Lifestyle: အသက် ၃၀ အပြည့်ခင်အောင်မြင်ဖို့ ဒါတွေဆောင်

, updated

အသက်ဝန်းကျင် အရွယ်ဆိုတာ ကျွန်တော်တို့အားလုံးအတွက် စူးစမ်းရှာဖွေရတဲ့ အရွယ်ဖြစ်ပါတယ်။ ဘာလုပ်ချင်တာ၊ ဘာဖြစ်ချင်တာ၊ စတဲ့ရည်မှန်းချက်တွေနဲ့အတူ အမှား၊အမှန်တွေကို ခွဲခြားစိတ်ဖြာဖို့ သင်ယူနေရတဲ့ အရွယ်ဖြစ်တက်ပါတယ်။

အောင်မြင်ဖို့ကြိုးစားနေသူတွေအတွက် စွန့်ဦးတီထွင်စီးပွားရေးသမားတွေရဲ့ အကြံပေးချက်တွေ၊ လေ့ကျင့်ရေးကျောင်းက သင်ကြားပို့ချမှုတွေစသဖြင့် လူငယ်တွေမှာ ရှိနေတက်ကြပါတယ်။ အသက် ၃၀ အရွယ်မရောက်ခင်အောင်မြင်သူတစ်ယောက် ခေါင်းဆောင်တစ်ဦးဖြစ်ချင်တယ်ဆိုရင်တော့ အောက်မှာ ပြောပြမယ့် အချက်တွေကို လိုက်နာကြည့်ပါ။

play

 

ကျရှုံးမှုထဲက သင်ခန်းစာရှာပါ။

သင့်အနေ့နဲ့ ဘယ်လောက်တော်သူဖြစ်စေ၊ ဘယ်လောက်ချမ်းသာပြည့်စုံသူဖြစ်စေ အမှားတော့ လုပ်မိတဲ့ အခါ၊ ကျရှုံးမှုဖြစ်တဲ့အခါ ရှိတက်တာပါပဲ။ မမျှော်လင့်တဲ့စိန်ခေါ်မှုနဲ့ မျှတမှု မရှိတဲ့အခက်အခဲတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲရှိတက်တယ်လေ။ သင့်ရဲ့မောင်းနှင်မှုအပေါ်မူတည်ပြီး ဘဝဟာ ရုပ်လုံးပေါ်လာတယ်ဆိုတာ မမေ့ပါနဲ့။ သင့်ဘဝကိုသင်အမြဲထိန်းချုပ်နေရတာပါ။ ရှုံးနိမ့်မှုတွေ တွေ့လာခဲ့ရင် ရှောင်ဖို့မကြိုးစားပါနဲ့။ ရင်ဆိုင်လိုက်ပါ။ အဲဒီထဲက သင်ခန်းစာယူပြီး ရှေ့ဆက်ပါ။

 

စွန့်စားပါ

သတိမရှိပဲ စွန့်စားမှုလုပ်တယ်ဆိုရင်တော့ သင့်အတွက် အဆိုးတွေသာ ရောက်လာဖို့များပါတယ်။ တစ်ဖက်ကလည်း ဖြစ်နိုင်ချေကို တွက်ဆထားဖို့လိုပါတယ်။ ဒီအတွက် လေ့ကျင့်ခန်းတွေကတော့-

  • စာရွက်တစ်ရွက်မှာ သုံးကော်လံခွဲလိုက်ပါ။
  • ပထမတစ်ကော်လံမှာ သင်လုပ်ချင်တဲ့နည်းလမ်းတွေထဲက အန္တရာယ်ရှိပြီး အမှားဖြစ်လာနိုင်တာတွေ ချရေးကြည့်ပါ။
  • ဒုတိယကော်လံမှာ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကိုရွေးလိုက်ပါ။
  • တတိယကော်လံမှာ သင်ရွေးတဲ့နည်းလမ်းထဲက အမှားဖြစ်လာရင် ဘယ်လိုပြန်ကုစားမလဲ ဆိုတာကို တွေးထားတဲ့အကြံအစည်ချရေးပါ

အဆက်မပြတ်လေ့လာပါ

အချိန်ကို အကျိုးရှိရှိသုံးဖို့တော့လိုပါတယ်။ ချိန်သားကိုက်လေ့လာသင်ယူမှုတွေဟာ သင့်ကိုအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ပိုပြီးတွန်းအားပေးမှာ ဖြစ်ပါတယ်။ စွဲစွဲမြဲမြဲ လေ့လာတက်တဲ့အကျင့် လိုအပ်တယ်ဆိုရင်လည်း ဖြစ်အောင်လုပ်ယူလိုက်ပါ။

 

သင့်ကိုတိုးတက်စေမယ့်သူတွေနဲ့ ပေါင်းသင်းပါ

သင့်ကိုတိုးတက်ဖြစ်ထွန်းစေမယ့် လူငါးယောက်လောက် သင့်ဘေးမှာ ပေါင်းသင်းလို့ရနေပြီဆိုရင် သင်ဟာ ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားတာနဲ့အတူတူပါပဲ။ သူတို့နဲ့ အားသာချက်အားနည်းချက်တွေကွာခြားချက်ကို လေ့လာပါ။

အရေးပါတဲ့ ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင်နေပါ။

မြင်မြင်သမျှလူတိုင်းကို လိပ်စာကတ်တွေလိုက်တောင်းပြီး ပေါင်းသင်းခိုင်းတာမျိုး မဟုတ်ပါဘူး။ သင့်အတွက် သင်ယူစရာ အခွင့်အလမ်းတစ်ခုခုရှိနိုင်တဲ့ အသိုင်းအဝိုင်းထဲမှာ နေပါလို့ ပြောတာဖြစ်ပါတယ်။ အချိန်ရအောင် လုပ်ယူပြီး ဒီအသိုင်းအဝိုင်းထဲက မိတ်ဆွေတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။ ဒါဟာ သင့်အတွက် ရည်ရှည်အကျိုးရှိနိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ သင့်မှာ ဘာတွေလိုအပ်ချို့တဲ့နေလဲဆိုတာ သိလာပါလိမ့်မယ်။

ကျန်းမာရေး ဂရုစိုက်ပါ။

ဒါသိပ်ကို အရေးကြီးပါတယ်။ အစားအသောက်မမှန်တာ၊ အရက်တွေအသောက်များတာဟာ ရှိရင်းစွဲ အသက်ထက် သင့်ကိုပိုပြီးအိုမင်းစေပါတယ်။ လေ့ကျင့်ခန်းအတွက်လည်း အချိန်တော့ နည်းနည်းပေးလိုက်ပါ။

စိတ်ပါတာကို လုပ်ပါ

သင်ရွေးချယ်တဲ့အလုပ်ဟာ သင့်နှစ်သက်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်ဆိုတာ ကိုယ်ဝါသနာပါတာကို လုပ်နေရခြင်းဖြစ်တယ်လို့ Apple စီအီးအိုဟောင်း စတိဗ်ဂျော့စ်က ပြောဖူးပါတယ်။ အလုပ်တွေ လုပ်ရင်းနဲ့ ဘာကိုချစ်မြတ်နိုးလဲဆိုတာ သင်ကိုယ်တိုင်သိလာအောင် ကြိုးစားပါလို့ သူက ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ