Lifestyle: မြန်မာပြည်အကြောင်း ရေးထားတဲ့ ထိပ်တန်းစာအုပ် ၉ အုပ်

, updated

ကာလာကြာရှည်စွာ စစ်အာဏာရှင်စနစ်ထဲ ရောက်ခဲ့ရတဲ့ မြန်မာပြည်အကြောင်းရေးသားထားတဲ့ ထိပ်တန်းစာအုပ် ၉ အုပ်ဖြစ်ပါတယ်။

play

 

ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်ခဲ့ပြီ ခေတ်နောက်ကျ ကျန်ခဲ့ရတဲ့ မြန်မာပြည်ဟာ ထိုစဉ်ကာလတွေမှာ နိုင်ငံတကာအတွက် ပဟေဠိသဖွယ်ဖြစ်ခဲ့ရပါတယ်။ တံခါးပိတ်ထားတဲ့ အချိန်ကာလတွေမှာ နိုင်ငံတကာအတွက် မြန်မာနိုင်ငံဆီရောက်လာဖို့ အတော်ခက်ခဲခဲ့ရတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်မြန်မာပြည်ကို အကြောင်းတိုက်ဆိုင်စွာ ရောက်လာခဲ့သူတွေ၊ မြန်မာပြည် အကြောင်းထဲထဲဝင်ဝင်သိခွင့်ရခဲ့တဲ့ စာရေးဆရာတွေက အတွေ့အကြုံတွေကို စာအုပ်ထုတ်ဝေရေး သားခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်ကာလတွေအတွင်း မြန်မာပြည်အကြောင်းရေးသားကြတဲ့ စာအုပ်ပေါင်းများစွာ ရှိခဲ့ပြီး အကောင်းတကာ့အကောင်းဆုံး ထိပ်တန်းစာအုပ် ၉ အုပ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ The River of Lost Footsteps: A Person History of Burma

play

 

နယူးယော့ခ်မြို့မှာ မွေးဖွားကြီးမြင့်ခဲ့တဲ့ ဒေါက်တာသန့်မြင့်ဦးရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ်တဲ့ဒေါက်တာသန့်မြင့်ဦးရဲ့ မြန်မာပြည်အကြောင်း တာဝန်ကျေကျေ ရေးသားထားတာစာအုပ်ပါ။ နိုင်ငံတကာအတွက် ပဟေဠိဖြစ်နေတဲ့ မြန်မာပြည်ရဲ့ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံရေးအကြောင်းတွေ ထည့်သွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ သဲသဲကွဲကွဲ မသိနိုင်တဲ့ နိုင်ငံရေးအကြောင်းကို ဒေါက်တာသန့်မြင့်ဦးက နိုင်ငံသားတစ်ဦးအမြင်နဲ့ ခွဲခြမ်းစိတ်ဖြာရေးသားထားတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းအထောက်အထား လက်လှမ်းမီသလောက် ကိုလည်း အချက်အလက်ခိုင်ခိုင်မာမာနဲ့ ဒီစာအုပ်ထဲမှာ တွေ့နိုင်ပါတယ်။

၂။ Burmese Days – Gorge Orwell

play

 

အင်္ဂလိပ်စာရေးဆရာ Gorge Orwell ရဲ့နာမည်ကျော်လှတဲ့ မြန်မာပြည်အကြောင်း စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြတ်သန်းခဲ့ရစဉ် အမှတ်တရ နေ့ရက်တွေအကြောင်းကို ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ် အင်္ဂလန်မှာစတင်ရိုက်နှိပ်ဖြန့်ချီခဲ့တာဖြစ်ပြီး ဗြိတိလျှကိုလီနီအောက်ကျရောက်နေစဉ်အတွင် နိုင်ငံရဲ့အခြေအနေတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ အချို့သော အချက်တွေကတော့ စိတ်ကူးယဉ်ဆန်ဆန်ထည့်ရေးထားတာမျိုး ရှိနိုင်တယ်လို့လည်း ဝေဖန်ရေးဆရာတွေက သုံးသပ်ကြပါတယ်။

၃။ From the Land of Green Ghosts: A Burmese Odyssey  -  Pascal Khoo Thwe

play

 

အာဏာရှင်လက်ထက်ကိုခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ မြန်မာပြည်က အနည်းငယ်သာရှိတဲ့ ပဒေါင် လူမျိုးစု အကြောင်းကို Pascal Khoo Thwe ကဒေါသသံနှောပြီးရေသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Pascal Khoo Thwe တို့လူမျိုးစုတွေ မြန်မာပြည်ကိုစွန့်ခွာပြီး ဗြိတိန်ကိုခရီးဆက်ခဲ့ရတဲ့ အကြောင်တွေ ဒီစာအုပ်ထဲမှာ ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ ခက်ခက်ခဲခဲ  ရှင်သန်လွတ်မြောက်ခဲ့ရပုံတွေနဲ့ လူသိနည်းတဲ့ လူမျိုးစုရဲ့ စရိုက်လက္ခဏာတွေကို ဒီစာအုပ်ထဲမှာ လေ့လာနိုင်ပါတယ်။

၎။ The Trouser People : A Story of Burma in  the Shadow of the Empire – Andrew Marshall

play

 

သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ ဗြိတိလျှအင်ပါယာအောက် ကျရောက်ခဲ့ရပြီးတဲ့နောက် မြန်မာပြည်ရဲ့ ရိုက်ခတ်မှုအချို့ကို ဖော်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဂျာနယ်လစ်တစ်ယောက်လည်း ဖြစ်တဲ့ အင်ဒရူးမာရှယ်ရဲ့ စာအုပ်ထဲမှာ မြန်မာလူမျိုးတွေကို အင်္ဂလိပ်လူမျိုးတွေရဲ့ ဘောလုံးကစားနည်းနဲ့ မိတ်ဆက်ပေးခဲ့တဲ့ Gorge Scott ရဲ့ အကြောင်းလည်းထည့်သွင်းရေးသားထားပါတယ်။ ဒါ့အပြင် ပြင်ပကမ္ဘာအတွက် အထူးအဆန်း ဒဏ္ဍာရီသဖွယ်ဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကြီးတဲ့ ‘ဝ’ နယ်မြေအကြောင်းလည်း ရေးသားထားပါတယ်။

၅။ Letters From Burma : Aung Sann Suu Kyi

play

 

ငြိမ်းချမ်းရေးနိုဗယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter From Burma စာအုပ်ကလည်း နိုင်ငံရဲ့ သမိုင်းကိုလှစ်ဟပြသနေတဲ့ စာအုပ်တစ်အုပ် ဖြစ်နေဆဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့ဘဝမှာ ဒီစာအုပ်ကလည်း လွတ်မြောက်ဖို့ တစ်စိတ်တစ်ပိုင်း အရေးပါခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ သူမနေအိမ်အကျယ်ချုပ်ကျနေစဉ်အတွင်း ရေးသားထားတဲ့ စာတွေကို ထုတ်ဝေထားတာဖြစ်တယ်လို့ ဆိုပါတယ်။

၆။ Perfect Hostage : A Life of Aung Sann Suu Kyi, Burma’s Prisoner of Conscience

play

 

Justin Wintle ရေးသားထားတဲ့ ဒီစာအုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ မြန်မာပြည် အခြေအနေကို ပိုပြီးထဲထဲဝင်ဝင် သိရှိစေပါတယ်။ အင်္ဂလန်မှာနေထိုင်ခဲ့စဉ် နိုဗယ်ဆုရှင်ရဲ့ ဘဝကိုလည်း စာရေးဆရာက ပုံဖော်ရေးသားထားပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုဘဝကို တစ်စိတ်တစ်ပိုင်း လေ့လာနိုင်တဲ့စာအုပ်လည်းဖြစ်ပါတယ်။

၇။ The Glass Palace – Amitav Ghosh

play

 

ဖန်သားနန်းတော်လို့ အမည်ရတဲ့ ဒီစာအုပ်ကလည်း တစ်မျိုးထူးခြားပါတယ်။ ခေတ်နှောင်းပိုင်း မြန်မာပြည် အကြောင်းကို ရေးသားထားတာမဟုတ်ပဲ ကိုလီနီဘဝရောက်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ရေးသားပြုစုထားတဲံ စာအုပ်ဖြစ်ပါတယ်။ မန္တလေးကုန်းဘောင်းမင်းဆက်ရဲ့အကြောင်းတွေနဲ့ သစ္စာဖောက်တွေရဲ့ အကြောင်းအချို့ကို ရေးသားထားပြီး ဗြိတိန်လျှ ကိုလိုနီတွေက ဒုတိယကမ္ဘာစစ်ထဲ မြန်မကို ဆွဲသွင်းခဲ့ပုံတွေကိုလည်း ဖော်ပြထားပါတယ်။ နောက်ဆုံးတော်ဝင်မျိုးဆက် အိန္ဒိယရောက်ခဲ့ရပုံတွေကိုလည်း ရေးသားဖော်ပြထားပါတယ်။

၈။ Burma Chronicles – Guy Delisle

play

 

စာရေးဆရာ Guy Delisle က သူ့ရဲ့ဇနီးသည်၊ သားငယ်နဲ့ မြန်မာပြည်မှာ အချိန်တွေကုန်လွန်ဖြတ်သန်းဖူးသူ ဖြစ်ပါတယ်။ သရုပ်ဖော်ဝတ္ထုအမျိုးအစားဖြစ်ပြီး တိုင်းပြည်စစ်တပ်အရာရှိတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရပုံတွေ အကြောင်းရေးသားသရုပ်ဖော်ထားတာပါ။ စာအုပ်တင်ဆက်ပုံက ရိုးရှင်းပေမယ့် နိုင်ငံရဲ့ အခြေအနေတွေကို ကွင်းကွင်းကွက်ကွက် မြင်သာစေတဲ့ စာအုပ်ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့အောက်က ဘဝတွေအကြောင်း သိခွင့်ရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ မြန်မာဘာသာပြန်စာအုပ်လည်း ထွက်ထားပါတယ်။

၉။ The Road to Wanting  - Wendy Law-Yone

play

 

မြန်မာပြည်မှာ အောင်ပွဲခံခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေဆရာမ ဝင်ဒီလောရုံရဲ့ အောင်မြင်မှု အရဆုံး ဝတ္ထုလည်းဖြစ်ပါတယ်။ မြန်မာပြည်မြောက်ဖျားပိုင်းက နာဂအမျိုးသမီးငယ်တစ်ဦးရဲ့ ဘဝအကြောင်းနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ မြန်မာပြည်က ထွက်ခွာဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ