

တစ်ချို့တွေက ကိုယ့်ကိုကိုယ် အကောင်းမမြင်တဲ့သူတွေ ရှိတယ်။ ကိုယ်ဟာ ကောင်းတဲ့လူတစ်ယောက် ဖြစ်တယ်ဆိုတာကို အရင်တွေးထားဖို့လိုပါတယ်။ တွေးပြီးလိုက်နာကျင့်သုံးတက်ရင်တော့ ပိုလို့တောင် ကောင်းပါသေးတယ်။ ဒါကြောင့်ပဲ လက်တွဲဖော်က ကိုယ့်အပေါ် အမြဲတမ်းကောင်းမှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးဝင်လာတက်တယ်။ သင့်ကိုယ်သင်မှ ဒီလိုယုံကြည်မှုမထားရင် ကျန်းမာရေးမကောင်းတဲ့ ဆက်ဆံရေးတစ်ခုကိုပဲ သင်ရနေပါလိမ့်မယ်။

၎။  ခိုင်မာတဲ့ အကြောင်းပြချက်ရှိပြီလား။

လက်တွဲဖော်ရှာကြတဲ့အခါ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တိကျတဲ့ဆင်ခြေက တစ်ယောက်ဆီမှာ တစ်ခုထက်ပိုမရှိတက်ပါဘူး။ ရှာတွေ့တဲ့သင်က သင့်အိပ်မက်ထဲက မင်းသားလေးလိုမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒါပေမယ့် သင်ရှာနေပုံစံနဲ့ နီးစပ်သူတော့ ဖြစ်နိုင်ပါတယ်လို့ တွေးထားပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ