Lifestyle: လက်ညှိုးအတိုအအရှည်ကိုကြည့်ပြီး အမျိုးသားများအကျင့်စရိုက်ကို ခန့်မှန်းနိုင်

play

 

လူတစ်ဦးတစ်ယောက်ရဲ့ အကျင့်စရိုက်လက္ခဏာတွေကို တခဏအတွင်းမြင်ရုံနဲ့တော့ အကုန်မသိနိုင်ပါဘူး။ ဒါပေမယ့် အမျိုးသားတွေရဲ့ လက်ချောင်းအတိုအရှည်တွေကို ကြည့်ပြီး သူတို့ရဲ့စရိုက်လက္ခဏာရပ်တွေကို သိနိုင်ပြီဖြစ်တယ်လို့ လေ့လာသူ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါပြီ။ ကဲ သင်လည်း ဒီဆောင်းပါး ဖတ်ပြီးတဲ့အခါ သင့်ချစ်သူအမျိသားရဲ့ လက်ချောင်းအတိုအရှည်တွေကိုကြည့်ပြီး သူကွယ်ဝှက်ထားတဲ့ အမူအကျင့်တွေကို ဖော်ထုတ်ကြည့်လိုက်ပါဦး။

၁။ အမျိုးသမီးတွေကို ကြင်နာတက်သလား

play

 

သင့်ချစ်သူရဲ့ လက်ညှိုးတွေဟာ သာမန်ထက်ပိုတိုနေပါသလား။ ဒါမှမဟုတ် လက်သူကြွယ်က သာမန်ထက် ပိုရှည်နေပါသလား။ ဒါဆိုရင်တော့ အမျိုးသမီးတွေကို ကြင်နာတက်သူတစ်ဦးဖြစ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်းဓါတ်ကွာခြားမှုက ဖြစ်လာတဲ့အကျိုးရလဒ်ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၇၇ ဦးကို တစ်ဦးချင်းစီ အချက်အလက်တွေ မှန်ကန်စွာ ဖြည့်စွက်ခိုင်းပြီး လေ့လာကြည့်တဲ့ ရလဒ်အရ လက်ညှိုးတိုပြီး လက်သူကြွယ်ရည်လျားတဲ့ လက်ချောင်းကိုပိုင်ဆိုင်ထားသူ အမျိုးသားတွေဟာ သာမန်အမျိုးသားတွေထက် သုံးဆလောက်အမျိုးသမီးတွေအပေါ် ပိုပြီးကြင်နာတက်သူ ဖြစ်ကြောင်းသိရပါတယ်။

၂။ ဆွဲဆောင်မှုရှိခြင်း

play

 

လက်ညှိုးကလက်သူကြွယ်ထက် ပိုတိုနေတယ်ဆိုရင်တော့ ကြည့်ကောင်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်နေတက်ပါတယ်။ ၂၀၁၁ ခုနှစ်ကထုတ်ဝေခဲ့တဲ့ Proceedings of Royanl Society B ဂျာနယ်မှာ ဒီလေ့လာချက်ကို ဖော်ပြထားပါတယ်။ ဖခင်ရဲ့မျိုးရိုးဗီဇထဲမှာ ပါလာတဲ့ဟော်မုန်းဓါတ်ကလည်း ကလေးငယ်ရဲ့ အနာဂတ်မျက်နှာသွင်ပြင်ကို အဓိကဖန်တီးတာ ဖြစ်ပါတယ်။ အရင်ကလေ့လာခဲ့တဲ့ စစ်တမ်းမှာတော့ အမျိုးသမီးတွေအများစုက ယောက်ျားပီသတဲ့ မျက်နှာသွင်ပြင်နဲ့ စိတ်ကြမ်းလူကြမ်းရှိသူအမျိုးသားတွေကို ပိုနှစ်သက်လေ့ရှိတယ်လို့ ဆိုထားပါတယ်။

၃။ ကျောင်းစာများတွင် သက်ရောက်မှုရှိခြင်း

play

 

လက်ချောင်းအတိုအရှည်ကိုကြည့်ပြီး စရိုက်လက္ခဏာခွဲခြားတာဟာ အမျိုးသမီးတွေအပေါ်လည်း သက်ရောက်မှုတော့ရှိပါတယ်။ ငယ်စဉ်အရွယ်ကလေးငယ်တွေဆီမှာဆိုရင် လက်ညှိုးအတိုအရှည်ဟာ ကျား/ မ မရွေးပဲ စာမေးပွဲတွေရလဒ်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ လေ့လာသူတွေက ကလေးငယ် တွေရဲ့လက်ဖဝါးတွေကို ဓါတ်ပုံရိုက်ပြီး ကိန်းဂဏန်းတွေနဲ့ တိုင်းတာခဲ့ပါတယ်။ အဲဒီနောက် သူတို့တွေရဲ့ စာမေးပွဲ ရလဒ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ လက်ညှိုးပိုတိုသူတွေက အမှတ်မြင့်လေ့ရှိတာကို တွေ့ရပြန်ပါတယ်။ မိန်းကလေးငယ်တွေချည်ုး လေ့လာရာမှာတော့ ပျှမ်းမျှအားဖြင့် လက်ချောင်းပိုတိုသူတွေက ရေးဖြေစာမေးပွဲထက် နှုတ်ဖြေစာမေးပွဲမှာ အမှတ်ပိုကောင်းလေ့ရှိနေပါတယ်။

၎။ ကင်ဆာဖြစ်နိုင်ချေ

play

 

သာမန်ထက် လက်ညှိုးပိုတိုသူတွေက ပျှမ်းမျှအားဖြင့် အားသာချက်ပိုရပေမယ့်လည်း မကောင်းတဲ့ အချက်တွေ ရှိနေပါသေးတယ်။ လက်ညှိုးတိုသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေပိုများကြောင်းကိုလည်း လေ့လာသူတွေက ဖော်ထုတ်ခဲ့ကြပါတယ်။ ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်နေတဲ့ လူနာပေါင်း ၁၅၀၀ နဲ့ ကျန်းမာသန်းစွမ်းတဲ့အမျိုးသား ၃၀၀၀ ကို လေ့လာပြီးတဲ့နောက် ဒီအဖြေထွက်လာခဲ့တာဖြစ်ပါတယ်။ လက်သူကြွယ်နဲ့ လက်ညှိုးအရှည်ဟာ အတူတူဖြစ်နေရင် ကင်ဆာဖြစ်နိုင်ချေ ပိုနည်းသလို လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်ရင်လည်း ကင်ဆာဖြစ်နိုင်ချေနည်းပါးပါတယ်။

ဒါပေမယ့် ကင်ဆာပိုဖြစ်နိုင်ချေဆိုတာကလည်း ရာခိုင်နှုန်းနဲ့ တွက်ရင်နည်းပါးနေသေးတဲ့အတွက် သိပ်တော့ စိတ်ပူစရာ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

၅။ အမျိုးသား အင်္ဂါအရွယ်အစား

play

 

ခါးအောက်ပိုင်းရောဂါတွေဖြစ်ပွားနေကြတဲ့ အမျိုးသားပေါင်း ၁၄၄ ဦးကို လေ့လာချက်အရ လက်ညှိုးအတိုအရှည်ကလည်း အမျိုးသားတွေရဲ့ ကျားအင်္ဂါနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ မေ့ဆေးပေးထားတုန်းမှာ အမျိုးသားတွေရဲ့ လက်ညှိုးနဲ့ ကျားအင်္ဂါကို တိုင်းတာခဲ့ပြီးတဲ့နောက် လက်သူကြွယ်ထက် ပိုမိုတိုတောင်းတဲ့ လက်ညှိုးကို ပိုင်ဆိုင်ထားသူ အမျိုးသားတွေက ကျားအင်္ဂါ ပိုရှည်လျားတာကို တွေ့ရကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ