Lifestyle: အတွေ့အကြုံသစ်ရနိုင်တဲ့ ခရီးသွားဖို့ နေရာ ၅ ခု

ပွင့်လင်းရာသီရောက်လာတဲ့အခါ လူကြိုက်များတဲ့ ခရီးသွားနေရာတွေက လူများနေတက်ပါတယ်။ အေးအေးဆေးဆေးနဲ့ အပန်းဖြေဖလို့ရနိုင်မယ့် ခရီးသွားဖို့ နေရာသစ် ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

play

 

မိုးရာသီကုန်ပြီး ပွင့်လင်းရာသီရောက်ပြီဖြစ်တဲ့အတွက် ခရီးသွားရာသီအချိန်ကာ စတင်ကျရောက်လာပြီ ဖြစ်ပါတယ်။ မိုးတွင်းကာလပတ်တစ်ခုလုံး ခရီးမထွက်ရပဲ အလုပ်နဲ့ ကျောင်းစာနဲ့သာ နပမ်းလုံးခဲ့ရသူတွေအဖို့ ပျော်စရာခရီးသွားရာသီ ကိုတကျော့ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ခါ ဖော်ပြပေးမှာက နာမည်ကြီး ခရီးသွား လုပ်ငန်းထွန်းကားတဲ့ ဒေသတွေမဟုတ်ပါဘူး။ အသစ်အဆန်းဆိုတာ အမြဲတမ်း ရှာဖွေနေသင့်တဲ့ အရာဖြစ်တယ်လေ။

ပွင့်လင်းရာသီအစလည်း ဖြစ်နေတာကြောင့် သင့်ကို ဒီတစ်ခါတော့ လူရှုပ်နေမယ့် ခရီးသွားဒေသတွေ မညွှန်းချင်တော့ပါဘူး။ ငွေကုန်ကြေးကျလည်း ပိုသက်သာနိုင်သလို၊ အတွေ့အကြုံအသစ်အဆန်းလည်း ပိုရနိုင်၊ လူတွေလည်း မရှုပ်မယ့် ခရီးသွားနေရာတွေကို ဖော်ပြပေးပါမယ်။

၁။ မော်လမြိုင်

play

 

သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှုရှိုက်ချင်တယ်ဆိုရင်တော့ မော်လမြိုင်ကိုရွေးလိုက်တာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။ လမ်းမှာရှိတဲ့ကျိုက်ထိုက ကျိုက်ထီးရိုးဘုရားကိုလည်း ဝင်နိုင်ပါသေးတယ်။ မော်လမြိုင်ရောက် ရင်ဈေးဝယ်စရာနေတွေပေါပြီး မြစ်ကမ်းနံဘေး လမ်းလျှောက်ရတဲ့ အရသာလည်း ကောင်းလှပါတယ်။ သစ်ပင်တွေ အုံ့ဆိုင်နေတဲ့ လမ်းမတွေကို မော်လမြိုင်က အများအပြား ပိုင်ဆိုင်ထားတာကြောင့် သင့်စိတ်ကိုကြည်နူးစေပါလိမ့်မယ်။

မော်လမြိုင်မှာလည်ရတာ အားမရသေးရင် အနီးမှာရှိတဲ့ ဘားအံမြို့ကိုလည်း မြစ်ဖြတ်ပြီးသွားလည် နိုင်ပါသေးတယ်။ ဒီနှစ်နေရာလုံးဟာ သင့်အတွက် အသစ်အဆန်းတွေ ဖြစ်စေမယ့် ခရီးသွားနေရာတွေ ပါ။

၂။ ပြင်ဦးလွင်

play

 

ရွေးချယ်ရခက်နေပြီဆိုရင် ပြင်ဦးလွင်ကိုရွေးချယ်လိုက်လည်း ရပါတယ်။ အေးချမ်းတဲ့ ရာသီဥတုက သင့်ကို မောပန်းတဲ့ဒဏ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။ ပြင်ဦးလွင်မှာလည်း သွားစရာပေါလှပါတယ်။ ကိုလိုနီခေတ် လက်ကျန်အငွေ့အသက်အချို့ကို ပြင်ဦးလွင်မှာ တွေ့ရဆဲဖြစ်ပါတယ်။ အခြားမြို့တွေနဲ့မတူ တိတ်ဆိတ်တဲ့ ပတ်ဝန်ကျင်မှာ ခြံဝန်းတွေနဲ့ တည်ဆောက်ထားတဲ့မြို့ဖြစ်ပြီး အခြားမြို့တွေလို ခေတ်မီအဆောက်အဦ တွေ ဆောက်လုပ်တာမျိုး သိပ်မရှိတာကိုက ထူးခြားနေတဲ့အချက်ပါ။ ဈေး၊ နာရီစင်၊ မဟာအံ့ထူးကံသာဘုရား၊ ဓါတ်တော်ချိုင့်ရေတံခွန်၊ ပိတ်ချင်းမြောင်လှိုင်ဂူ၊ အမျိုးသားကန်တော်ကြီးဥယျာဉ် စတဲ့နေရာတွေနဲ့ သင့်အတွက်  ခရီးသွားအတွေ့အကြုံ အသစ်အဆန်းတွေ ဖြစ်ပါလိမ့်မယ်။

၃။ သီပေါ

play

 

 ရှမ်းပြည်နယ်ဘက်က အေးအေးချမ်းချမ်းရှိတဲ့မြို့ကလေး သီပေါကိုလည်း သင့်ရဲ့ခရီးသွား အစီအစဉ်အတွက် ရွေးချယ်နိုင်ပါသေးတယ်။ မန္တလေး၊ ပြင်ဦးလွင်ဘက်က သွားမယ်ဆိုရင်လည်း သီပေါကိုရောက်ဖို့ လွယ်ကူပါတယ်။ မန္တလေးကနေ ရထားစီးပြီး သီပေါကိုသွားနိုင်ပါတယ်။ ရထားခရီးစဉ်က နာမည်ကျော်လှတဲ့ ဂုတ်ထိပ်တံတာကို ဖြတ်သန်းရဦးမှာ ဖြစ်လို့ သင့်အတွက် မမေ့နိုင်တဲ့ အတွေ့အကြုံသစ် ဖြစ်လာဦးမှာပါ။ သီပေါရောက်ရင်တော့ သင်ဟာဈေးဝယ်လို့ကောင်းတဲ့ နေရာတစ်ခုကို ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ ရေတံခွန်၊ ရေပူစမ်း စတဲ့နေရာတွေလည်း သွားလို့ရပါသေးတယ်။

၎။ ငွေဆောင်

play

 

ကမ်းခြေကိုမှသွားချင်တယ်ဆိုရင်တော့ ငွေဆောင်ကိုရွေးတာ ပိုသင့်တော်မယ်ထင်ပါတယ်။ နှစ်သစ်ကူး သင်္ကြန်ရက်မဟုတ်ဘူးဆိုရင် ငွေဆောင်က ချောင်းသာလောက် လူများလေ့မရှိပါဘူး။ နားအေးပါးအေး နေချင်တဲ့ သင့်အတွက် ငွေဆောင်ကပိုသင့်တော်ပါလိမ့်မယ်။ ငွေကြေးလည်း သိပ်ထူးပြီး ကုန်ကျသွားတာမျိုး မရှိတဲ့နေရာဖြစ်ပါတယ်။

၅။ ပူတာအို

play

 

ပူတာအိုကတော့ သွားရ၊လာရ အနည်းငယ် အခက်အခဲရှိပါတယ်။ ဒါပေမယ့် လေယာဉ်ခရီးစဉ်တွေ ရှိတာဖြစ်လို့ ပူစရာမလိုပါဘူး။ မြေပြင်ခရီးကသာ အနည်းငယ်သွားရလာရ ခက်တာဖြစ်ပါတယ်။ မြို့ကြီးတွေကနေ ပူတာအို ရောက်သွားရင်တော့ သင့်အနေနဲ့ အခြားကမ္ဘာတစ်ခု ရောက်သွားသလို ဖြစ်နေပါလိမ့်မယ်။ မော်တော်ကားမရှိသလောက် ရှားပါးပြီး ဆိုင်ကယ်တောင် တွေ့ရခဲတဲ့ မြို့ကလေး ဖြစ်ပါတယ်။ အစားအစာတွေ ကလည်း သင့်အတွက်ကျန်းမာစေမယ့် ဓါတုကင်းတဲ့ အရာတွေသာဖြစ်ပါတယ်။ တောင်တက်ဝါသနာ ပါသူတွေအတွက်တော့ ပူတာအိုကမသွားမဖြစ် သွားရမယ့်နေရာဖြစ်ပါတယ်။ အဝေးကလှမ်းကြည့်ရင် မြင်နေရတဲ့ ရေခဲတောင်တွေကလည်း သင့်ကိုအမြင်ဆန်းသစ်စေမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ