Lifestyle: စိတ်ဖိစီးမှု ကင်းဝေးဖို့ အလေ့အကျင့်ကောင်းများ

လူတိုင်းစိတ်ဖိစီးမှုရှိကြပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေကို အလွယ်တကူကျော်လွှားနိုင်ဖို့ ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။

လူတိုင်းအောင်မြင်ချင်ကြပါတယ်။ ဒါပေမယ့် ဘာကြောင့် လူအနည်းသာ အောင်မြင်ခြင်းလမ်းကို ဆုံးခန်းတိုင်းတဲ့အထိ နင်းနိုင်ခဲ့ကြရတာပါလဲ။ ဖိအားဆိုတာ ကျွန်တော်တို့လူသားတွေနေ့စဉ် ရင်ဆိုင်နေရတဲ့ အရာဖြစ်ပါတယ်။ အလုပ်လုပ်သူမှာလည်း ဖိအားတွေရင်ဆိုင်ရလို အလုပ်မလုပ်ပဲ ထိုင်နေသူမှာတောင် ဖိအားတွေရှိနေပါတယ်။ ဒီတော့ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျော်လွှားမလဲဆိုတဲ့ နည်းလမ်းက ဒီနေရာမှာ အရေးကြီးလာပြီဖြစ်ပါတယ်။

play

 

သာမန်ဖိအားမျိုးတွေပင် ဖြစ်သည့်တိုင်အောင် ကြိမ်ဖန်များစွာ ရင်ဆိုင်ရတဲ့အခါ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာစေမှာ အမှန်ဖြစ်ပါတယ်။ ဖိအားတွေကို ဘယ်လိုရှင်းထုတ်ရမလဲဆိုတဲ့ နည်းလမ်းတကျ အဖြေ ၇ ခုကို အောက်မှာ ဖော်ပြပေးထားပါတယ်။

ကဲ ကြည့်လိုက်ကြပါစို့။

၁။ တရားထိုင်ခြင်း

play

 

တရားထိုင်ခြင်းဆိုတာ ဗုဒ္ဓဘာသာတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ လူသားအားလုံး ဘာသာအားလုံးအတွက် စိတ်ငြိမ်းချမ်းရာပေးနိုင်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စွမ်းအားအလွန်ကြီးပါတယ်။ တရား ထိုင်လိုက်ပြီဆိုရင် သင့်ရဲ့ ဝင်သက်၊ ထွက်သက်တွေဟာ မှန်လာမှာ ဖြစ်သလို သင့်ရဲ့ခန္ဓာကိုယ်ကလည်း အောက်ဆီဂျင်ကို ပိုမိုရရှိလာမှာဖြစ်ပါတယ်။ အောက်ဆီဂျင်ပိုရလာတဲ့ ခန္ဓာကိုယ်ဟာ ဖိစီးမှုတွေကို လျော့ပါးပျောက်ကွယ်သွားအောင် တိုက်ဖျက်ပေးပါတယ်။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေသူ အတော်များများမှာလည်း တရားထိုင်ခြင်းအလေ့အကျင့် ရှိနေတက်တာ သင်တွေ့ရမှာဖြစ်ပါတယ်။ တရားထိုင်ပြီးတဲ့အခါ သင့်အနေနဲ့ ပထမဆုံးရမယ့် အကျိုးကျေးဇူးကတော့ ပုဂ္ဂိုလ်ရေးဘဝမှာပါ အဆင်ပြေပြီး ဦးနှောက်ရှင်းလာတာဖြစ်ပါတယ်။

ချန်ပီယံ ၁၁ ကြိမ်ဖြစ်ထားတဲ့ အမေရိကန် NBA ဘတ်စ်ကတ်ဘောအသင်းနည်းပြဆိုရင် သူ့အသင်းသားတွေကို အမြဲတမ်း တရားထိုင်ခိုင်းလေ့ရှိပါတယ်။ သင့်ရဲ့ဦးနှောက်ကို သဘာဝအတိုင်း အပန်းဖြေပြီး ရှင်းလင်းသွားအောင် လုပ်ဖို့အကောင်းဆုံးနည်းလမ်းက တရားထိုင်ခြင်းဖြစ်ပါတယ်။

၂။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

play

 

ဘယ်လိုလေ့ကျင့်ခန်းမျိုးပဲ ဖြစ်ဖြစ် သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ် လန်းဆန်းပေါ့ပါးစေမယ်ဆိုတာ သေချာပါတယ်။ ဦးနှောက်ထဲက ဖိအားတွေကိုရှင်းလင်းပစ်ဖို့ လေ့ကျင့်ခန်းလုပ်တာကလည်း အရေးကြီးပါတယ်။ သင့်ကို လေ့ကျင့်ရေးခန်းမဆီ သွားရမယ်လို့ ပြောနေတာမဟုတ်ပါဘူး။ အိမ်မှာပဲ အချိန်ခဏလောက်ပေးပြီး ယောဂ ဖြစ်ဖြစ် အေရိုးဗစ်ဖြစ်ဖြစ် ကစားလို့လည်းရပါတယ်။ ဒါပေမယ့် နေ့စဉ်စွဲစွဲမြဲမြဲလုပ်ရမယ့် အရာတော့ ဖြစ်ရပါမယ်။  ဒါဟာ သင့်ရဲ့စိတ်နဲ့ခန္ဓာအတွက် အကောင်းဆုံး အားဆေးဖြစ်ပါတယ်။

၃။ လုပ်စရာတွေ အများကြီးမထားပါနဲ့

play

 

လုပ်စရာရှိတာတွေကို စာရင်းနဲ့ချရေးထားတာကောင်းပါတယ်။ ဒါပေမယ့် လုပ်စရာတွေအများကြီးဖြစ်နေရင် သင့်ရဲ့လုပ်ချင်စိတ်ကို လျော့ပါးစေပါတယ်။ သင်လုပ်ရမယ့် တာဝန်တွေဟာ သင့်ကိုစွဲဆောင်မှု ရှိနေပါစေ။ ဒီနေ့မှာ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာမျိုး ခွဲခြားသတ်မှတ်ပြီး ဦးစားပေးရမယ့်အရာကို အရင်လုပ်ပါ။ တစ်ပြိုင်တည်းမှာ နှစ်ခု၊ သုံးခုကို အာရုံမစိုက်ပါနဲ့။ တာဝန်တွေအများကြီး ယူစရာမလိုပါဘူး။ တစ်ခုတည်းဖြစ်သည့်တိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပြဖို့ပဲ လိုတာပါ။

၎။ ရေများများသောက်

play

 

ကျန်းမာရေးအတွက်လည်းကောင်းသလို သင့်ရဲ့စိတ်ကျန်းမာရေးအတွက်လည်း ရေက အကျိုးပြုပါတယ်။ ရေသောက်တာက စိတ်ဖိစီးမှုကင်းဝေးစေတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ရေဓါတ်ခမ်းခြောက်နေတဲ့ ခန္ဓကိုယ်ဟာ စိတ်ဖိစီးမှုကို ဦးဆောင်စေပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့ မမေ့ပါနဲ့။ သင့်ရဲ့ခန္ဓာကိုယ် ၅၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ရေသောက်ခြင်းနဲ့ ပတ်သတ်လို့ ရတဲ့အကျိုးကျေးဇူးတွေက များလွန်းပါတယ်။ အဓိကအချက်ကတော့ ရေများများသောက်လေ သင့်ရဲ့ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်လေ ဖြစ်ပါတယ်။

၅။ အလုပ်စားပွဲနဲ့ သင့်ရုံးခန်းကို သန့်သန့်ရှင်းရှင်းထားပါ

play

လေ့လာမှုတစ်ခုအရတော့ လုပ်စရာတွေပြည့်နေတဲ့အမျိုးသမီးတွေနဲ့ ရှုပ်ပွနေတဲ့အိမ်မှာ နေရသူ အမျိုးသမီးတွေဟာ စိတ်ဓါတ်ကျဆင်းလေ့ရှိကြောင်း ဖော်ပြထားပါတယ်။ သူ့တို့ဆီမှာ စိတ်ဖိစီးမှု ဟော်မုန်းတွေလည်း ပိုမိုတိုးမြင့်နေလေ့ရှိပါတယ်။ ဒါကြောင့် သန့်ရှင်းမှုဟာ အရေးကြီးပါတယ်။ အလုပ်မသွားခင် သင့်အိမ်လေးကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ခဲ့ပါ။ အလုပ်မှာလည်း သင့်ရဲ့စားပွဲနဲ့ ရုံးခန့်ကို သန့်နေအောင်ထားပါ။ ဒါမှအလုပ်အိမ်ပြန်လာတဲ့အခါလည် သန့်ရှင်းသပ်ရပ်နေတဲ့ ပတ်ဝန်းကျင်ကို ရောက်တဲ့အခါ စိတ်ကြည်နူးမှုကို ရစေမှာ ဖြစ်ပါတယ်။

၆။ တစ်ကြိမ်မှာ တစ်ခုသာအာရုံစိုက်ပါ

play

 

သင်မသိသေးတာတွေ၊ မတက်သေးတာတွေ အများကြီးရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း တစ်ကြိမ်မှာ တစ်ခုသာအာရုံစိုက်သင့်ပါတယ်။ တစ်ပြိုင်တည်း နှစ်ခု၊ သုံးခု ကြိုးစားနေခြင်းဟာ အကောင်းဆုံးနည်းလမ်း မဟုတ်ပါဘူး။ သင့်အတွက် အကျိုးမရှိရုံသာမက စိတ်ကိုပါ ညှိုးနွမ်းစေပါတယ်။ တစ်ပြိုင်တည်းမှာ အလုပ်နှစ်ခု သုံးခုကို အာရုံစိုက်ခြင်းဟာ အာရုံထွေပြားမှုကို ဖြစ်စေပြီး အချိန်ဖြုန်းတာနဲ့ အတူတူသာ ဖြစ်ကြောင်း လူသားမှတ်ဥာဏ်စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုကို လေ့လာတဲ့ သုတေသနက အခိုင်အမာ ဆိုထားပါတယ်။

သင်ဟာ တစ်ပြိုင်တည်းနှစ်ခုလုပ်နိုင်တယ်ဆိုရင်တောင် ဒါဟာ ခဏတာမှတ်ဥာဏ်တွက်ပဲ အစဉ်ပြေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကြိမ်မှာ တစ်ခုသာ အာရုံစိုက်လိုက်ပါ။

၇။ တပတ်တာ လုပ်စရာတွေ စီစဉ်ထားပါ

play

 

အတိအကျမဟုတ်ခဲ့ရင်တောင် လာမယ့်တပတ်တာအတွက် သင့်ရဲ့လုပ်စရာတွေကို အစီအစဉ် ဆွဲထားလိုက်ပါ။ အစီအစဉ်ကျအောင်ဆွဲနိုင်သူဖြစ်လေလေ သင်ရဲ့အလုပ် ပိုမိုပြီးမြောက်လေလေ ဖြစ်ပါတယ်။ လူတော်တွေက ရှေ့မှာရင်ဆိုင်ရမယ့် ဖိစီးမှုတွေအတွက် အစီအစဉ် ကြိုဆွဲထားကြလေ့ရှိပါတယ်။ ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုတွေ အတွက် ပြင်ဆင်တယ်ဆိုတာ အစီအစဉ်ကြိုဆွဲထားတာကို ခေါ်တာပါ။ သင်ပြီးမြောက်အောင် လုပ်ရမယ့် ကိစ္စတွေကို အရေးကြီးစာရင်းထဲ ထည့်ထားလိုက်ပါ။

သင့်ရဲ့ facebook အကောင့်ပေါ်က notifications တွေနဲ့ အရေးမကြီးတဲ့ အီးမေးလ်တွေကို စစ်ဆေးရင်း အချိန်ကုန်မနေပါနဲ့။

၈။ သင်ခန်းစာအဖြစ် ပြောင်းလဲလိုက်ပါ

play

 

ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို သင်က ကောင်းကောင်းရင်ဆိုင်နိုင်သူ ဖြစ်တယ်ဆိုရင်တောင် ဖိစီးမှုတွေထဲ ကြာကြာမနေမိဖို့ လိုပါတယ်။ လက်တွေ့ကျကျတွေးပြီး အကောင်းမြင်စိတ်ကလေး ထားကြည့်ပါ။ စိတ်ဖိစီးမှု ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး မလွဲမသွေ ကြုံရမယ့် အရာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို အမြဲတမ်း ရင်ဆိုင်ဖို့ပြင်နေတာဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေတာမဟုတ်ဘူးဆိုတာကိုတော့ သင်သတိပြုပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ