Lifestyle: သင့်ကျန်းမာရေးအတွက် မကောင်းတဲ့ အကျင့်ဆိုး ၈ ခု

, updated

ပြီးပြည့်စုံတဲ့ သူရယ်လို့မရှိပါဘူး။ လူတိုင်းမှာ အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိနေတက်ပါတယ်။ တစ်ခါတစ်ရံမှာ သင့်အပြုအမူတွေက သင့်ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေတက်ပေမယ့် တစ်ခါတစ်ရံကျတော့ ဒီလိုမဟုတ်ပြန်ပါဘူး။ ကျန်းမာရေးဆိုတာ နံပတ် ၁ အရေးကြီးတဲ့အရာဖြစ်တာကြောင့် သင့်မှာ အပြုအမူဆိုး၊ အကျင့်ဆိုးတွေ ရှိခဲ့ရင် ထိန်းထိန်းသိမ်းသိမ်းနေတက်ဖို့ လိုပါလိမ့်မယ်။ သင့်ကျန်းမာရေးအတွက်ရော၊ လူမှုရေးအတွက်ပါ မကောင်းတဲ့ အကျင့်ဆိုး တွေဆိုရင် မြန်မြန်ဖယ်ထုတ်ဖို့လိုအပ်ပါတယ်။ လူအများစုမှာ တွေ့ရတက်တဲ့ အကျင့်ဆိုး၊ ဝါသနာဆိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အချိန်မီ သတိထားရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ အပျင်းထူခြင်း

play

 

လူတိုင်းနီးပါး ပျင်းရိတဲ့အချိန်တွေ ကြုံဖူးကြပါလိမ့်မယ်။ တစ်ခါတစ်ရံပျင်းရိတက်တာမျိုးက သိပ်ပြဿနာမရှိပေမယ့် သင်ဟာ အမြဲတမ်းအပျင်းထူသူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ပြုပြင်ဖို့လိုနေပါပြီ။ စားဖို့ပျင်းတာ၊ အလုပ်လုပ်ဖို့ ပျင်းတာ၊ သွားဖို့ပျင်းတာ စသဖြင့် ပျင်းရိခြင်းပေါင်းများစွာ ရှိတက်ပါတယ်။ ပျင်းရိခြင်းဟာ သင့်ဘဝအတွက် ကြီးမားတဲ့ ဆူးညှောင့်ခလုပ်ဆိုတာ မမေ့ပါနဲ့။ ဒီဆူးညှောင့်ကို ဘဝတက်လမ်းအတွက် အမြန်ဆုံး ဖယ်ထုတ်ပစ်လိုက်ပါ။

၂။ သရေစာ အစားများခြင်း

play

 

သရေစာ အစားများတဲ့အကျင့်ကလည်း မကောင်းလှပါဘူး။ ယနေ့လို အချိန်တွေရှားပါးလှတဲ့ ခေတ်ထဲမှာ လူတိုင်းကို နေ့စဉ် သရေစာများများစားဖြစ်အောင် တွန်းအားပေးလျှက်ရှိပါတယ်။ မနက်ရုံးနောက်ကျမှစိုးလို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို မစားဖြစ်ပဲ ကော်ဖီတစ်ခွက်၊ ဒိုးနက်တစ်ခုလောက်နဲ့ ပြီးသွားတာမျိုးတွေ၊ နေ့လည်စာကို ဘာဂါတစ်လုံးလောက်နဲ့ ပြီးသွားတာမျိုးတွေ မဖြစ်သင့်ပါဘူး။ သရေစာ အစားများခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင် မကောင်းလှတဲ့ အရာဖြစ်ပါတယ်။

၃။ အခန်းအောင်းနေထိုင်တက်ခြင်း

play

 

သေချာပြန်စဉ်းစားကြည့်ပါ။ နေ့စဉ် အလုပ်လုပ်နေတဲ့ ကျွန်တော်တို့အများစုဟာ အများအားဖြင့်တော့ နေရောင်မမြင်ရတဲ့ အလုံပိတ်အခန်းကြီးထဲမှာ အလုပ်လုပ်နေကြရသူတွေများပါတယ်။ ဒါတောင်မှ အားတဲ့အချိန်တွေဆို အခန်းအောင်းနေထိုင်တက်တဲ့ အကျင့်ရှိနေပြီဆို ပြင်ဖို့ လိုအပ်ပါပြီ။ သင့်ကျန်းမာရေးအတွက်လည်း လတ်ဆတ်တဲ့လေကို ရှုရှိုက်ပေးဖို့လိုပါတယ်။ နေ့စဉ်အဲယားကွန်းခန်းထဲမှာ နာရီ ၂၀ လောက်နေထိုင်တာဟာ ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ပါဘူး။ နေရောင်ခံခြင်း၊ သဘာဝလေကိုရှုရှိုက်နိုင်ခြင်းဆိုတာ သဘာဝက ပေးထားတဲ့ အကောင်းဆုံး ဆေးတစ်လက်ဖြစ်ပါတယ်။ ဒါကြောင့်အခန်းအောင်ပြီး အပျင်းထူတက်တဲ့ အကျင့်ရှိနေပြီဆိုရင် အခုပဲ ပြင်လိုက်ပါ။

၎။ စိုးရိမ်ပူပန်မှုများခြင်း / ဒေါသထွက်ခြင်း

play

 

စိုးရိမ်မှုများတာသာမက ဒေါသထွက်တာလည်း သင့်အတွက်မကောင်းပါဘူး။ လူမှုရေးအရလည်း မကောင်းသလို ကျန်းမာရေး ရှုထောင့်ကကြည့်ရင်လည်းမကောင်းလှပါဘူး။ ဆေးဘက်ဆိုင်ရာသုတေသီတွေကလည်း စိုးရိမ်မှု များခြင်းနဲ့ ဒေါသထွက်ခြင်းဟာ သင့်ရဲ့သက်တမ်းကို တိုတောင်းစေတယ်လို့ ဆိုထားပါတယ်။ ခက်တာက ယနေ့ခေတ်ဟာလည်း စိုးရိမ်စရာ အမျိုးမျိုးလူသားတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ကာလဖြစ်ပါတယ်။ အတက်နိုင်ဆုံးတော့ စိတ်ပူစရာတွေ၊ ဒေါသဖြစ်စရာတွေကို တက်နိုင်သလောက်ရှောင်ရှားလိုက်တာ ကောင်းပါတယ်။

၅။ မနက်စာ မစားခြင်း

play

 

လူတိုင်းအတွက် အရေးကြီးဆုံးအရာက ကျန်းမာရေးဖြစ်ပါတယ်။ မနက်စာကို အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ မစားဖြစ်လိုက်တဲ့အကျင့်ဟာ ကျန်းမာရေးအတွက် လုံးဝမကောင်းလှပါဘူး။ မနက်စာကို မစားတက်တဲ့အကျင့်ဟာ သင့်ရဲ့ ကျန်းမာရေးအတွက်သာမက လုပ်ငန်းခွင်ထဲမှာပါ နှေးကွေးလေးလံစေတက်တယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။ မနက်ပိုင်းစားလိုက်တဲ့ အစာအဟာရဟာ တစ်နေ့တာ သင့်ရဲ့စွမ်းအင်တွေ လည်ပတ်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့်ဘယ်လောက်ပဲ အချိန်မရှိသူဖြစ်နေပါစေ မနက်စာကိုတော့ နာရီဝက်လောက်အချိန်ပေးပြီး ကောင်းနိုးရာရာတွေ ရွေးချယ်စားသောက်သင့်ပါတယ်။

၆။ လူမှုကွန်ယက် အသုံးများခြင်း

play

 

လက်ထဲမှာရှိနေတဲ့ စမတ်ဖုန်းကိုခဏလောက်ချထားပြီး ပြန်တွေးကြည့်လိုက်ပါ။ သင်တနေ့ကို ဖုန်းနဲ့အချိန်ကုန်တဲ့နာရီတွေ၊ လူမှုကွန်ယက်သုံးတဲ့အချိန်တွေကို ပြန်တွက်ကြည့်လိုက်ပါ။ သတင်းအချက်အလက်သိရဖို့  သို့မဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဖို့ လူမှုကွန်ယက်ကိုအဓိက အသုံးပြုကြပါတယ်။ ဒါပေမယ့်လည်း အားလပ်တဲ့ အချိန်မှာ မိသားစုကို ဂရုမစိုက်နိုင်၊ အပေါင်းအသင်းနဲ့ တွေ့တဲ့အချိန်မှာ စကားကောင်းကောင်းမပြောနိုင် ဖြစ်တဲ့အထိ ဖုန်းကို လက်ထဲကမချပဲ လူမှုကွန်ယက်ကို အသုံးပြုနေပြီဆိုရင်တော့ သင်လျှော့သင့်နေပါပြီ။ လူမှုကွန်ယက်ကို အသုံးများခြင်းဟာ သင်တို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်လို့ သုတေသီတွေက ဆိုထားပြီးပါပြီ။

၇။ အိပ်စက်မှု နည်းပါးခြင်း

play

 

တစ်ချို့က ပင်ကိုယ်ဗီဇမှာကိုက အိပ်စက်ချင်စိတ်နည်းပါးသူတွေ ဖြစ်တက်ပါတယ်။ တစ်ချို့ကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် အိပ်စက်ချိန်နည်းပါးလေ့ရှိတာတွေ့ရပါတယ်။ အိပ်ချင်ပါသော်လည်း ကိစ္စအမျိုးမျိုးကြောင့် အိပ်ချိန်မပြည့်ဝပဲ အိပ်ယာမကြာခဏ ထနေရပြီဆိုရင်တော့ သင်အမြန်ဆုံး အဖြေရှာဖို့လိုပါပြီ။ အလုပ်အတွက်၊ ကျောင်းအတွက်၊ လူမှုရေးအတွက် စသဖြင့် အိပ်စက်ချိန်ကို မကြာခဏထိခိုက်နေမယ်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် မကောင်းလှပါဘူး။

၈။ အသောက်များခြင်း

play

 

အသောက်များခြင်းဆိုလို့ အမျိုးသားတွေကိုသာ ညွှန်းဆိုတာ မဟုတ်ပါဘူး။ အချို့ အမျိုးသမီးတွေလည်း အသောက်များတဲ့အမျိုးအစားထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ ဘီယာ၊ အရက်ယဉ်ကျေးမှု ထွန်းကားလှတဲ့ ယနေ့ခေတ်ကြီးထဲမှာ လူငယ်၊ လူလတ်ပိုင်းတွေ အားလုံးနီးပါး အသောက်အစားနဲ့ သိပ်ကင်းလေ့မရှိပါဘူး။ ဒါပေမယ့် သင့်ဟာ မကြာခဏသောက်တက်သူ တစ်ဦးဖြစ်နေပြီဆိုရင်တော့ အမြန်ဆုံးပြုပြင်လိုက်ပါ။ အရက်သောက်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက ထောက်ပြထားပါတယ်။ အသောက်များခြင်းဟာ သင့်ရဲ့ အလုပ်အကိုင်၊ ကျန်းမာရေး၊ မိသားစုရေးတွေကိုလည်း အနှောက်အယှက်ဖြစ်စေတက်ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ