Lifestyle: အိပ်ယာမသိမ်းပဲ ထားခြင်းက သင့်ကျန်းမာရေးအတွက်ပိုကောင်း

မနက်ခင်းအိပ်ယာထတဲ့အခါ အိပ်ယာသိမ်းဖို့ပျင်းတဲ့သူတွေအတွက်တော့ သတင်းကောင်းဖြစ်ပါတယ်။ သုတေသီတွေ လေ့လချက်အရ အိပ်ယာမသိမ်းပဲ ဒီအတိုင်းထားတက်တဲ့အကျင့်ဟာ သင့်ကိုပိုကျန်းမာစေတယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

play

 

အိပ်ယာမသိမ်းခြင်းဟာ ဘက်တီးရီးယားပိုးမွှားတွေကို ရှင်သန်ဖို့အခွင့်အရေးမပေးတဲ့အတွက်ကြောင့် သင့်ကျန်းမာရေးကို အထောက်အကူပြုတာဖြစ်တယ်လို့ ကင်းစတန်းတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အိပ်ယာတစ်ခုဆီတိုင်းမှာ ဘက်တီးရီယားပိုးမွှားပေါင်း ၁.၅ သန်းလောက်အထိ ရှိတက်ကြပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေဟာ ပူနွေးခြောက်သွေးတဲ့နေရာမှာ မရှင်သန်နိုင်ကြပါဘူး။ ပူနွေးခြောက်သွားတဲ့ အခြေအနေမျိုးကို အိပ်ယာမသိမ်းရင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားပိုးမွှားများစွာဟာ အိပ်စက်နေချိန်အတွင်း အိပ်ယာပေါ်ကို ရောက်သွားနိုင်ပါတယ်။

play

 

မနက်ထက်တဲ့အခါ အိပ်ယာမသိမ်းပဲ ထားခဲ့မယ်ဆိုရင် အိပ်ယာမှာစိုစွတ်နေတဲ့ အခြေအနေကို ပျောက်ကွယ်သွားစေမှာဖြစ်ပါတယ်။ အဲဒီအခါ အစိုဓါတ်မရတော့မှာ ဖြစ်တဲ့အတွက် ဘက်တီးရီးယားတွေလည်း သူ့အလိုလိုသေဆုံးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်မိဘက အိပ်ယာသိမ်းခိုင်းရင် ဒီလိုပြန်ရှင်းပြလိုက်လို့ ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ