Lifestyle: မြန်မာပြည်ဖြစ်လာစေခဲ့သည့် ပျူမြို့ပြနိုင်ငံများသမိုင်း

မြန်မာပြည်ရယ်လို့ ဖြစ်မလာခဲ့စဉ် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်းကျော်ကာလမှ ပျူမြို့ပြနိုင်ငံတွေရဲ့ သမိုင်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ဘီစီ ၂ ရာစုလောက်က စတင်တည်ထောင်ခဲ့တဲ့ ပြည်မြို့ပြနိုင်ငံတွေဟာ ယနေ့ကမ္ဘာမှာ မြန်မာနိုင်ငံဆိုပြီး ဖြစ်လာဖို့ အခြေခံကျခဲ့တဲ့ မြို့ပြနိုင်ငံတွေဖြစ်ပါတယ်။ လူသားမျိုးနွယ်ဖြစ်တည်မှု သမိုင်းမှာ ကြေးခေတ်ကာလလို့ ခေါ်ရမယ့် အဲဒီခေတ်တုန်းက တိဘက်တောင်တန်းဒေသတွေက လူမျိုးအချို့ဟာ ယနေ့မြန်မာနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်ပြီး အခြေချနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

play

 

နောက်ပိုင်းမှာ ပျူလူမျိုးလို့သမိုင်းပညာရှင်တွေခေါ်ကြတဲ့ အဲဒီလူမျိုးတွေဟာ အရှေ့တောင်အာရှတစ်ဝိုက် ပြောင်းရွှေ့မြို့တည်ပြီး အခြေချနေထိုင်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒါဟာ နောင်နှစ်ပေါင် တစ်ထောင်ကျော်အကြာမှာ မြန်မာနိုင်ငံရယ်လို့ ဖြစ်လာဖို့ အခိုင်မာဆုံးလမ်းစတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ပျူမြို့ပြနိုင်ငံတွေကို ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တာရာ၊ မိုင်းမော်၊ ဗိန်နက စတဲ့အဓိကမြို့တွေ တည်ဆောက်ပြီး ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ အခြားသေးငယ်တဲ့ မြို့ပြနိုင်ငံငယ်တွေများစွာလည်း တည်ရှိခဲ့ပါတယ်။ အထူးသဖြင့် မူးမြစ်တောင်ကြားဒေသ၊ ကျောက်ဆည်လွင်ပြင်နဲ့ မင်းဘူးဒေသ စတဲ့နေရာ အနီးအနားတွေမှာ မြို့ရွာတွေ တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

ဟန်လင်းမှ သရေခေတ္တာရာသို့

play

 

တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာ တည်ရှိတဲ့ဒေသဖြစ်တာကြောင့် ပျူမြို့ပြနိုင်ငံတွေဟာ ဒီနိုင်ငံကြီးတွေနဲ့ ကုန်သွယ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အစောပိုင်းပျူမြို့ပြနိုင်ငံတွေက အထက်ပိုင်းဒေသ ဟန်လင်းအထိ ရှိခဲ့ပြီး ဟန်လင်းမြို့ပြကလည်း အရေးအပါဆုံး ကုန်သွယ်ရာဒေသ ဖြစ်ခဲ့ပါတယ်။ ၇ ရာစုကနေ ၈ ရာစုလောက်အထိ ဟန်လင်းက ပျူနိုင်ငံတော်ရဲ့ အဓိကမြို့ပြဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သရေခေတ္တရာနဲ့ အစားထိုးခြင်း ခံလိုက်ရပါတယ်။  ဟန်လင်းဒေသထက် နှစ်ဆလောက်ကြီးမားကျယ်ပြန့်တဲ့ သရေခေတ္တာရာမြို့ဟာ နောက်ပိုင်းမှာ ပိုမိုအင်အားကြီးလာပြီး အရေးအပါဆုံး မြို့ပြဖြစ်လာပါတယ်။

ယဉ်ကျေးမှုနှင့် ကုန်သွယ်မှု

play

 

တရုတ်၊ အိန္ဒိယနှစ်နိုင်ငံနဲ့သာ အဓိကုန်သွယ်မှုတွေ ပြုလုပ်ခဲ့ရတာကြောင့် ပျူမြို့ပြနိုင်ငံတွေဆီက တရုတ်နဲ့ အိန္ဒိယက ယဉ်ကျေးမှုတွေရောနှောဝင်ရောက်လာပါတယ်။ အထူးသဖြင့် အိန္ဒိယနဲ့ ကုန်သွယ်မှုပိုလုပ်ဖြစ်ပြီး တဲ့နောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ အခြားယဉ်ကျေးမှုတွေ နိုင်ငံအတွင်း စိမ့်ဝင်ခဲ့ပါတယ်။ နိုင်ငံရေး အယူအဆတွေမှာပါ အိန္ဒိယရဲ့လွှမ်းမိုးမှုတွေ ရှိလာခဲ့တယ်လို့ ဆိုကြပါတယ်။ နောက်ပိုင်းမှာ မြန်မာ့ယဉ်ကျေးမှု ရယ်လို့ဖြစ်လာပြီး ဗုဒ္ဓပြက္ခဒိန်ကို အခြေခံတဲ့ ပျူပြက္ခဒိန်ဟာလည်း နောက်ပိုင်းမှာ ဗမာပြက္ခဒိန်ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယကစာလုံးတွေပေါ်မှာ အခြေခံပြီး ပျူစာလုံးတွေဖန်တီးခဲ့ကြသလို နောက်ပိုင်းမှာ မြန်မာအက္ခရာ၊ ဘာသာစကားအထိ ဖြစ်လာခဲ့တယ်လို့ လည်းဆိုကြပါတယ်။

ပျူနိုင်ငံပျက်သုန်းခြင်း

play

 

ဘီစီ ၉ ရာစုအရောက်မှာ ပျူနိုင်ငံပျက်သုန်းဖို့ အကြောင်းဖန်လာပါတယ်။ နန်ချောင်ဧကရာဇ်နိုင်ငံက ကျူးကျော်မှု အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက် ပျူမြို့ပြတွေ တိုက်ခိုက်ဖျက်စီးခံရပါတယ်။ ယနေ့ဗမာလူမျိုးတွေဟာ နန်ချောင်ကလာသူတွေရဲ့ မျိုးဆက်လို့ ဆိုကြပါတယ်။ အချို့ကတော့ နောက်ပိုင်းမှာ ပျူနဲ့နန်ချောင်ကလူမျိုးတွေပေါင်းစပ်ခဲ့ကြတယ်လို့လည်း အချို့က ပြောပါတယ်။

ပျူမြို့ပြနိုင်ငံတွေ အားနည်းသွားပြီးနောက် ပုဂံဒေသကို အထက်မြန်မာပြည်မှာ စတင်ထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ရာစုနှစ်သုံးဆက်လောက်အထိ ပျူလူမျိုးတွေ ရှိနေခဲ့သေးတယ်လို့ ဆိုကြပြန်ပါတယ်။ ၁၃ ရာစုလောက်အရောက်မှာတော့ ပျူယဉ်ကျေးမှုနဲ့ လူမျိုးဟာ ဗမာလူမျိုးရဲ့သိမ်းပိုက်မှု အောက်ထဲ လုံးလုံးရောက်ရှိသွားခဲ့ပါတော့တယ်။ 

play

 

ပျူမြို့ပြနိုင်ငံတွေရဲ့ အဓိကကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုထွန်းကားရာ မြို့တွေဖြစ်ခဲ့တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စတဲ့မြို့တွေကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်သမိုင်းဝင်နေရာအဖြစ် ၂၀၁၄ မှာ သတ်မှတ်ခဲ့ပါတယ်။ UNESCO ကအသိအမှတ်ပြုထားတဲ့ မြို့ဟောင်းသုံးနေရာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ