Lifestyle: လက်တွေကို ကြည့်ပြီး ခန့်မှန်းနိုင်တဲ့ ရောဂါ ၅ မျိုး

play

 

လက်ချောင်းတွေရဲ့ အရှည်ကစလို့ လက်တွေရဲ့ ဆုပ်ကိုင်အားအထိ လက်တွေကို လေ့လာရုံနဲ့တင် ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ခန့်မှန်းသိရှိပြီး တချို့အရာတွေကို ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။

၁။ လက်ချောင်းတွေရဲ့အရှည်က အဆစ်ရောင်ရောဂါရှိမရှိ ဖော်ပြ

လက်ညှိုးထက် လက်သူကြွယ်ပိုရှည်တဲ့ အမျိုးသမီးတွေက ဒူးတွေမှာ အဆစ်ရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတယ် လို့  အရိုးအဆစ်ဆိုင်ရာ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အမျိုးသမီးတွေရဲ့သားအိမ်က ထုတ်ပေးတဲ့ ဟော်မုန်းဓာတ် ဖြစ်တဲ့  အက်စတိုဂျင်အဆင့်လည်း ကျဆင်းနိုင်ပါတယ်။  အဲဒီလိုလက္ခဏာရပ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အားကစား စွမ်းရည် ပိုမိုမြင့်မားပြီး နှုတ်ကြမ်းတတ်ကြပါတယ်။ လက်သူကြွယ် သိသိသာသာရှည်တဲ့ အမျိုးသားတွေက ကလေးများများ ရနိုင်ခြေပိုရှိပြီး အမျိုးသမီးတွေနဲ့ ဆက်ဆံရေးမှာ ပိုတော်ကြပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း သုတ်ရည်ဂလင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

၂။ လက်တုန်ခြင်းက   ကြွက်သားအားနည်းသည့်ရောဂါကို ဖော်ပြ

လက်တုန်ခြင်းက ကက်ဖိန်းဓာတ်များခြင်း ဒါမှမဟုတ် ပန်းနာပျောက်ဆေးနဲ့  စိတ်ကျရောဂါပျောက်ဆေးလိုမျိုး ဆေးတွေ သောက်တဲ့အတွက်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်တစ်ဖက်တည်း တုန်ယင်နေတယ်ဆိုရင် ကြွက်သား အားနည်းတဲ့ ရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။ ကုထုံး ဒါမှမဟုတ် ဆေးဝါးနဲ့ ကုသနိုင်တဲ့ရောဂါဖြစ်တဲ့အတွက်  အဲဒီလိုမျိုး ဖြစ်လာရင် ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။

၃။ လက်သည်းအရောင်က ကျောက်ကပ်ရောဂါရှိမရှိ ဖော်ပြ

အိန္ဒိယသုတေသီအဖွဲ့က နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပွားတဲ့ လူနာ ၁၀၀ ကို လေ့လာကြည့်တဲ့အခါ ၃၆ ရာခိုင်နှုန်းဟာ လက်သည်းအခြေက ဖြူပြီး လက်သည်းထိပ်မှာ ညိုနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။  ဒါကြောင့် လက်သည်းတစ်ချောင်းမှာ အရောင်နှစ်ရောင်ဖြစ်နေရင် ဒါမှမဟုတ် လက်သည်းအခြေမှာ အမဲရောင်လိုင်းပေါ်နေရင် ဆရာဝန်နဲ့ပြကြည့်ပါ။ ဒါက မီလာနိုးမာလို့ခေါ်တဲ့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။

၎။ လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို ဖော်ပြ

လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်းအားနည်းတာက ရုတ်တရက်နှလုံးရောဂါဖောက်တာ ဒါမှမဟုတ် လေဖြတ်တာ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ဖော်ပြနေပြီး ဆက်လက်အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်လို့ နိုင်ငံ ၁၇ နိုင်ငံက လူ ၁၄၀,၀၀၀ နီးပါးကို လေ့လာခဲ့တဲ့ Lancet  လေ့လာချက်အရ သိရပါတယ်။ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်းအားက ကြွက်သားတွေရဲ့ အင်အားနဲ့ ကျန်းမာသန်စွမ်းမှုနဲ့ သက်ဆိုင်ပြီး နှလုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်နိုင်ခြေလျှော့ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ သုတေသီတွေက အကြံပြုထားပါတယ်။

၅။ လက်ဖ၀ါးချွေးထွက်များခြင်းက ချွေးထွက်လွန်နေကြောင်း ဖော်ပြ

လက်ဖ၀ါးအဆီပြန်လွန်းခြင်းက သွေးဆုံးတဲ့ ဒါမှမဟုတ် သိုင်းရွိုက်ဖြစ်တဲ့ လက္ခဏာ ဖြစ်နိုင်ပြီး ချွေးထွက်လွန်ခြင်း ရောဂါလည်း ဖြစ်နိုင်ပါတယ်။ လူအများစုကတော့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခု၊ နှစ်ခု - ဥပမာ ချိုင်း၊ လက်ဖဝါး ဒါမှမဟုတ် ခြေထောက်မှာ ချွေးထွက်အလွန်များတတ်ပါတယ်။  ဒါကလည်း ကုသလို့ရတဲ့အတွက် ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပြုပါတယ်။

Ref: www.rd.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ