Lifestyle: ရန်ကုန်မြို့မှာနေသူတွေသာ နားလည်နိုင်တဲ့ ဒုက္ခ ၈ ခု

ရန်ကုန်သားဖြစ်ရတာလည်း မလွယ်လှပါဘူး။ သင်ဟာ ရန်ကုန်မြို့မှာ နေထိုင်သူဖြစ်တယ်ဆိုရင်တော့ ဒီဒုက္ခအခက်အခဲတွေကို သိထားပြီးသားဖြစ်မှာပါ။

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့လူဦးရေအထူထပ်ဆုံး ဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်ပေမယ့် မြို့တော်ရန်ကုန်ဟာ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပါတယ်။ သင်ဟာ ရန်ကုန်သူ၊ ရန်ကုန်သား တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ အခုဖော်ပြမယ့်အခက်အခဲတွေကို နားလည်သိရှိပြီးသား ဖြစ်ပါလိမ့်မယ်။

play

 

 ဒါမှမဟုတ် သင်က ရန်ကုန်မှာနေသူတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ အောက်မှာဖော်ပြမယ့် အချက်တွေထဲက တစ်ခုခု နားမလည်ခဲ့တာများရှိရင် ရန်ကုန်သားတစ်ဦးဦးကို မေးမြန်နိုင်ပါတယ်။

 

၁။ မိုး(သည်းသည်းမဲမဲ)ရွာသွန်းခြင်း

play

 

ရန်ကုန်မှာ မိုးသည်းသည်မဲမဲရွာလိုက်တာနဲ့ တစ်မြို့လုံးကစဉ့်ကလျားဖြစ်တဲ့နေ့ကို ရောက်တာပါပဲ။ အချိန်အတန်ကြာ မိုးရွာပြီးတဲ့အခါ ရန်ကုန်မြို့လမ်းမတွေဟာ ရေအောက်ကိုတခဏအချိန်အတွင်းမှာ ရောက်သွားလေ့ ရှိပါတယ်။ မိုးရွာပြီးတဲ့အခါ နောက်ဆက်တွဲဒုက္ခတွေများစွာကို ရန်ကုန်သားတွေ ရင်ဆိုင်ရလေ့ရှိပါတယ်။ မီးပျက်ခြင်း၊ ရေကြီးခြင်း၊ ဘတ်စ်ကားမရခြင်း၊ လမ်းပိတ်ခြင်း စတဲ့ဒုက္ခပေါင်းများစွာ ချက်ခြင်းရောက်လာတက်ပါတယ်။

၂။ လမ်းပိတ်ခြင်း

play

 

ရန်ကုန်မြို့ရဲ့လမ်းပိတ်မှုဒဏ်ရာ ဘယ်လောက်ဆိုးရွားသလဲဆိုတာ ရန်ကုန်မြို့သူ/မြို့သားတွေ အသိဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားတာခံရတဲ့ မြို့လည်းဖြစ်တာကြောင့် အားလုံးဟာ မော်တော်ယာဉ်ကိုသာ အဓိကအားကိုးကြရပြီး လမ်းပိတ်မှုဒဏ်ကို နေ့စဉ်ခံစားကြရပါတယ်။ အထူးသဖြင့် ရုံးတက်၊ ရုံးဆင်းချိန်တွေဟာ ရန်ကုန်မြို့ရဲ့လမ်းပိတ်မှုဒဏ်ကို အခံစားရဆုံး အချိန်တွေပါပဲ။

၃။ ရထားနောက်ခြင်းခြင်း

play

 

ကားလမ်းပိတ်မှုဒဏ်ကိုမခံစားချင်သူတွေ၊ ရထားဂိတ်နဲ့နီးနီးနားနားသွားလိုသူတွေက လိုင်းကားတွေ၊ အငှားယာဉ်တက္ကစီတွေအစား မြို့ပတ်ရထားတွေကို အားကိုးကြပါတယ်။ ရထားစီးတဲ့အခါ လမ်းပိတ်မှုဒဏ်ကို မခံစားရတော့ပေမယ့် ရထားနောက်ကျတဲ့ဒဏ်ကို ခံစားကြရပြန်ပါတယ်။ ဘယ်အချိန်ရောက်လာမယ် အတိအကျ မပြောနိုင်တဲ့ မီးရထားအချိန်ကြောင့် ကားလမ်းပိတ်သလိုပဲ အချိန်တွေကုန်သွားပြန်ပါတယ်။

၎။ ပလက်ဖောင်းမရှိခြင်း

play

 

မြို့တွင်းမှာ  လမ်းလျှောက်တဲ့အခါ ပလက်ဖောင်းပေါ်က ဈေးဆိုင်တွေကြားထဲ ကျပ်တည်းစွာလျှောက်လှမ်းရတာလည်း ဒုက္ခတစ်ခုဖြစ်ပါတယ်။ ပလက်ဖောင်းနဲ့ ပတ်သတ်ပြီး ရန်ကုန်မှာ နှစ်မျိုးရှိပါတယ်။ ပလက်ဖောင်းပေါ်မှာ ဈေးသည်တွေပြည့်နေတဲ့လမ်းမနဲ့ ပလက်ဖောင်းလုံးဝ မရှိတဲ့ လမ်းတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ လမ်းမကြီးတစ်လျှောက် ပလက်ဖောင်းလုံးဝမရှိတဲ့ နေရာမျိုးတွေလည်း ရှိတက်ပါတယ်။ ရန်ကုန်မှာနေသူတွေအနေနဲ့ ကျဉ်းကျပ်တဲ့ပလက်ဖောင်းပေါ် များပြားတဲ့လူအုပ်တွေကို ရှောင်တိမ်းရင်း လျှောက်လှမ်းရတာလည်း ဒုက္ခတစ်ခုဖြစ်ပါတယ်။

၅။ အခါကြီးရက်ကြီး ပိတ်ရက်များ

play

 

အခါကြီးရက်ကြီး ပိတ်ရက်တွေရောက်တဲ့အခါ ဘုရား၊ ရန်ကုန်မြို့လယ်၊ တိရိစ္ဆာန်ဥယျာဉ်နဲ့ ပန်းခြံတွေဟာ ချက်ခြင်းလူတွေပြည့်လျှံသွားလေ့ရှိပါတယ်။ ဒီလိုပိတ်ရက်တွေမှာ သင်ကအေးအေးလူလူအနားယူဖို့ ဒီနေရာတွေ သွားခဲ့မယ်ဆိုရင်တော့ အဆင်ပြေလာမှာ မဟုတ်ပါဘူး။ ပိတ်ရက်တွေရောက်တဲ့အခါ ဒီလို လူအုပ်များပြားလှတဲ့မြင်ကွင်းမျိုးကို အထူးသဖြင့် ဘုရားတွေမှာ တွေ့နိုင်ပါတယ်။

၆။ ပိတ်ရက်များတွင် ရုပ်ရှင်ရုံလက်မှတ်မရခြင်း

play

 

စနေ၊ တနင်္ဂနွေပိတ်ရက်တွေကို အပန်းဖြေဖို့ ရုပ်ရှင်သွားကြည့်မယ်ဆို တစ်ရက်၊ နှစ်ရက်လောက်စောပြီး လက်မှတ်ကြိုဝယ်ထားသင့်ပါတယ်။ အနားကပ်မှသွားရင်တော့ သင်ဟာရုပ်ရှင်လက်မှတ်ရနိုင်ဖို့ မသေချာတော့ ပါဘူး။ လူဦးရေ ငါးသန်းဝန်ကျင်ရှိတဲ့ ရန်ကုန်မြို့မှာ ရုပ်ရှင်ရုံဆယ်ဂဏန်းလောက်သာရှိတာကြောင့် ပိတ်ရက်မှာ ရုပ်ရှင်လက်မှတ်မရတဲ့ ပြဿနာကို ရန်ကုန်သားတွေ အမြဲကြုံရလေ့ ရှိပါတယ်။

၇။ ဘတ်စ်ကားတိုးစီးရခြင်း

play

 

ဘတ်စ်ကားစီးရတဲ့ ဒုက္ခကိုလည်း ရန်ကုန်မြို့သူ၊ မြို့သားတွေ ခံရပြန်ပါတယ်။ ရုံးတက်ရုံးဆင်းချိန်မှာ ခြေချစရာ နေရာမရှိတဲ့ဘတ်စ်ကားပေါ်ကို ရအောင်တက်ကြရပါတယ်။ အခန့်မသင့်ရင် သင်ဟာဘတ်စ်ကား စပယ်ယာများရဲ့ အော်ငေါက်ခြင်းကိုတောင် ခံရနိုင်ပါသေးတယ်။ ဘတ်စ်ကားစီးရတဲ့ ဒုက္ခဟာ ရန်ကုန်မြို့ရဲ့ ရှောင်လွှဲလို့မရတဲ့ ဒုက္ခဖြစ်ပြီး လူအများစု နေ့စဉ်ကြုံတွေ့ကြရပါတယ်။

၈။ လူကူးမျဉ်းကြားတွင် အရှိန်မလျှော့သည့် ကားများကို သည်းခံရခြင်း

play

 

လူကူးမျဉ်းကြားက လမ်းဖြတ်ကူးနေလို့ သင့်ကိုသင်စိတ်ချရပြီမထင်ပါနဲ့။ လူကူးမျဉ်းကြားရောက်လည်း အရှိန်မလျှော့ပေးတဲ့ ကားတွေဟာ နေ့စဉ်ရန်ကုန်မြို့မှာ ရှိနေပါတယ်။ တစ်ခါတစ်ရံ ကားမရှင်းတဲ့ လူကူးမျဉ်းကြားကိုဖြတ်ကူးဖို့ သင်ဟာ အချိန်ကြာမြင့်စွာ စောင့်ချင်စောင့်ရတက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ