Lifestyle: မြို့ပြရာဇဝတ်မှုတွေရဲ့ သားကောင်မဖြစ်ဖို့ ကြိုတင်ကာကွယ်ထားနိုင်မယ့် အချက်များ

စိတ်မချရတဲ့ မြို့ပြလုံခြုံရေးတွေကြောင့် သင်လည်း ဒုစရိုက်သားကောင်မဖြစ်စေဖို့ ဒီအချက်လေးတွေ ဂရုတစိုက်နဲ့ လိုက်နာကြည့်ပါ။

မြို့ပြလူနေမှုစနစ်နဲ့ ခေတ်ရဲ့အခြေအနေ ပြောင်းလဲလာပြီးတဲ့နောက် လူတွေစည်ကားလှပါတယ်ဆိုတဲ့ မြို့ပြတွေဟာလည်း မလုံခြုံကြတော့ပါဘူး။ လူပေါင်းများစွာရှိနေတဲ့ လမ်းမတွေဖြစ်နေသည့်တိုင်အောင် ကိုယ်နဲ့မရင်းနှီးတဲ့ တစိမ်းတစ်ဦးရဲ့ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လေ့မရှိတဲ့ ရန်ကုန်မြို့ပြ ယဉ်ကျေးမှု စနစ်ကြောင့်လည်း မှုခင်းတွေက ပိုလို့တောင်ဖြစ်လာနေပါသေးတယ်။

play

 

အမျိုးသမီးတွေသာ မကပဲ အမျိုးသားတွေပါ လမ်းပေါ်က ဒုစရိုက်သမားတွေရဲ့ သားကောင်းဖြစ်လာရတာ တွေ့နေရပါတယ်။ လမ်းမပေါ်က ဒုစရိုက်သမားတွေရဲ့ ဦးတည်ချက်က အဓိကနှစ်ခုရှိပါတယ်။ လမ်းမပေါ်မှာ ဒုစရိုက်သမားတွေရဲ့ သားမကောင်မဖြစ်ရစေဖို့ ဆောင်ရန်ရှောင်ရန် အချက်တွေကို ဖော်ပြပေးထားပါတယ်။

၁။ အမြဲသတိရှိပါ။

play

 

ရန်ကုန်မြို့မှာ ဖြစ်နေတဲ့မှုခင်းကိစ္စရပ်တွေထဲမှာ သတိထားနေပါရက်နဲ့ သားကောင်းဖြစ်သွားရတဲ့(အထူးသဖြင့် အမျိုးသမီးများ) ရှိနေပါတယ်။ အဓိကအချက်ကတော့ အင်အားမမျှမှုရယ် လူခြေပြတ်မှုရဲ့ ဖြစ်ပါတယ်။ လမ်းသွားတဲ့အခါ သင့်ရဲ့ပတ်ဝန်းကျင်ကို အမြဲသတိပြုမိနေပါစေ။ သတိရှိနေဖို့က အရေးကြီးဆုံး ကိစ္စလည်းဖြစ်ပါတယ်။ အန္တရာယ်အချက်ပေးသံတွေ သင့်နားထဲရောက်လာပြီဆို လွတ်မြောက်ဖို့လမ်းကို အမြန်ဆုံးစဉ်းစားထားလိုက်ပါ။ သင့်အနေနဲ့ ရုတ်တရက်ပြန်လည်တိုက်ခိုက်ခြင်းဟာလည်း လွတ်မြောက်ဖို့ လမ်းကို ရစေနိုင်တာမမေ့ပါနဲ့။ သတိနဲ့ သတ္တိနှစ်ခုလုံးရှိပါစေ။ မှုခင်းအဖြစ်အပျက်တွေဟာ ဘယ်လိုပုံစံနဲ့ ဘယ်အချိန်ရောက်လာမယ် အတိအကျ ကြိုပြောနိုင်တာမဟုတ်လို့ သင်အမြဲသတိရှိနေဖို့ လိုပါတယ်။

မှောင်မိုက်ပြီး လူပြတ်တဲ့လမ်းတွေဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ရှောင်ရှားရမယ့် လမ်းတွေဖြစ်ပါတယ်။ လမ်းပိုလျှောက်ရတဲ့ နေရာဖြစ်နေသည့်တိုင် လူများတဲ့ လမ်းမကိုပဲ ရွေးချယ်သင့်ပါတယ်။

၂။ လမ်းသွားရင်း ပိုက်ဆံအိတ်မထုတ်ပါနဲ့

play

 

အထူးသဖြင့် အိမ်ကိုပြန်လာတဲ့အချိန်မျိုးတွေမှာ ပိုက်ဆံကိုလူမမြင်တဲ့နေရာမှာပဲ ထားသင့်ပါတယ်။ ငွေတွေကို လမ်းမှာ ထုတ်ပြီး တစ်နေရာက တစ်နေရာပြောင်းထည့်တာ ဒါမှမဟုတ် ရေတွက်တာ စတဲ့လုပ်ရပ်တွေက ဒုစရိုက်မှုတွေကို ဖိတ်ခေါ်နေတာနဲ့ တူပါတယ်။ လမ်းမှာ သင်သုံးဖို့လိုတဲ့ ပမာဏလောက်ပဲ အိတ်ကပ်ထဲမှာ အလွယ်တကူဆောင်ထားလိုက်ပါ။ လမ်းမှာဈေးဝယ်ချိန်မှာတောင် ပိုက်ဆံအိတ်ထုတ်ပြီး မရှင်းသင့်ပါဘူး။ သင့်မှာ ပိုက်ဆံတွေများနေလေ သားကောင်ဖြစ်လို့ အခွင့်အလမ်းပိုများလေပါပဲ။ အမျိုးသမီးတွေအနေနဲ့ စလင်းဘတ်အိတ်ကိုလည်း ဂရုတစိုက်လွယ်ရမှာ ဖြစ်ပါတယ်။ အိတ်လုပြေးတာမျိုးလည်း ရှိနိုင်တဲ့အတွက်ပါ။

၃။ သူစိမ်းများ အကူအညီတောင်းခံခြင်း

play

 

ဒုစရိုက်သမားတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ချဉ်းကပ်လာတက်ပါတယ်။ အမျိုးသမီး၊ အမျိုးသား အသက်အရွယ် မရွေးပဲ သင့်ကိုချဉ်းကပ်လာနိုင်ပါတယ်။ လိပ်စာမေးတာမျိုးဖြစ်စေ၊ ပိုက်ဆံတောင်းတာ မျိုးဖြစ်စေ ပုံစံအမျိုးမျိုးနဲ့ သင့်ဆီရောက်လာနိုင်ပါတယ်။ သင့်အတွက် အခက်အခဲမဖြစ်နိုင်တဲ့ အခြေအနေဆိုရင် ခပ်မြန်မြန်ကူညီပြီး လူများရာဆီကို ဦးတည်သွားလိုက်ပါ။ ဒါမှမဟုတ် သင့်နောက်မှာ ဆက်လိုက်နေဦးမယ်ဆိုရင်တော့ သင်အကူအညီတောင်းခံဖို့ အချိန်ရောက်ပြီဆိုတာ မှတ်ထားသင့်ပါတယ်။ ပုံစံမျိုးစုံနဲ့ သင်လမ်းသွားလမ်းလာတွေဆီက အကူအညီတောင်းခံနိုင်ပါတယ်။

သတိထားရမှာက သင်တစ်ယောက်တည်းဖြစ်နေချိန်မှာ ဒီလိုအကူအညီတောင်းခံရတာမျိုးကြုံရင် ရင့်သီးမောက်မာတဲ့ စကားလုံးတွေ မသုံးသင့်ပါဘူး။ ဒါဟာ ဒုစရိုက်သမားကို ပိုပြီးတွန်းအားပေးရာ ရောက်ပါတယ်။

ရှောင်လွှဲလို့မရခဲ့ရင်

play

 

ရှောင်လွှဲလို့မရတဲ့ အခြေအနေကြုံလာပြီဆိုရင် ပြန်လည်တိုက်ခိုက်ဖို့ စဉ်းစားထားပါ။ ရုတ်တရက်တိုက်ခိုက်ပြီး ထွက်ပြေးခြင်းဟာ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်သူရဲ့ အားနည်းချက်ရှိနေတဲ့ နေရာကို ထိထိမိမိတိုက်ခိုက်ပြီး လုံခြုံရာကို ထွက်ပြေးပါ။

ဒါတွေရှောင်ပါ

play

 

  • မနက်စောစော အလင်းရောင်မရှိသေးခင် တစ်ဦးတည်း လမ်းလျှောက်ထွက်ခြင်း
  • ညအိမ်ပြန်လျှင် အမြဲအဖော်နှင့်ပြန်ဖြစ်အောင် ကြိုးစားပါ။
  • ငွေကြေးများစွာမသယ်လာပါနှင့်။ တစ်နေ့တာသုံးလောက်ရုံသာ သယ်လာပါ။
  • တန်ဖိုးရှိတဲ့ ပစ္စည်းများကို လူမြင်ကွင်းတွင် ထုတ်မပြပါနှင့်။
  • သင့်နောက်က တစ်ယောက်ယောက်လိုက်လာပြီလို့ သံသရှိရင် စတိုးဆိုင်ဒါမှမဟုတ် စားသောက်ဆိုင် တခုခုထဲ ဝင်လိုက်ပါ။
  • ကားတံခါးကို အမြဲ lock ချထားပါ။ ဖြစ်နိုင်ရင် မှန်တင်ထားပါ။
  • အရေးပေါ်ဆက်သွယ်ရမယ့် ဌာနဆိုင်ရာ ဖုန်းနံပတ်နဲ့ မိသားစုဝင် ဖုန်းနံပတ်တွေကို လွယ်လွယ်ဆက်လို့ရတဲ့ ဖုန်းမျက်နှာပြင်မှာ ထားရှိထားပါ။

အားလုံးပဲ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ကြပါစေ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ