Lifestyle: သဌေးကြီးဘီလ်ဂိတ်ရဲ့ အကြီးမားဆုံး နောင်တ

ကမ္ဘာကျော်သဌေးကြီးဘီလ်ဂိတ်ဟာ အများအမြင်မှာ အောင်မြင်ချမ်းသာနေသူဖြစ်ပေမယ့် သူ့မှာလည်း နောင်တတစ်ချို့ရှိနေပါတယ်။

အသက်ရှင်နေထိုင်ကြတဲ့ လောကြီးမှာ လူသားအားလုံး နောင်တက်ကိုယ်စီ ရှိတက်ကြပါတယ်။ ယနေ့ချိန်ခါမှာ သင်ဟာအကြီးအကျယ်အောင်မြင်နေသူ ဖြစ်သည့်တိုင်အောင် ဘဝမှာ မလုပ်ခဲ့ရတဲ့ သို့မဟုတ် လုပ်မိလိုက်တဲ့ အရာတွေအတွက် အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ နောင်တရမိကြမှာ ဖြစ်ပါတယ်။

မင်ဒဲလ်လား၊ အိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်စတဲ့ နိုင်ငံရေးသမားတွေအက အစပြုပြီး ဘီလ်ဂိတ်၊ ဒေါ်နယ်ထရန့်၊ မာ့ခ်ဇူကာဘတ် တို့အပါအဝင် အားလုံးဆီမှာ နောင်တရစရာ အကြောင်းအရာ တစ်ခုစီတော့ ရှိနေတက်ပါတယ်။

play

 

ယနေ့ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ နံပတ် -၁ စာရင်းဝင်နေတဲ့ မိုက်ခရိုဆော့ဖ်သဌေးကြီး ဘီလ်ဂိတ်လည်း သင်တို့လိုပဲ နောင်တအကြီးအကျယ်ရမိ နေတာတွေရှိပါတယ်။ ဘီလ်ဂိတ်ရဲ့ နောင်တက ဘာများပါလိမ့်မယ်။ ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စိန်ခေါ်ပွဲစစ်တုရင်ထိုးပြီး ရှုံးသွားတာတောင်မှ တဖက်မှာ စီးပွားရေးအရ အမြတ်ထုတ်သွားတဲ့ ဘီလ်ဂိတ်ဆီမှာ နောင်တရခဲ့တာရော ရှိခဲ့လို့လားလို့ စဉ်းစားချင်စရာပါ။ ဒါပေမယ့် ဘီလ်ဂိတ်လည်း သေချာပေါက် နောင်တရနေတဲ့ အရာရှိပါတယ်။

play

 

အင်တာနက်ပေါ်မှာ နာမည်ကြီးတွေကို ဖိတ်ခေါ်စုဝေးပြီး ပရိသတ်တွေက မေးချင်ရာမေးလို့ရတဲ့ AMA အစီအစဉ် တစ်ခုရှိပါတယ်။ အဲဒီအစီအစဉ်မှာ သဌေးကြီးဘီလ်ဂိတ်က သူရခဲ့တဲ့ နောင်တအကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားဘာသာစကားတွေ တစ်ခုတောင်မတက်ခဲ့တဲ့အတွက် တော်တော်အသုံးမကျပါလားလို့ ကျွန်တော့်ကိုကိုယ် ကျွန်တော်တွေးမိပါတယ်။ အထက်တန်းကျောင်းမှာတုန်းကတော့ ဂရိနဲ့ လက်တင်စာ သင်ခဲ့ရဖူးတယ်။ အဲဒါကပဲ ကျွန်တော့်ရဲ့ဝေါဟာရကြွယ်ဝမှုကို ကူညီပေးခဲ့မယ်ထင်တယ်။ ပြင်သစ်စာ၊ အာရေဗျစာ ဒါမှမဟုတ် တရုတ်စာ တစ်ခုခုတက်ဖို့ အချိန်ရပါစေလို့ ကျွန်တော်ဆုတောင်းတယ်။ ပြင်သစ်စာ ပိုတက်ချင်တ။ ဘာလို့လဲဆိုတော့ ပိုလွယ်တယ်လေ။’’ လို့ ဘီလ်ဂိတ်က ဆွေးနွေးပွဲမှာ သူ့ရဲ့ နောင်တအကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

play

 

အခြားနည်းပညာကုမ္ပဏီတွေရဲ့ စီအီးအိုတွေက မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာစကား တွေတက်မြောက်ထားကြသူ များပါတယ်။ Facebook စီအီးအို မာ့ခ်ဇူကာဘတ်လည်း တရုတ်(မန်ဒရင်း) ဘာသာစကားကို တက်မြောက်ထားပြီး တရုတ်တက္ကသိုလ်မှာလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ မန်ဒရင်း ဘာသာစကားနဲ့ အမေးအဖြေလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

ဘီလ်ဂိတ်ရတဲ့ နောင်တဟာ အားလုံးအတွက်တန်ဖိုးရှိပါတယ်။ ယနေ့ခေတ်မှာ မိခင်ဘာသာစကားအပြင် ကမ္ဘာမှာ လူသုံးများတဲ့ ဘာသာစကားတွေကို တက်မြောက်ထားခြင်းက သင့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းကို ပိုမိုတိုးတက်စေမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ