Lifestyle: အဆီပြန်အသားအရည်ပိုင်ရှင်တွေ ပြုမူနေတဲ့ အမှားများ

play

အဆီပြန်ခြင်းဟာ အသားအရည်လှပမှုနဲ့ မျက်နှာအလှကို အနှောင့်အယှက်ပေးတဲ့အရာပါ။ နောက်ဆက်တွဲအနေနဲ့ အဆီပြန်အသားအရည်ပိုင်ရှင်တွေဟာ ဝက်ခြံပြဿနာတွေကိုလည်း ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါကြောင့် အဆီပြန်ခြင်းကနေ သက်သာလျော့ပါးအောင် နေထိုင်ကြလေ့ရှိပါတယ်။ သို့ပေမဲ့လည်း တစ်ခါတစ်လေမှာတော့ မှားယွင်းတဲ့အယူအဆတွေက အဆီပြန်ခြင်းကို မလျော့ပါးစေနိုင်တဲ့အပြင် ပိုလို့တောင် ဆိုးလာနိုင်ပါသေးတယ်။

၁။ အလွန်အကျွံ မျက်နှာသစ်ခြင်း

အဆီပြန်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေဟာ မျက်နှာကို သန့်ရှင်းအောင်ထားပေးဖို့ လိုပါတယ်။ ညအိပ်ယာမဝင်ခင်မှာ မျက်နှာကို သေသေချာချာ ဆေးကြောပြီးမှ အိပ်သင့်ပါတယ်။ ဒါပေမဲ့လည်း တစ်နေ့ကို ၃ ကြိမ်ထက်မနည်း မျက်နှာသစ်ခြင်းဟာ ကောင်းတဲ့အပြုအမူမဟုတ်ပါဘူး။

၂။ Cleansing Oil ရှောင်ခြင်း

play

 

စာမှာ oil လို့ ရေးထားတာနဲ့ပဲ cleaning oil က သင့်မျက်နှာကို ပိုမို အဆီပြန်လာစေလိမ့်မယ်လို့ မယူဆလိုက်ပါနဲ့။ သူက မျက်နှာက မိတ်ကပ်တွေကို ဖျက်ပစ်ဖို့အတွက် ထုတ်လုပ်ထားတဲ့အရာပါ။ အဆီပြန်သူဖြစ်ဖြစ် ပုံမှန်အသားရည်ပိုင်ရှင်ပဲဖြစ်ဖြစ် ဘယ်သူမဆို အသုံးပြုနိုင်ပါတယ်။ အဓိကအချက်ကတော့ မိတ်ကပ်တွေ စင်ကြယ်သွားအောင် ဖျက်ပြီးတော့မှ မျက်နှာကို သန့်စင်ဆေးကြောဖို့ပါပဲ။

၃။ အစိုဓာတ်အားဖြည့်ခရင်မ် မလူးဘဲနေခြင်း

play

 

Night cream လိုမျိုး အစိုဓာတ်အားဖြည့်ပေးတဲ့ ခရင်မ်တွေက မဖြစ်မနေ လူးသင့်တဲ့အရာပါ။ အဆီပြန်လာနိုင်တယ်လို့ ယူဆတာက မှားယွင်းတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ တခြားအချိန်တွေမှာ မလူးဘူးဆိုရင်တောင်မှ ဆောင်းတွင်းမှာတော့ လူးသင့်ပါတယ်။ ဒါမှသာ နူးညံ့တဲ့အသားအရည်ကို ပိုင်ဆိုင်နိုင်မှာပါ။

၎။ Dry Cleanser သုံးခြင်း

အဆီပြန်တတ်လွန်းလို့ဆိုပြီး dry cleanser ကို မသုံးပါနဲ့။ Dry cleanser သုံးခြင်းက အဆီပြန်ခြင်းကို လျော့ပါးလာစေနိုင်ပေမယ့်လည်း ခြောက်သွေ့မွဲခြောက်တဲ့ အသားအရည်ကိုလည်း ဖြစ်စေနိုင်တာကို သတိပြုသင့်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ