Lifestyle: ခန္ဓာကိုယ်သေးသူအမျိုးသားများ လိင်မှုကိစ္စတွင်စွမ်းဆောင်ရည် လျော့နည်းနိုင်

ယောက်ျားမိန်းမ လိင်ဆက်ဆံမှုတွေမှာ ခန္ဓာကိုယ်ကြီးခြင်းသေးခြင်းက အဓိကကျလားလို့ အဖြေထုတ်နေခဲ့ကြတာ အတော်ကြာပါပြီ။ အခုတော့တိကျတဲ့ တရားဝင်လေ့လာချက်တစ်ခု ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ခန္ဓာကိုယ်သေးသွယ်တဲ့ အမျိုးသားတွေအတွက် သတင်းဆိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်သေးတဲ့ အမျိုးသားတွေဟာ လိင်ဆက်ဆံမှုမှာ ခန္ဓာကိုယ်ထွားကျိုင်းတဲ့သူတွေလောက် မစွမ်းဆောင်နိုင်ဘူးလို့ လေ့လာချက်က အတည်ပြုပေးထားပါတယ်။ အမျိုးသမီးတွေက လက်တွဲဖော်ရွေးချယ်တဲ့အခါ ကိုယ်ခန္ဓကိုယ်အရွယ်အစားကို အရေးကြီးတဲ့အရာအဖြစ် ထည့်သွင်းစဉ်းစားတက်လားဆိုတာ အမျိုးသားတွေ အမြဲပဲသိချင်လာတဲ့ ကိစ္စဖြစ်ပါတယ်။

ဆန့်ကျင်ဘက်လိင်တွေကိုသာ စိတ်ဝင်စားကြတဲ့ အမျိုးသား၊ အမျိုးသမီးပေါင်း ခြောက်သောင်းကျော်ကို လေ့လာမှုပြုခဲ့ပြီးနောက်မှာတော့ အဖြေထွက်လာပါတယ်။ ခန္ဓာကိုယ်သေးသွယ်တဲ့ သို့မဟုတ် အရပ်ပုတဲ့ အမျိုးသားတွေဟာ အရပ်ရှည်တဲ့အမျိုးသားတွေထက် လက်တွဲဖော်ချစ်သူရည်စားအရည်အတွက် နည်းလေ့ရှိကြတာကိုတွေ့ရပါတယ်။

play

အများအားဖြင့်တော့ အမျိုးသမီးအများစုဟာ သူတို့ထက် အရပ်ပိုရှည်လျားသူ အမျိုးသားတွေကိုသာ ရွေးချယ်လေ့ရှိတယ်လို့ဆိုပါတယ်။ လက်တွဲဖော်အမျိုးသားရဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အလုံးအထည်ဟာ သူတို့အတွက်အရေးကြီးတယ်လို့ ယူဆထားလို့ ဖြစ်ပါတယ်။ လက်တွဲဖော်နဲ့ လိင်မှုကိစ္စပြုလုပ်ရာမှာ အရပ်ရှည်သူက ပိုအဆင်ပြေမယ်လို့ အမျိုးသမီးတွေက ယူဆတာကြောင့် အခုလို အရပ်ရှည်သူတွေကို ပိုရွေးချယ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

သာမန်ထက်ခန္ဓကိုယ်ထွားကျိုင်းဝဖီးသူတွေက လက်တွဲဖော်ချစ်သူရည်းစားပိုများလေ့ ပိုထားလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ သာမန်အားဖြင့်တော့ အရပ်ရှည်သူ၊ ခွန်အားပြည့်စုံသူနဲ့ အားကစားလုပ်ရတာကြိုက်တဲ့ အားကစားသမားတွေဟာ အခြာအမျိုးသားတွေထက် အမျိုးသမီတွေကို ပိုပြီးဆွဲဆောင်နိုင်ကြတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ