Lifestyle: မြန်မာနိုင်ငံသားများကို ဒေါသထွက်စေသည့် အမူအကျင့်များ

ရေမြေသဘာဝကွာာခြားသလို အကျင့်စရိုက်လည်းကွာတဲ့အတွက် တစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ စိတ်ခံစားမှု အကျင့်စရိုက်တွေ ရှိကြပါတယ်။

play

 

ကမ္ဘာပေါ်မှာ နေရာဒေသအလိုက်ကွဲပြားပြီး မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ ရှိကြပါတယ်။ မြန်မာမှာလည်း ရှိသလို နိုင်ငံအနှံ့မှာလည်းရှိပါတယ်။ မွေးဖွားကြီးပြင်းလာတဲ နေရာဒေသ ဓလေ့စရိုက်ခြင်း မတူညီကြတဲ့အလျှောက် တစ်ဦးနဲ့တစ်ဦး အကျင့်စရိုက် လုပ်ပုံကိုင်ပုံခြင်းလည်း မတူညီပါဘူး။ ဒေသ တစ်ခုရဲ့ ဓလေ့ကို အသေအချာမသိပဲ တစ်စုံတစ်ရာ လုပ်မိလိုက်ရင် သင့်ကိုဒေသခံတွေက ဒေါသထွက်တာမျိုး တစ်ခါတစ်ရံ ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံသား ဒေသခံတွေမှာလည်း ရှေးရိုးစွဲအယူဓလေ့တွေရှိကြပါတယ်။ မြန်မာနိုင်ငံသားတွေက သဘောကောင်းတယ်လို့ နာမည်ကြီးကြပေမယ့် မကြိုက်တဲ့ အမူအကျင့်တွေကိုတော့ လုပ်ဖို့မ သင့်တော်ပါဘူး။ မြန်မာတွေမကြိုက်တဲ့ အမူအကျင့် အများစုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ အရွယ်ရောက်သူ၏ ခေါင်းကိုကိုင်ခြင်း

play

 

ကမ္ဘာ့အနောက်ခြမ်းမှာတော့ အရွယ်ရောက်သူအချင်းချင်း ခင်မင်ရင်းနှီးရင် တစ်ဦးခေါင်းကို တစ်ဦးကိုင်တာ ဘာပြဿနာမှ မရှိပါဘူး။ အနောက်တိုင်းဘောလုံးပွဲတွေမှာ အောင်ပွဲခံရင်ဖြစ်စေ၊ နှစ်ဖက်နှုတ်ဆက်ရင် ဖြစ်စေ တစ်ဦးခေါင်းကို တစ်ဦးကိုင်နေကြတာ တွေ့ရမှာပါ။ မြန်မာမှာတော့ ဒါမျိုးလက်မခံပါဘူး။ သင့်ထက် အသက်ငယ်သူ ဖြစ်နေသည့်တိုင် အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို သွားကိုင်တာမျိုး မကြိုက်ကြပါဘူး။ ဒါရှောင်ရမယ့် အချက်ပါ။

၂။ ကားဆရာများကို အချိန်မေးခြင်း

play

 

ခရီးဝေးသွားတာပဲဖြစ်ဖြစ်၊ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်ကို သင်လိုက်ပါစီးနင်းတာပဲဖြစ်ဖြစ် သင့်ရဲ့ ကားဆရာကို အချိန်မမေးမိအောင် ကြိုးစားသင့်ပါတယ်။ ကားမောင်းသူတွေက သူတို့ကားမောင်းနေစဉ်အတွင်း နာရီအချိန်မေးတာ မနှစ်သက်ကြပါဘူး။ အဝေးပြေးခရီးစဉ်တွေ မောင်းနှင်ကြတဲ့ ကားဆရာတွေက ပိုလို့တောင် မကြိုက်ပါသေးတယ်။ ဒါကြောင့် သင်ကားစီးပြီဆိုရင် ကားဆရာတွေကို ဘယ်အချိန်ရောက်မလဲလို့ သွားမမေးမိပါစေနဲ့။

၃။ ကျိန်ဆဲခြင်း

play

 

ကျိန်ဆဲခြင်း၊ ခိုင်းနှိုင်းဆဲဆိုခြင်းကို မြန်မာတွေ လုံးဝမကြိုက်ပါဘူး။ ဆဲဆိုတာတော့ ဘယ်သူမှ မကြိုက်ဘူးလို့ ပြောချင်ပြောနိုင်ပါတယ်။ မြန်မာတွေအတွက်လည်း ပြင်းပြင်းထန်ထန် မနှစ်သက်ကြတဲ့ အမူအကျင့်ဖြစ်ပါတယ်။ တိရိစ္ဆာန်တစ်ကောင်နှင့် ခိုင်းနှိုင်းဆဲဆိုခြင်း၊ ဆွေမျိုးသားချင်းမိသားစုနှင့် ခိုင်းနှိုင်းဆဲဆိုခြင်းကို မြန်မာတွေ လုံးဝ လက်မခံကြပါဘူး။ သင်ဟာ တစ်စုံတစ်ယောက်ကို ဒီလိုဆဲဆိုမိလိုက်ပြီဆိုရင် ပြဿနာပိုကြီးသွားနိုင်ပါတယ်။ သူငယချင်းအချင်းချင်း၊ ဆရာတပည့် အချင်းချင်းတောင် ဆဲဆိုမှုကို လက်မခံကြပါဘူး။

၎။ခန္ဓာကိုယ်နှင့် မျက်နှာကို ဝေဖန်ခြင်း

play

 

အထူးသဖြင့် ဒီအချက်ကို အမျိုးသမီးတွေ မကြိုက်ကြပါဘူး။ သင်က သူတို့ခန္ဓာကိုယ် ဒါမှမဟုတ် မျက်နှာက ဘယ်လိုပုံပန်းမျိုးဖြစ်နေတယ်လို့ ဝေဖန်တာကို သူတို့ မနှစ်သက်ကြပါဘူး။ အမျိုးသားတွေလည်း ခန္ဓာကိုယ်ကဘယ်လိုပုံမျိုးဖြစ်တယ်လို့ ဝေဖန်တာ မကြိုက်ကြပါဘူး။ ဒါကြောင့် သင်အားလုံးနဲ့ အဆင်ပြေချင်တယ်ဆိုရင် ဒီဝေဖန်မှုကိုလည်းရှောင်လိုက်ပါ။

၅။ အလုပ်စားပွဲကို လက်နှင့်ခေါက်ခြင်း

play

 

အထူးသဖြင့် အစိုးရဌာနခွင်တွေမှာ ဒါမျိုးအမူအကျင့်ကို လက်မခံကြပါဘူး။ ထူးဆန်းတဲ့ ဓလေ့ဖြစ်ပေမယ့် အတော်များများက ဒါမျိုးမကြိုက်ကြပါဘူး။ သင်ကသဘောရိုးနဲ့ဖြစ်စေ တစ်ယောက်ယောက်ရဲ့ အလုပ်စားပွဲကို လက်နဲ့ သွားခေါက်မိလိုက်မယ်ဆိုရင် သင်ကောင်းကောင်းအပြောခံရတော့မှာပါ။ ပုဂ္ဂိလိကလုပ်ငန်းတွေမှာတော့ ဒါမျိုးကိုမကြိုက်တာ အားလုံးမဟုတ်ပေမယ့် လက်မခံသူတွေလည်းရှိပါတယ်။ အကောင်းဆုံးကတော့ ဘယ်သူ့ရဲ့ အလုပ်စားပွဲမှ သွားမခေါက်မိပါစေနဲ့။

၆။ စားသောက်ဆိုင်တွင် မေးထောက်မိခြင်း

play

 

ဒါမျိုးအမူအရာဟာ ဆိုင်တွေအတွက် လာဘ်လာဘ ပိတ်တယ်လို့ မြန်မာမှာ အယူရှိပါတယ်။ ဒါကြောင့် သင်စားသောက်ဆိုင်သွားရင် ဒါမျိုးမလုပ်မိအောင်ရှောင်ပါ။ တစ်ခါတစ်ရံ သူငယ်ချင်းတွေကို စောင့်နေတုန်း ပျင်းရိပြီး စားပွဲပေါ်မှာ သင့်ရဲ့မေးစေ့ကို လက်ထောက်မိလိုက်ရင် ဆိုင်တွေက သင့်ကိုကြည်ဖြူတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်ဒီအလေ့အကျင့်ကိုလည်း မြန်မာနိုင်ငံမှာ မလုပ်မိပါစေနဲ့။

၇။ အစားကျွေးခြင်းကို အကြိမ်ကြိမ်ငြင်းပယ်ခြင်း

play

 

အသိမိတ်ဆွေတွေက သင့်ကိုတစ်စုံတစ်ခုစားဖို့ ဒါမှမဟုတ် သောက်ဖို့ ပြောတဲ့အခါ သင့်ဘက်က အကြိမ်ကြိမ် ငြင်းပယ်နေရင်လည်း သူတို့က မကြိုက်ကြပါဘူး။ သင့်အတွက် အမှတ်တရဝယ်လာပေးတဲ့ ဒါမှမဟုတ် ယူလာပေးတဲ့ အရာတွေကိုမစားရင် မယူရင်ပိုလို့တောင် စိတ်ဆိုးကြပါသေးတယ်။ ဒီကမ်းလှမ်းမှု အသေးစားတွေကို သင်အကြိမ်ကြိမ်ငြင်းရင် မြန်မာလူမျိုးတွေအမြင်မှာ ရိုင်းရာလည်းရောက်ပါတယ်။ ဒါလည်း မြန်မာတွေမကြိုက်ကြပါဘူး

၈။ နတ်ယုံကြည်မှုကို စနောက်ခြင်း

play

 

မြန်မာနိုင်ငံသား ဒေသခံတွေကြားမှာ နတ်ကိုးကွယ်ယုံကြည်သူ အများအပြား ရှိပါတယ်။ ဒီလိုနတ်ယုံကြည်မှုတွေကို စနောက်ခဲ့ရင် သင့်ကိုစိတ်ဆိုးကြပါလိမ့်မယ်။ သင်ဟာ ဒီယုံကြည်မှုကို လက်ခံသည် ဖြစ်စေ၊လက်မခံသည်ဖြစ်စေ သူတပါးကိုးကွယ်မှုကို လေးစားမှုပေးရမှာ ဖြစ်ပါတယ်။ ဒီလိုစနောက်ရင် သင့်ကို စိတ်ဆိုးကြရုံသာမကပဲ နတ်တွေကသင့်ကို ဘေးတွေ့စေလိမ့်မယ်လို့  အချို့က အယူရှိကြပါတယ်။

၉။ အသုဘအခေါင်းကို လက်ဖြင့်ပုတ်ခြင်း

play

 

ဒီအမူအကျင့်ကိုလည်း ဒေသခံ အတော်များများက လက်မခံကြပါဘူး။ အသုဘအခေါင်းကို လက်နဲ့ ပုတ်မိရင် အဲဒီဒေသမှာ ဘေးအန္တရာယ်ဆိုးဆက်တိုက်ကျရောက်မယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့်ဘယ်သူ့ရဲ့ အသုဘ ပင်ဖြစ်စေ သင်ဒါမျိုးလုပ်တာကို လက်မခံကြပါဘူး။ ဒါမျိုးလုပ်မိလိုက်ရင် သူတို့စိတ်ထဲမှာ သင့်ကို အန္တာရာယ်တွေကို ခေါ်လာတဲ့မကောင်းဆိုးရွားကောင်လို့ မြင်ကြပါလိမ့်မယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ