ဗြိတိလျှအုပ်ချုပ်ရေးအောက်က ခွဲထွက်နိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသက်တမ်းဟာ ၆၇ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လွတ်လပ်ရေးရတဲ့နေကစပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့သူက စပ်ရွှေသိုက်ဖြစ်ခဲ့ပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအသင်းကတဆင့် ရှမ်းတိုင်းရင်းသား(ဦး)စပ်ရွှေသိုက်က နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မတိုင်ခင်အထိ မြန်မာနိုင်ငံကို ဖဆပလို့ အလွယ်ခေါ်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့က ခေါင်းဆောင် ၃ ဦးသမ္မတာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တင်ပေးလိုက်တဲ့သူတွေသာ တိုင်းပြည်ရဲ့ သမ္မတသို့မဟုတ် အကြီးအကဲဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်တစ်ခါ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုအတည်ပြုပြီးပြီလို့ အာဏာပိုင်တွေက ကြေငြာပြီးတဲ့နောက် ၂၀၁၀ မှာ ပြည်လုံးကျွတ်ရွေးကောက်ပွဲကို စတင်ခဲ့ပြီး အာဏာရလာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းရဲ့ ဥက္ကဌဦးသိန်းစိန်က လက်ရှိသမ္မတဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ သမ္မတစာရင်းကိုကြည့်လိုက်ရင် အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။
၁။ စပ်ရွှေသိုက် (၄ ဇန်နဝါရီ မှ ၁၆ မတ် ၁၉၅၂ အထိ)
ပထမဆုံးသမ္မတ စပ်ရွှေသိုက်က သမ္မတသက်တမ်း ၄ နှစ်နဲ့ ၇၂ ရက်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ညောင်ရွှေမြို့ဇာတိ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
၂။ (ဒေါက်တာ)ဘဦး (၁၆ မတ် ၁၉၅၂ ခုနှစ်မှ ၁၃ မတ် ၁၉၅၇ ခုနှစ်အထိ)
မြန်မာနိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်လာသူက ဦးဘဦးဖြစ်ပြီး တရားရုံးရဲ့တရားသူကြီးချုပ်လည်းဖြစ်ပါတယ်။ ဗြိတိလျှအစိုးရ လက်အောက်ခံဘဝမှာကတည်းက ဦးဘဦးဟာ နာမည်ကောင်းနဲ့ ကျော်ကြားသူဖြစ်ပြီး ဘွဲ့တံဆိပ်တွေလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဦးဘဦးလည်း သမ္မတဟောင်းစပ်ရွှေသိုက်နဲ့ တနှစ်သက်ခြားပြီး ကွယ်လွန်ခဲ့ပြန်ပါတယ်။
၃။ (မန်း)ဝင်းမောင် (၁၃ မတ် ၁၉၅၇ ခုနှစ်မှ ၂ မတ် ၁၉၆၂ ခုနှစ်အထိ)
မြန်မာနိုင်ငံအတွက် သုံးဦးမြောက်သမ္မတဖြစ်သလို ဖဆပလပါတီရဲ့ နောက်ဆုံးသမ္မလည်း ဖြစ်ခဲ့ပါတယ်။ သမ္မတသက်တမ်းကို ၄ နှစ် ၃၅၄ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်နေဝင်းရဲ့ အာဏာသိမ်းမှုကို မတ်လ ၂ ရက်နေ့ ၁၉၆၂ ခုနှစ် မှာခံခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကတဆင့် နိုင်ငံရဲ့ အကြီးအကဲဖြစ်လာသူတွေကတော့…
၁။ ဦးနေဝင်း( ၂ မတ် ၁၉၇၄ ခုနှစ်မှ ၉ နိုဝင်ဘာ ၁၉၈၁ ခုနှစ်အထိ)
ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက် ၇ နှစ်နဲ့ ၂၅၂ ရက်ကြာအထိ နိုင်ငံ့အကြီးအကဲ အနေနဲ့ ဆက်ရှိနေခဲ့ပါတယ်။ တော်လှန်ရေးကောင်စီရဲ့ အကြီးအကဲအဖြစ် ဆက်ရှိခဲ့ပြီး နိုင်ငံ့ဝန်ကြီးချုပ် ရာထူးကိုလည်း ရယူထားခဲ့သူဖြစ်ပါတယ်။ ၇ နှစ်နောက်ပိုင်းကာလတွေထဲမှာ သမ္မတဖြစ်လာခဲ့သူ လေးဦးခန့်ရှိခဲ့ပေမယ့် ဦးနေဝင်းရဲ့ပါတီရဲ့ အကြီးအကဲအဖြစ်ဆက်ရှိခဲ့ပြီး အကြီးအကဲတစ်ယောက်အဖြစ် ဆက်ရှိခဲ့ပါတယ်။
၂။ ဦးဆန်းယု( ၉ နိုဝင်ဘာ ၁၉၈၁ မှ ၂၇ ဇူလိုင် ၁၉၈၈)
သမ္မတရာထူးကို ၆ နှစ်နဲ့ ၂၆၁ ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဦးနေဝင်းလက်ထက် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ခဲ့ပြီး ရာထူးအဆင့်ဆင့် တိုးမြှုင့်ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။
၃။ ဦးစိန်လွင် ( ၂၇ ဇူလိုင် ၁၉၈၈ မှ ၁၂ သြဂုတ် ၁၉၈၈)
လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အဆိုးရွားဆုံးဖြစ်စဉ်တွေ ရှိခဲ့တဲ့ ရက်တွေဟာ သမ္မတဟောင်း(ဦး)စိန်လွင်ရဲ့ သမ္မတသက်တမ်းတိုတိုလေးအတွင်းမှာလည်း ဖြစ်ပျက်ခဲ့ပါတယ်။ ကမ္ဘာကျော် ၈ လေးလုံးရေးတော်ပုံကြီးဟာလည်း ဦးစိန်လွင်သမ္မတတာဝန်ထမ်းဆောင်နေစဉ် ဖြစ်ခဲ့တာပါ။ သမ္မတသက်တမ်း ၁၆ ရက်နဲ့ နှုတ်ထွက်သွားခဲ့ရသူဖြစ်ပါတယ်။
၎။ ဒေါက်တာမောင်မောင် ( ၁၉ သြဂုတ် ၁၉၈၈ မှ ၁၈ စက်တင်ဘာ ၁၉၈၈အထိ)
ယိမ်းယိုင်ပြီး ရှုပ်ထွေးနေတဲ့တိုင်းပြည်ရဲ့ အခြေအနေကို ရက်ပေါင်း ၃၀ ကြာဦးနေဝင်းလက်က ဝင်ရောက် ထိန်းသိမ်းပေးခဲ့သူဖြစ်ပါတယ်။ ရက်ပေါင်း ၃၀ ကြာပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ၁၈ ရက်စက်တင်ဘာလ ၁၉၈၈ ခုနှစ်မှာခံလိုက်ရပြန်ပါတယ်။
၅။ ဗိုလ်ချုပ်ကြီးစောမောင် ( ၁၈ စက်တင်ဘာ ၁၉၈၈ မှ ၂၃ ဧပြီ ၁၉၉၂)
ဗိုလ်ချုပ်ကြီးစောမောင်က နိုင်ငံ့အကြီးအကဲတာဝန်ယူထားစဉ်အတွင်း ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးခဲ့သူဖြစ်ပါတယ်။ ၁၉၉၀ ခုမှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက အနိုင်ရခဲ့ပေမယ့်လည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ နေရာကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အစားထိုးဝင်ရောက်လာပါတယ်။
၆။ ဗိုလ်လ်ချုပ်မှူးကြီးသန်းရွှေ( ၂၃ ဧပြီ ၁၉၉၂ မှ ၃၀ မတ် ၂၀၁၁ အထိ)
လွတ်လပ်ရေးရပြီးနောက်ပိုင်း အစဉ်အဆက်ရှိခဲ့တဲ့ သမ္မတတွေနဲ့ နိုင်ငံကြီးအကဲတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြီးအကဲသက်တမ်းက အရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ နိုင်ငံအကြီးအကဲအဖြစ် ၁၃ နှစ်ကျော် ရှိခဲ့ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ အကြီးအကဲအဖြစ် ရှိခဲ့ပြီး ၂၀၁၀ မှာအထွေထွေရွေးကောက်ပွဲ လုပ်ပေးပြီးနောက် အနားယူသွားခဲ့သူဖြစ်ပါတယ်။
၇။ ဦးသိန်းစိန်( ၃၀ မတ် ၂၀၁၁ မှ လက်ရှိတာဝန်ထမ်းဆောင်ဆဲ)
လက်ရှိတာဝန်ထမ်းဆောင်နေဆဲ သမ္မတဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လို့ ပြောင်းလဲ အမည်ပေးခဲ့ပြီးနောက်ပိုင်း ပထမဆုံးသမ္မဖြစ်လာသူလည်းဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးအသင်းရဲဥက္ကဌဖြစ်ပြီး သမ္မတသက်တမ်း ၄ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။