Lifestyle: ပျော်ရွှင်ရတဲ့ တင်္နလာနေ့ကိုပိုင်ဆိုင်ဖို့ ဒါတွေလုပ်ကြည့်ပါ

တနင်္ဂနွေရောက်လာပြီဆို မနက်ဖြန်ရုံးတက်ရတော့မယ်အကြောင်းတွေးပြီး ဝန်ထမ်းတွေ စိတ်ဖိစီးတက်ကြပါတယ်။ အဲဒီလို မဖြစ်ရအောင် ဒီအလေ့အကျင့်လေးတွေ လုပ်ကြည့်ပါ။

လုပ်ငန်းခွင်အသီးသီးမှာ လုပ်ကိုင်နေကြတဲ့ သက်လတ်ပိုင်းဝန်ထမ်းတွေမှာ တနင်္လာကြောက် ရောဂါ တစ်မျိုး ရှိတက်ကြပါတယ်။ ဆိုလိုတာက ရုံးပိတ်ရက်(weekends) ကုန်ဆုံးခါနီး တနင်္ဂနွေနေ့ကို ရောက်လာတဲ့အခါ နက်ဖန်တနင်္လာနေ့(ရုံးတက်ရမယ့်နေ့) ဆိုတဲ့အတွေးက အတော်များများကို စိတ်ဖိစီးစေပါတယ်။ ဒါဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဝန်ထမ်းတွေအကြားမှာလည်း ကြုံနေရတဲ့ အခြေအနေဖြစ်ပါတယ်။

မနက်ဖြန်ရုံးပြန်တက်ရတော့မယ်ဆိုတဲ့ အသိက ဝန်ထမ်းအချို့ကို စိတ်မသက်မသာဖြစ်စေပါတယ်။ ကုန်ဆုံးသွားတဲ့ အားလပ်ရက်တွေကို နှမြောကောင်းနှမြောနေပါလိမ့်မယ်။ အားလုံးမှာတော့ ဒါမျိုး မဖြစ်နိုင်ပါဘူး။ အလုပ်မှာ စိတ်ပါဝင်စားမှုရှိပြီး သိပ်တက်ကြွတဲ့ဝန်ထမ်းတွေဆီမှာတော့ ဒီတနင်္လာကြောက် ရောဂါ ဖြစ်နိုင်ချေနည်းပါတယ်။

play

 

ဒါကြောင့်လည်း I Hate Monday ဆိုတဲ့ စာသားနဲ့ လူငယ်ကြိုက်လွယ်အိတ်တွေ ရောင်းကောင်းနေရခြင်း ဖြစ်ပါတယ်။ ကဲ သင့်ရဲ့တနင်္လာနေ့ကို ဖိအားတွေမရှိပဲ ဖြတ်သန်းချင်မယ်ထင်ပါတယ်။ ဒါကိုလေ့ကျင့်ယူဖို့ သိပ်မခက်လှပါဘူး။ ဘာတွေလုပ်ရမလဲဆိုတာ အောက်မှာ ကြည့်လိုက်ပါဦး။

၁။ အချိန်မဆွဲပါနဲ့

play

 

ကျွန်တော်တို့အားလုံး စနေ၊တနင်္ဂနွေနေ့တွေမှာ အပျင်းထူနေတက်ကြပါတယ်။ ဒါပေမယ့်လည်း သင့်မှာလုပ်စရာတွေ ရှိနေတယ်ဆိုရင် အချိန်မဆွဲပဲ လုပ်ထားလိုက်ပါ။ အိမ်စာတွေ၊ အပြီးဖြတ်ရမယ့် အလုပ်တွေ၊ အိမ်သန့်ရှင်းရေးလုပ်ဖို့တွေ စသဖြင့် လုပ်စရာတွေရှိနေမှာပါ။ ဒါတွေကို အချိန်မဆွဲပဲ လုပ်ထားလိုက်ပါ။ လုပ်စရာရှိတာတွေကို စနေ၊တနင်္ဂနွေမှာ လုပ်မယ်လို့ ကျွန်တော်တို့ အလွယ်ပြောတက်ကြ ပေမယ့် တကယ်တမ်းမှာ ဒီအားလပ်ရက်တွေက ဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက် ဖြစ်သွားတက် ပါတယ်။

ဒါကြောင့် သောကြာနေ့ဆိုတာနဲ့ စနေ၊တနင်္ဂနွေမှာ လုပ်ရမယ့်အရာတွေကို သေချာစာရင်းလုပ်ပြီး အချိန်မဆွဲပဲ လုပ်တဲ့အကျင့်ကို ယူထားလိုက်ပါ။

၂။ နေ့စဉ်လုပ်စရာ ကိစ္စတွေကို ချရေးထားပါ

play

 

အစီအစဉ်ကောင်းကောင်းကြိုဆွဲထားတက်သူဟာ ဘဝကိုပြောင်းလဲနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ အစီအစဉ်ကြိုဆွဲတက်တဲ့ အကျင့်မရှိသေးရင် အခုပဲ စလုပ်လိုက်ပါတော့။ လာမယ့် ရက်သတ္တပတ်မှာ ဘာတွေပြီးအောင်လုပ်ရမယ်ဆိုတာမျိုး သင့်မှာ အစီအစဉ်ကြိုဆွဲထားတက်ပါစေ။ သင်ဘာတွေကို မဖြစ်မနေ လုပ်ရမယ်ဆိုတာလည်း ရွေးတက်ပါစေ။ သင့်အတွက်အားလပ်ချိန်မကျန်တော့တာမျိုးတော့ မဖြစ်ပါစေနဲ့။ အစီအစဉ်တွေ ကြိုချထားခြင်းဟာ သင့်ကို လာမယ့်ရက်သတ္တပတ်ကပေးမယ့် ဖိအားတွေ လျော့သွားစေပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါ။

၃။ လိုအပ်မယ့်ပစ္စည်းတွေ တစ်ခါတည်းပြင်ထားပါ

play

 

ဆိုလိုတာက တင်္နလာမနက်အလုပ်သွားဖို့အတွက် ဝတ်မယ့်အဝတ်အစား၊ အသုံးအဆောင် စတာတွေကို တစ်ခါတည်း  ပြင်ထားလိုက်ပါ။ ဒါကိုလုပ်ခြင်းအားဖြင့် မနက်ကျရင် သင်အချိန်ပိုရလာပါလိမ့်မယ်။ ဒါကို နေ့တိုင်းတော့ လုပ်စရာမလိုပါဘူး။ နှစ်ရက်သုံးရက်စာ တစ်ခါတည်း လုပ်ထားမယ်ဆိုရင် မနက်ရောက်တဲ့အခါ အိပ်ယာပေါ်မှာ ပြန်နှပ်နေချိန် ပိုရသွားတာပေါ့။

၎။ အိမ်သန့်ရှင်းရေးလုပ်ပါ

play

 

တနင်္ဂနွေမှာ အိမ်သန့်ရှင်းရေးလုပ်ပါ။ ညစ်ပတ်နေတဲ့ သင့်ရဲ့စားပွဲ၊ ညစ်ပတ်နေတဲ့ ကြမ်းပြင်နဲ့ တစ်ခန်းလုံး ပွနေတဲ့ အဝတ်အစားတွေကို လျှော်ဖွတ်ဖို့ စတင်သင့်ပါတယ်။ ဒါဟာသင့်အတွက် တနင်္လာနေ့ကို ရင်ဆိုင်ဖို့ စိတ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။ ကိုယ်ရဲ့ အိမ်ဟာ တနင်္လာနေ့မှာ တက်နိုင်သမျှ သန့်ရှင်းနေပါဖို့  သင်ကြိုးစားကြည့်ပါ။

၅။ အလုပ်အတွက်၊ ကျောင်းအတွက် လိုအပ်တာတွေ ပြင်ထားပါ

play

 

မနက်ဖြန်အလုပ်မှာ သို့မဟုတ် ကျောင်းမှာလိုအပ်မယ့် စာရွက်စာတမ်းတွေ၊ ကွန်ပျူတာတွေ စတာတွေကို တစ်ခါတည်း ပြင်ထားလိုက်ပါ။ တနင်္ဂနွေမှာ အလုပ်အတွက်ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် တနင်္လာနေ့ ရောက်မှာကို သင့်စိတ်က ကြောက်မနေတော့ဘူးပေါ့။ သင့်ရဲ့အိတ်ထဲ လိုအပ်မယ့် ပစ္စည်းတေါထည့်ထားပါ။ ဒါတွေကို ကြိုပြင်ထားပြီး အလုပ်သွားမယ့် သင့်ရဲ့အိတ်ကို ကြိုပြင်ထားခြင်းဟာ မနက်ရောက်တဲ့အခါ သင့်ကို အချိန်ပိုရစေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ