Lifestyle: လူငယ်တွေအောင်မြင်ဖို့ နည်းပညာက ကူညီပေးနေတဲ့ ၄ ချက်

နည်းပညာခေတ်ထဲမှာ ကြီးပြင်းလာတဲ့ယနေ့ခေတ်လူငယ်တွေအတွက် အားသာချက်ဟာလည်း နည်းပညာကို သိရှိနားလည်းရင်ဘောင်တန်းနိုင်ခြင်းဖြစ်ပါတယ်။ နည်းပညာကြောင့်ယနေ့ခေတ်လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ချောမွေ့ပြေပြစ်လာတာလည်း ငြင်းလို့မရပြန်ပါဘူး။

ခေတ်လူငယ်တွေ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ကြတဲ့အခါ နည်းပညာကြောင့် သူတို့ရထားတဲ့ အားသာချက်တွေ ရှိနေပါတယ်။ အောက်မှာ ကြည့်ရှုလိုက်ပါဦး။

play

 

၁။ ကိုယ်ဘယ်သူလဲဆိုတာ သူတို့ကြိုသိနေတက်ကြပါတယ်။ ကိုယ့်ရဲ့ Personality ဘယ်လောက်ကောင်းလဲ ဆိုတာ သူတို့သိကြပြီးသားပါ။ ဒါဟာဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ အရေးကြီးတဲ့ အရာဖြစ်ပါတယ်။

ဖိအားတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ကိုယ်ပျော်တဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဘယ်လိုဖန်တီးရှာဖွေမလဲ စတာတွေက အရေးကြီးပါတယ်။ သင့်ရဲ့ဝါသနာအလိုက်ဘယ်လိုအလုပ်အကိုင်က ကောင်းသလဲ စတာတွေကို သင်ဆန်းစစ်ဖို့ နည်းပညာအကူအညီအများကြီးယူလို့ရပါတယ်။ သင့်ကိုအကဲဖြတ်ပေးမယ့် ဝက်ဆိုက်တေ အွန်လိုင်းမှာ အများကြီးရှိပါတယ်။

၂။ သင်ဝင်ရောက်မယ့် လုပ်ငန်းခွင်အကြောင်းကို ကြိုပြီးထဲထဲဝင်ဝင်လေ့လာထားနိုင်ပါတယ်။ ယနေ့ခေတ် အင်တာနက်ပေါ်မှာ ဘာမဆိုရနိုင်ပါတယ်။ အောင်မြင်ဖို့အတွက် အတွေ့အကြုံတွေ ဗဟုသုတတွေကို ရှာမှီးထားနိုင်ပါသေးတယ်။ လူတွေဆီက တဆင့်စကားလောက်နဲ့ပဲ သင်ကျေနပ်စရာမလိုတော့ပါဘူး။

၃။ လူမှုကွန်ယက်တွေပေါများလှတဲ့ခေတ်မှာ သင့်အတွက် မိတ်ဆွေသစ်၊ ပတ်ဝန်းကျင်သစရှာဖို့ မခက်လှပါဘူး။ ဒီကတဆင့်လည်း သင်အလုပ်ရှာနိုင်တာပဲလေ။ ဝန်ထမ်းခန့်တဲ့ မန်နေဂျာတွေနဲ့လည်း သင်အပြန်အလှန် သိကျွမ်းခွင့်ရှိနိုင်ငတယ်။ Facebook၊ LinkIn စတာတွေမှာ ပါဝင်လှုပ်ရှားခြင်းအားဖြင့်သင့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းဟာ ပိုပွင့်လာပါလမ့်မယ်။

၎။ သင့်ရဲ့ပရော်ဖက်ရှင်နယ်ဘဝကိုစတဲ့အခါ သင်ကဘယ်လောက်တန်ဖိုးရှိတဲ့ လူသားလဲ ဆိုတာကိုလည်း အကြမ်းဖျဉ်းအကဲခပ်ခွင့်ရှိမယ်။ ဆိုလိုတာက သင့်ရဲ့အရည်အသွေး၊ အတွေ့အကြုံဘယ်လောက်ရှိလဲဆိုတာပေါ် မူတည်ပြီး အလုပ်ရှာတဲ့ app တွေက သင့်ကိုကူညီနိုင်မယ်။ သင့်ရဲ့ခန့်မှန်းလစာကိုယ်တောင်မှ ရှာဖွေကြည့်နိုင်သေးတယ်။

ဒါတွေဟာ ယနေ့ခေတ်နည်းပညာက လူငယ်ဝန်ထမ်းတွေကို ကူညီပေးနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ