Lifestyle: ယနေ့ ဆယ်ကျော်သက်တွေရဲ့ အချစ်ရေးမှာ နည်းပညာက အဓိကဖြစ်နေ

အမေရိကမှာ ပြုလုပ်တဲ့လေ့လာဆန်းစစ်ချက်အရ ယနေ့ခေတ် ဆယ်ကျော်သက်တွေရဲ့ အချစ်ရေး အစအဆုံးမှာ နည်းပညာပစ္စည်းတွေက ပါဝင်ပတ်သတ်လျှက်ရှိတယ်လို့ဆိုပါတယ်။ နည်းပညာသုံး စမတ်ဖုန်းတွေ၊ လက်ပ်တော့၊ iPad စတာတွေကြောင့် တစ်ဦးနဲ့တစ်ဦး ပိုပြီးရင်းနှီးလာကြသလို နောက်ဆုံးမှာလည်း ဒီနည်းပညာပစ္စည်းတွေကြောင့်ပဲ အသည်းကွဲရတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

play

 

Pew သုတေသနဌာနက အမေရိကန်ဆယ်ကျော်သက် ၁၀၆၀ ဦးကိုလေ့လာခဲ့ရာက ဒီအဖြေထွက်လာတာဖြစ်ပါတယ်။ နည်းပညာပစ္စည်းတွေဟာ ယနေ့ဆယ်ကျော်သက်တွေရဲ့ အချစ်ရေးမှာ အဓိကပါဝင်တဲ့အရာတွေ ဖြစ်နေပါတယ်။ ‘‘ ဒစ်ဂျစ်တယ်ပစ္စည်းတွေဟာ ယနေ့လူတွေအပေါ် တအားကို လွှမ်းမိုးမှုရှိနေပါတယ်’’ လို့သုတေသနဌာနက ခေါင်းဆောင်အမန်ဒါလန်းဟာ့တ်က ပြောပါတယ်။

play

 

ဒီနည်းပညာပစ္စည်းတွေကပဲ လူငယ်တွေအတွက်မနာလိုစိတ်တွေခေါ်ဆောင်လာပြီး အတွေးမှားတွေဆီ တွန်းပို့လေ့ရှိနေပါတယ်။ လေ့လာမှုအရ တွေ့ခဲ့တဲ့ အရာတွေကတော့။

  • ၃၅ ရာခိုင်နှုန်းက လက်ရှိတွဲနေတဲ့ ရည်းစားရှိတဲ့လို့ဆိုပြီး ၅၉ ရာခိုင်နှုန်းက တော့ နည်းပညာပစ္စည်းတွေကဟာ ချစ်သူချင်းပိုနီးစပ်အောင် စွမ်းဆောင်ပေးတယ်လို့ ဆိုပါတယ်။
  • လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေက ချစ်သူချင်းပိုနီးစေတယ်လို့ အမျိုးသား ၆၅ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၅၂ ရာခိုင်နှုန်းက ဖြေဆိုကြပါတယ်။
  • ၂၇ ရာခိုင်နှုန်းကတော့ လူမှုကွန်ယက်တွေဟာ သူတို့ကိုမနာလိုစေခြင်းနဲ့ ချစ်သူရည်စား ဆက်ဆံရေးမှာ အဆင်မပြေမှု ဖြစ်စေတယ်လို့ ဆိုကြပါတယ်
  • ဖြေဆိုသူ ၄၇ ရာခိုင်နှုန်းက လူမှုကွန်ယက်မှာ Like နဲ့ comments စည်စည်ကားကား ရှိသူတွေကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။
  • လူငယ်စုံတွဲတွေရဲ့ ၁၁ ရာခိုင်နှုန်းက တစ်ယောက်ရဲ့ accounts ကိုတစ်ယောက်ဖွင့်နိုင်ပါတယ်။

အွန်လိုင်းမှာပဲတွေ့ အွန်လိုင်းမှာပဲ ချစ်သူရည်းစားဖြစ်သွားကြတဲ့သူတွေလည်း ၄၈ ရာခိုင်နှုန်းလောက်အထိ ရှိနေတာတွေ့ရပြန်ပါတယ်။

၁၅  ရာခိုင်နှုန်းသော လူငယ်တွေကတော့ သူတို့ရဲ့ချစ်သူ လူမှုကွန်ယက်သုံးနေခြင်းဟာသူတို့အတွက် စိုးရိမ်စရာ ဖြစ်စေတယ်လို့ ဝန်ခံကြပြီး လိင်မှုကိစ္စတွေနဲ့ ကင်းကွာလာစေတယ်လို့ ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ