Lifestyle: ငွေကုန်ကြေးကျမများပဲ အာဆီယံအတွင်း ဟန်းနီးမွန်းထွက်နိုင်မယ့် နေရာ ၅ ခု

ဟန်းနီးမွန်းထွက်ပြီးတဲ့နောက် အဓိကအချက်က ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးစဉ်ကို အဆုံးသတ်နိုင်ဖို့ ဖြစ်ပါတယ်။

play

 

ချစ်ခင်ကြင်နာစ ဇနီးမောင်နှံတွေ ဟန်းနီးမွန်ထွက်ရတဲ့အချိန်ဟာ ဘဝမှာ အပျော်ရဆုံး အချိန်တွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီတော့ သင်တို့ရဲ့အပျော်ရဆုံးအချိန်တွေမှာ ပျော်ပျော်ကြီးဟန်နီးမွန်း ထွက်နိုင်ဖို့ အတွက် နေရာရွေးတက်ဖို့  လိုပါတယ်။ ပတ်ဝန်းကျင်ကြောင့် ဟန်းနီးမွန်းဟာ အပျော်တွေပျက်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း သိပ်မများပဲ တိတ်တိတ်ဆိတ်နဲ့ ပျော်စရာတွေ၊ romantic ဆန်မှုတွေ ပြည့်နေတဲ့ နေရာလေးတွေလည်း ရှိပါတယ်။ ဟန်နီးမွန်းထွက်ဖို့ဆိုတော့ သင်သေသေချာချာ ပြင်ဆင်ထားဖို့တော့ လိုပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ နေထိုင်တဲ့ စုံတွဲတွေအတွက် ဟန်းနီးမွန်ထွက်ဖို့ ရွေးချယ်စရာ နေရာများစွာ ဟာနီးနီးကပ်ကပ်ရှိနေတာက သဘာဝက ပေးထားတဲ့ ကံကောင်းခြင်းဖြစ်ပါတယ်။ အနောက်ကမ္ဘာခြမ်းက လူတွေမိုင်ပေါင်းထောင်ချီဖြတ်သန်းပြီး လာရတဲ့ ခရီးစဉ်တွေကို ကျွန်တော်တို့က လေယာဉ် တစ်နာရီလောက် စီးပြီး ရောက်နိုင်တဲ့ အားသာချက်ရှိပါတယ်။ အခုက ဟန်းနီးမွန်း ရာသီချိန်လည်း ဖြစ်တဲ့အတွက် အရှေ့တောင်အာရှတဝိုက် ငွေကုန်ကြေးလည်းသိပ်မများပဲ ဘယ်လိုနေရာတွေကို ဟန်းနီးမွန်းထွက်ဖို့ သင့်တော်မလဲ ဆိုတာ အကြံပြုဖော်ပြပေးသွားပါမယ်။

၅။ ဖူးခက် (ထိုင်း)

play

 

အိမ်နီးချင်းထိုင်းနိုင်ငံက ဖူးခက်ကမ်းခြေကလည်း သင့်အတွက် ငွေကုန်ကြေးကျသိပ်မများတဲ့ ဈေးနှုန်းနဲ့ သွားလို့ရနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ လှပတဲ့ကမ်းခြေဖြစ်ပြီး သဘာဝအတိုင်းရှိနေတဲ့ ကျွန်းတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးပေါတဲ့ အစားအသောက်တွေလည်း သင်ရနိုင်ပါတယ်။ ဖူးခက်ရဲ့ အားသာချက်က ညအခါ ကမ်းခြေရဲ့ စည်ကားမှု ဖြစ်ပါတယ်။ ညအခါရောက်မှာ ဖူးခက်ကမ်းခြေက ပိုအသက်ဝင်လာပြီး ဆိုင်တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ပိုစည်ကားလာလေ့ရှိပါတယ်။

နေ့ဘက်မှာ လှေတစင်းနဲ့ သင်တို့ကျွန်းတွေဘက် အပျော်ခရီးထွက်နိုင်ပါတယ်။  ဈေးသက်သာတဲ့ လေယာဉ်ခတွေကို သင် အေဂျင်စီတွေကနေလည်း စုံစမ်းမေးမြန်နိုင်ပါတယ်။ လေယာဉ်ခတွေက စောစောမှာလေ ဈေးသက်သာလေ ဖြစ်ပါတယ်။

၎။ ဟွိုင်အန် (ဗီယက်နမ်)

play

 

တောင်တရုတ်ပင်လယ်ဘက်မှာရှိတဲ့ ဗီယက်နမ်ရဲ့ ကမ်းခြေမြို့လေးတစ်မြို့ဖြစ်ပြီး ခရီးသွားတွေ နှစ်သက်ကြတဲ့ မြို့လည်းဖြစ်ပါတယ်။ အများနဲ့ မတူတာကို သင့်ရဲ့ဟန်းနီးမွန်းမှာ ရွေးချင်ရင်တော့ သင်ဟာ ဟွိုင်အန်ကိုလည်း ရွေးချယ်သင့်ပါတယ်။ မြို့ကြီးတွေဖြစ်တဲ့ ဟနွိုင်း၊ ဟိုချီမင်းတို့လို လူမရှုပ်ထွေးတဲ့မြို့ဖြစ်ပြီး ပင်လယ်ကမ်းနား အရသာကိုလည်း သင်အပြည့်အဝခံစားနိုင်ပါတယ်။ ဟွိုင်အန်ကိုသွားရင် သင့်အနေနဲ့ မော်တော်ကားတွေ တွေ့ရမှာ မဟုတ်ပဲ၊ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ မော်တော်ဘုတ်တွေကိုသာ တွေ့မှာဖြစ်လို့ အေးအေးသာသာ ဖြစ်စေပါလိမ့်မယ်။  

ဟွိုင်အန်က အဝတ်အထည်ချုပ်ရာမှာ နာမည်ကြီးတဲ့ မြို့လည်းဖြစ်ပါတယ်။ သင့်မှာရှိတဲ့ နာမည်ကြီး တံဆိပ်တွေသာ ယူသွားလိုက်ပါ။ သူတို့က တထေရာတည်း တူအောင်လိုက်ချုပ်ပေးပါလိမ့်မယ်။ သမိုင်းကြောင်းအခိုင်အမာရှိတဲ့ ဟွိုင်အန်ဆိပ်ကမ်းမြို့ကလေးဟာ ဟန်းနီးမွန်းထွက်ဖို့ သင့်တော်တဲ့ အဆင့်-၄ သတ်မှတ်ချက်ဖြစ်ပါတယ်။

၃။ ကိုရွန် ( ဖိလစ်ပိုင်)

play

 

မနီလာကတဆင့် ဘူဆန်ဂါလေဆိပ်ကို သွားပြီး ကိုရွန်ကျွန်းကို လာရတာဖြစ်ပါတယ်။ အခြားနေရာတွေထက်တော့ ကိုရွန်ကျွန်းက အနည်းငယ်ငွေကုန်ကြေးကျ ပိုများချင် များနေပါလိမ့်မယ်။ ဒါပေမယ့် စိတ်ချမ်းသာမှု ရမှာကတော့ ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကိုရွန်ကမ်းခြေတစ်ဝိုက်က ရှုခင်းတွေဟာ  အသက်ရှုမှားလောက်အောင်လှပါတယ်။ အဖြူရောင်သဲသောင်ပြင် ကမ်းခြေပေါ်မှာ ခပ်နွေးနွေးရာသီဥတုကို ခံစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရွန်ကျွန်တေ်းမှာ အစားအသောက်ကတော့ အတော်လေး ဈေးသက်သာ တယ်လို့ ဆိုကြပါတယ်။ ကိုရွန်ကျွန်းကို ဟန်းနီးမွန်းထွက်သင့်တဲ့ အဓိကအကြောင်းအရင်းက အလွန်လှပတဲ့ ရှုခင်းတွေကြောင့် ဖြစ်ပါတယ်။

၂။ ပုဂံ (မြန်မာ)

play

 

မြန်မာပြည်ထဲမှာပဲရှိတဲ့ ပုဂံဒေသကလည်း ဟန်းနီးမွန်းစုံတွဲတွေအတွက် သင့်တော်လှတဲ့ နေရာဖြစ်ပါတယ်။ ရေခြားမြေခြား မသွားချင်သူတွေအတွက် ပုဂံဒေသဘုရားဖူးကလည်း အတော်လေးသင့်တော်သလို လမ်းကြောင်းကလည်း သင့်လှပါတယ်။ ပုဂံမှာ ပြည်တွင်းခရီးသွားတွေအတွက် တန်ဖိုးနည်းကနေ တန်ဖိုးကြီး အဆင့်ထိ တည်းခိုနိုင်တဲ့ ဟိုတယ်ပေါင်းများစွာ ရှိပါတယ်။

ဟန်းနီးမွန်းမတိုင်ခင် ပုဂံကို မရောက်ဖူးသေးဘူးဆိုရင်တော့ အကြံပေးချင်တာက ကိုယ့်အစီအစဉ်နဲ့ သွားတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှ သွားချင်တဲ့ဘုရားစေတီပုထိုးတွေဆီကို စိတ်အေးလက်အေး သွားရောက်နိုင်မှာ ဖြစ်ပါတယ်။ အချိန်ရရင် စက်ဘီးသို့မဟုတ် ဆိုင်ကယ်တွေငှားပြီး သွားလို့ရပါတယ်။ ဒါဟာ နေရာစုံရောက်နိုင်ဖို့ အဆင်ပြေဆုံး နည်းလမ်းဖြစ်ပါတယ်။ ပုဂံမှာ ဘုရားဖူးတာ စုံစုံလင်လင်ဖြစ်သွားပြီ ဆိုရင်လည်း မန္တလေးကို အပြန်ဝင်နိုင်ပါသေးတယ်။

၁။ ငပလီ (မြန်မာ)

play

 

ရခိုင်ကမ်းရိုးတမ်းမှာရှိတဲ့ ငပလီကိုလည်း သင့်မေ့ထားလို့မဖြစ်ပါဘူး။ အရှေ့တောင်အာရှမှာ အလှဆုံးကျွန်း တစ်ကျွန်းဖြစ်ပြီး သဘာဝအတိုင်းရှိနေသေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကမ်းခြေတစ်လျှောက်မှာ အုန်းပင်ပေါင်းများစွာကို သင်တွေ့ရမှာဖြစ်ပါတယ်။ များပြားလှတဲ့ ပင်လယ်စာများစွာရဲ့ အရသာကို ငပလီမှာ သင်ရာသီချိန်မရွေး ရနိုင်မှာဖြစ်ပါတယ်။ ဆိုင်ကယ်ငှားပြီး အနီးအနားမှာရှိတဲ့ ရွာဈေးတွေကိုလည်း သင်တို့ သွားရောက်နိုင်ပါသေးတယ်။ ယာဉ်ကြောတွေအမြဲပိတ်ဆို့နေတဲ့ မြို့ကြီးတွေက ခဏလောက်ပြေးပြီး ငပလီလို နေရာမျိုးကို ဟန်းနီးမွန်းအဖြစ်သွားရောက်တာကလည်း သင့်အတွက် အပြောင်းအလဲ တစ်ခုဖြစ်စေမှာ သေချာပါတယ်။ သင်အကုန်အကျခံနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့် တည်ခိုစရာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ရှိထားပါတယ်။ ငပလီက သင်လေယာဉ်နဲ့သွားရင်တော လူပင်ပန်းမှုက ပိုသက်သာစေတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ