Lifestyle: ဝိတ်ချဖို့ ရိုးရှင်းတဲ့ နည်းလမ်း ၉ သွယ်

, updated

ဘယ်သူ့ဆီမှာဖြစ်ဖြစ် အဆီဖြစ်စေတဲ့ ကယ်လိုရီဓါတ်တွေ ရှိနေတက်ပါတယ်။ ဒါပေမယ့်လည်း သိပ်တော့စိုးရိမ်စရာမရှိသေးပါဘူး။ ငါ့တော့ အဆီရှိနေတော့မှာပဲ ဆိုပြီး စားချင်တာတွေမစားပဲ ချက်ခြင်းရပ်လိုက်ဖို့တော့ မလိုပါဘူး။ နယူယော့ခ်စီးတီးမှာ နေထိုင်ပြီး ဝိတ်ချဖို့အတွက် နည်းလမ်းကောင်းတွေ ပေးနေတဲ့ Keri Gans  ရဲ့ ရိုးရှင်းလှတဲ့ ဝိတ်ချနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေက ဗိုက်ဆာလောင်မှုကို လျော့နည်းစေသလို တစ်နေ့တာစားသောက်သမျှအဆီတွေကိုလည်း ပိုမိုချေဖျက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၁။ မနက်ပိုင်းမှာ များများစားပါ

play

 

ပျှမ်းမျှအားဖြင့် နေ့လည် ၁၂ နာရီမကျော်ခင် စားပွဲသောက်ပွဲတွေမှာ သင်ပါဝင်လို့ရပါတယ်။ နေ့လည် ၃ နာရီလောက်ကျရင်တော့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ယူလာတဲ့ ချိစ်ချောင်းတွေကို မြင်ပြီးမရိုးမရွဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ ၂၀၁၃ ခုနှစ်ကလေ့လာမှုအရတော့ မနက်စာခပ်များများစားတဲ့ အမျိုးသမီးတွေဟာ အနည်းငယ်ပဲ စားတဲ့အမျိုးသမီးတွေထက် တနေ့လုံးဆာလောင်မှု ပိုမိုလျော့ကျစေတယ်လို့ဆိုပါတယ်။

၂။ မနက်စောစာလေ့ကျင့်ခန်းလုပ်ခြင်း

play

 

Appalachian ပြည်နယ်တက္ကသိုလ် လူသားစွမ်းဆောင်ရည်လေ့လာမှုဌာန ရဲ့ သုတေသနအရ မနက်အစောပိုင်းမှာ ၄၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အဲဒီအကျိုးရလဒ်က ခန္ဓာကိုယ်အတွက် အနည်းဆုံး ၁၄ နာရီလောက်ကောင်းကျိုးပြုတယ်လို့ ဆိုပါတယ်။ ကယ်လိုရီ ၁၉၀ လောက်ကိုလည်း အသာလေး လျော့ကျသွားစေပါတယ်။

၃။ အလုပ်မှာ ကော်ဖီချိန် ခဏနားပါ။

play

 

အလုပ်မှာနေ့လည်နေ့ခင် ခဏနားပြီးကော်ဖီချိန်မှာ ကော်ဖီသောက်တာကလည်း သင့်ကို သုံးနာရီလောက်အအတွင်း ကယ်လိုရီ ၁၂ ရာခိုင်နှုန်းလောက် လျော့ကျသွားစေတယ်လို့ သုတေသနလေ့လာချက်က အကြံပြုထားပါတယ်။

၎။ အမွှေးအကြိုင်များပါသည့် နေ့လည်စာကိုစားပါ

play

 

ဥပမာ ကြက်သားကင်ကို ဒီအတိုင်းစားမှာထက် ငရုပ်သီးဆော့စ်နဲ့ စားနိုင်သလို ငရုပ်ကောင်းတွေနဲ့လည်း စားသင့်ပါတယ်။ ဒီလိုစားသောက်ခြင်းအားဖြင့် နောက်တစ်ကြိမ်သင်ဗိုက်ပြန်ဆာလာမယ့်အချိန်ကိုကိုပိုပြီး ဆွဲဆန့်ပေးထားနိုင်တယ်လို့ စိတ်ပညာနဲ့အမူအကျင့် လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

၅။ ရေအေးအေးသောက်ပါ

play

 

ဆိုဒါပါဝင်တဲ့ အအေးတွေသောက်နေမယ့်အစား ရေသန့်အေးအေးလေးတွေကိုသာ ပိုပြီးသောက်ကြည့်ပါ။ ဂျာမနီမှာလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ရေအေးသောက်သုံးခြင်းဟာ ခန္ဓကိုယ်တွင်းဓါတ်ပြုမှု တစ်နာရီလောက် ဆက်တိုက်ဖြစ်စေတယ်လို့ ဆိုပါတယ်။

၆။ အချိန်ကြည့်ပြီး စားပါ။

play

 

သင်ဟာ ညဘက်ဗိုက်ဆာတက်သူဖြစ်တယ်ဆိုရင် ဒါအချက်ကို ပိုလို့တောင် လိုက်နာသင့်ပါတယ်။ မနက်စာကို ၈ နာရီမှာစားတယ်ဆိုရင် သင့်ရဲ့မီးဖိုချောင်ကိုလည်း ည ၈နာရီဆိုတာနဲ့ ပိတ်ထားလိုက်သင့်ပါတယ်။ ဒီလိုလုပ်တာက အနည်းဆုံးတော့ ၁၂ နာရီလောက် သင့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီတွေကို ကောင်းကောင်းချေဖျက်ဖို့ အချိန်ရသွားမှာ ဖြစ်ပါတယ်။

၇။ ဒိုးနက်စားပါ

play

 

ဝိတ်လျှော့ဖို့ကြိုးစားနေသူကို ဒိုးနတ်စားခိုင်းလို့ အံသြမသွားပါနဲ့။ မနက်စာ စားတဲ့အခါ ဒီကယ်လိုရီပြည့်ဝတဲ့ ဒိုးနက်စားလိုက်တာက တနေ့လုံးအတွက် သင့်ကိုအကျိုးရှိစေပါတယ်။ နေ့လည်အချိန်မှာ အစာထပ်စားချင်စိတ်ကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကို အစ္စရေးမှာလုပ်ခဲ့တဲ့ စစ်တမ်းအရ သိရတာပါ။ ဒီလို စားတဲ့အမျိုးသမီးတွေက ၈ လလောက်ကြာတဲ့အခါ သာမန်အမျိုးသမီးတွေထက် ပိုပြီးဝိတ်ကျသွားလေ့ ရှိပါတယ်။

၈။ သရေစာမုန့်တွေကို လွယ်လွယ်မမြင်နိုင်တဲ့ နေရာမှာထားပါ

play

 

အာလုံးတူညီစွာ ရလာတဲ့ လေ့လာချက်တစ်ခုက အာလူးကြော်လို သရေစာမုန့်တွေကို စားပွဲဘေးမှာ အမြဲထားတက်တဲ အမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် ပျှမ်းမျှ ၁၃ ပေါင်လောက် ပိုပြီး ဝ နေတယ် ဆိုတာပါပဲ။ ဒီတော့ သရေစာမုန့်တွေကိုလည်း အလွယ်တကူလှမ်းယူလို့ရတဲ့နေရာမှာ မထားမိပါစေနဲ့။

၉။ ဖိအားကင်းနေပါစေ

play

 

လေ့လာမှုတွေအရတော့ လူအများစုဟာ ကိုယ်စိတ်အပန်းဖြေတဲ့နေရာသို့မဟုတ် အချိန်ရောက်တဲ့အခါ သာမန်ထက် ၁၈ ရာခိုင်နှုန်းလျော့ပြီး အစားစားကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ရဲ့မီးဖိုချောင်ကိုလည်း ရှုပ်ပွနေတာမျိုး ဖြစ်အောင်မထားသင့်ပါဘူး။ ဝိတ်ကျဖို့အတွက် သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးထားဖို့ လိုပါတယ်။

Ref : time.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ