Lifestyle: အကောင်းဆုံး အန်းဒရွိုက်ဖုန်း (၅) မျိုး

play

 

နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ လူတိုင်းစိတ်ဝင်စားကြတဲ့ အရာတစ်ခုက စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ အဆင့်ဆင့် ပြောင်းလဲလာပြီး တစ်ခုထက်တစ်ခု ပိုမိုကောင်းအောင် တီထွင်နေကြတဲ့ စမတ်ဖုန်းကုမ္ပဏီတွေကြောင့် လူတွေဟာ စမတ်ဖုန်းအသစ်တစ်လုံးကိုမြင်တိုင်း စိတ်ဝင်တစား ရှိကြပါတယ်။

ယခုအခါမှာတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလရဲ့ အန်းဒရွိုက်စနစ်သုံး အကောင်းဆုံး စမတ်ဖုန်း (၅)မျိုးကို ဖော်ပြလိုက်ပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်းတွေဖြစ်တာကြောင့် ဈေးနှုန်းတွေကလည်း အမြင့်ဆုံးတွေ ဖြစ်နေကြပေမယ့် ဖော်ပြပါဖုန်းတွေဟာ အန်းဒရွိုက်ဖုန်း သုံးစွဲသူတွေအတွက်တော့ နှစ်သက်စရာဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

၅။ Motorola Moto X Pure

play

 

မျက်နှာပြင်အကျယ် ၅.၇ လက်မရှိပြီး ၊ Quad HD display နဲ့ ပွဲထွက်လာတာကြောင့် အင်တာနက်အသုံးပြုသူတွေ အကြိုက်တွေ့မယ့် ဒီဇိုင်းမျိုးဖြစ်ပါတယ်။ 21 MP ကင်မရာ ပါဝင်လို့ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာပါ။ ကင်မရာကို အသုံးပြုနေစဉ်မှာ အခြားလုပ်ဆောင်ချက်တွေကိုလည်း တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါတယ်။ အန်းဒရွိုက်ရဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့  5.1.1 နဲ့ စက်တင်ဘာလကမှ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အန်းဒရွိုက်စနစ်သုံး application တွေဟာ ရုပ်ထွက်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာတာကြောင့် RAM 3GB ပဲ ပါဝင်တဲ့ Moto X Pure ဟာ ဒီစာရင်းရဲ့ နောက်ဆုံးနေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

၎။ LG G4

play

 

ယခင်နှစ်က ထွက်ရှိခဲ့တဲ့ G3 ကိုပဲ ကင်မရာပိုင်းဆိုင်ရာ မွမ်းမံပြင်ဆင်မှုတွေ အတော်များများ ပြုလုပ်ခဲ့ပြီး ၊ hardware ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာအောင်ပြုလုပ်ထားတာ တွေ့ရပါတယ်။ OS version 5.1 ဖြစ်ပြီး ၊ မျက်နှာပြင်အကျယ် ၅.၅ လက်မ၊ 16 MP ကင်မရာနဲ့ RAM 3G ပါဝင်ပါတယ်။ အလေးချိန်အားဖြင့် ၁၅၅ ဂရမ် ရှိပြီး ဖုန်းကိုယ်ထည်ကိုတော့ သားရေနဲ့ ပြုလုပ်ထားတာက ဆွဲဆောင်မှုတစ်မျိုး ဖြစ်နေပါတယ်။

၃။ Samsung Galaxy Note 5

play

 

သြဂုတ်လကမှ စတင်ဖြန့်ချိလိုက်တဲ့ Galaxy Note 5 ဟာ ဆမ်ဆောင်းရဲ့ ယခင် စမတ်ဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် processor ပိုင်းမှာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ 4GB RAM နဲ့ ဖုန်းတွင်းသိုလှောင်မှုပမဏ ပိုများလာပြီး အရှေ့ကင်မရာ16MP ပါဝင်ကာ ၊ အနောက်ကင်မရာကတော့ 5 MP ရှိပါတယ်။ မျက်နှာပြင်အကျယ် ၅.၇ လက်မရှိပြီး အလေးချိန်အားဖြင့် ၁၇၁ ဂရမ်သာ ရှိတာကြောင့် ယခင်က Note စီးရီးတွေထက်တော့ ပေါ့ပါးပါတယ်။  OS version 5.1.1 Lollipop နဲ့ ဖြန့်ချိထားတာပါ။

၂။ Huawei Nexus 6P

play

 

တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်ဖြစ်ပေမယ့်လည်း ကြိုးစားအားထုတ်မှုတွေ ရပ်တန့်မနေတဲ့ Huawei ရဲ့ Nexus 6P ကတော့ လူကြိုက်များလှပါတယ်။ လူကြိုက်များရခြင်း အကြောင်းရင်းကတော့ Google ရဲ့ ပုံရိပ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဖုန်းကို Huawei ကုမ္ပဏီနဲ့ Google တို့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလက  စတင်ဖြန့်ချိခဲ့ပါတယ်။ ၅.၇ လက်မ မျက်နှာပြင်အကျယ်၊ 12 MP ကင်မရာနဲ့ RAM 3 GB ပါပြီး OS version 6.0 နဲ့ မိတ်ဆက်ခဲ့တာပါ။ တစ်ချိန်က တရုတ်အမှတ်တံဆိပ်တွေကို သဘောမကျခဲ့သူတွေတောင် အခုချိန်မှာ Nexus 6P ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုဘဲ မနေနိုင်လောက်အောင် စိတ်ဝင်စားခဲ့ပါတယ်။

၁။ Samsung Galaxy S6 Edge

play

 

စမတ်ဖုန်းလောကမှာ အခုချိန်ထိအောင် ရောင်းအားအကောင်းဆုံး သရဖူကို ဆောင်းထားနိုင်တာ ဆမ်ဆောင်းရဲ့ အထင်ကြီးစရာကောင်းတဲ့ အချက်တစ်ခုပါပဲ။ ဆွဲဆောင်မှုအားကောင်းတဲ့ မျက်နှာပြင်ဒီဇိုင်းဟာ တခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် တစ်မူထူးခြားနေပါတယ်။ သြဂုတ်လက စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၇ လက်မ ရှိပါတယ်။ 16 MP ကင်မရာဟာ တခြားဖုန်းတွေထက်တော့ သာစရာမရှိနိုင်ပေမယ့် သူ့ရဲ့ RAM 4GB ကတော့ သဘောကျစရာအချက်တစ်ခုပါ။ အလေးချိန် ၁၅၃ ဂရမ်သာ ရှိတာကြောင့် အရွယ်အစားနဲ့ယှဉ်ရင် ပေါ့ပါးတယ်လို့ ပြောနိုင်ပါတယ်။ အကောင်းဆုံး စမတ်ဖုန်း ၅ မျိုးကို ဖော်ပြတဲ့နေရာမှာ ဆမ်ဆောင်းရဲ့ Galaxy S6 Edge က နံပါတ်တစ်နေရာကို ရယူနိုင်ရခြင်းအကြောင်းကတော့ တခြားအန်းဒရွိုက်ဖုန်းတွေထက် ဒီဖုန်းရဲ့ processer ပိုင်းဟာ ပိုမိုသာလွန်ပြီး အသုံးပြုရတာ အမြန်ဆုံး ဖြစ်နေလို့ပါပဲ။ ဒီဖုန်းရဲ့ စွမ်းဆောင်ရည်ကို မနှစ်သက်တဲ့လူ ဘယ်သူမှ ရှိမယ်မထင်ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ