Lifestyle: ဒေါ်အောင်ဆန်းစုကြည်၏ လူသိနည်းသော အချက်များ

, updated

နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအကျဉ်းသားဘဝနဲ့ နှစ်ပေါင်းကြာမြင့်စွာ နေထိုင်ခဲ့ရသူအဖြစ် ကမ္ဘာမှာလူသိများပါတယ်။ အကျဉ်းချခံနေရစဉ်အချိန်အတွင်းမှာ အရှိန်အဝါကြီးမားတဲ့ နိုဘယ်ဆုအပါအဝင်၊ နော်ဝေကချီးမြှင့်တဲ့ Rafto လူ့အခွင့်အရေးလှုပ်ရှားမှုဆိုင်ရာဆုနဲ့ အမေရိကန်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုကိုလည်း ရထားသူဖြစ်ပါတယ်။

play

 

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်းမှာလည်း ပါဝင်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ အမည်

အောင်ဆန်းစုကြည်ဆိုတဲ့ အမည်ဟာ နာမည်သုံးမျိုးစပ်ပြီး ပေးထားတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဆီက အောင်ဆန်းနဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ထံက ကြည်ကို ရယူထားပါတယ်။ အလယ်က စု ဆိုတဲ့ နာမည်ကိုတော့ အဖွားဖြစ်သူ ဒေါ်စုထံက ရယူထားတာပါ။ 

play
 

ငယ်စဉ်က ဒေါ်အောင်ဆန်းစုကြည် (photo : Wikipedia)

၂။ မြန်မာနာမည်နဲ့ သားနှစ်ဦး

၁၉၇၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သမိုင်းပညာရှင် ဒေါက်ကတာမိုက်ကယ်အဲရစ်နဲ့ လက်ထပ်ခဲ့ပါတယ်။ မိုက်ကယ်အဲရစ်က ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီး အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာပဲ ရှိနေခဲ့ရချိန်ဖြစ်ပါတယ်။ သားနှစ်ယောက် ရှိပြီး မြန်မာနာမည်အသီးသီးရှိကြပါတယ်။ သားကြီးအမည်က မြင့်ဆန်းအောင်ဖြစ်ပြီး သားငယ်နာမည်က ထိန်လင်းဖြစ်ပါတယ်။

play

 

သားငယ်ထိန်လင်း(Kim Aris) နှင့် ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်တွေ့ခဲ့ကြစဉ် (photo : telegraph)

၃။ ကြီးပျင်းရာ ဒေသ

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနဲ့ မြန်မာပြည်မှာ တစ်လှည့်စီကြီးပျင်းခဲ့ရတာဖြစ်ပါတယ်။ မိခင်ဒေါ်ခင်ကြည်က မြန်မာပြည်ရဲ့ အိန္ဒိယသံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလတွေအတွင်း အိန္ဒိယမှာ လိုက်ပါနေထိုင်ပြီးကျောင်းတက်ခဲ့ရပါတယ်။ ဘူတန်မှာလည်း နေထိုင်ခဲ့ပါတယ်။ အိန္ဒိယက ဘွဲ့ရပြီးချိန်မှာ အင်္ဂလန်မှာ ကျောင်းဆက်တက်ခဲ့ပြီး အဲဒီနောက် နယူယော့ခ်ကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။

၎။ ပညာရေး

နယူးဒေလီမှာရှိတဲ့ Shri Ram ကောလိပ်ကဘွဲ့ရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ The Univesity of Oxford မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ စိတ်ပညာ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာရပ်တွေအထူးပြု သင်ကြားခဲ့ပြီးတဲ့နောက်  ၁၉၆၉ ခုနှစ်မှာ BA ဘွဲ့ကို Oxford တက္ကသိုလ်က ရခဲ့ပါတယ်။

play

 

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရယူပြီးနောက်  (photo : www.theaustralian.com.au)

၅။ ကုလသမ္မဂတွင် တာဝန်ထမ်းဆောင်ခြင်း

၁၉၆၉ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ နယူးယော့ခ်မြို့က ကုလမသမ္မဂရုံးမှာ ဒေါ်အောင်ဆန်းစုကြည် အလုပ်လုပ်ခဲ့ပါတယ်။ အကြံပေးကော်မတီရဲ့ လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလမှာ မြန်မာပြည်ရဲ့ ဦးသန့်က ကုလသမဂ္ဂရဲ့ တတိယမြောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ချိန်လည်းဖြစ်ပါတယ်။

၆။ မိုက်ကယ်အဲရစ်နှင့် ခွဲခွာရခြင်း

၁၉၈၈ ခုနှစ် ဧပြီလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို ပြန်ရောက်လာခဲ့ပါတယ်။ မိခင် ဒေါ်ခင်ကြည် နှလုံးရောဂါကြောင့် နေမကောင်းဖြစ်နေတဲ့အတွက် မြန်မာပြည်ကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ပိုင်းမှာ ဒီမိုကရေစီ လှုပ်ရှားမှုလုပ်ဖို့အတွက် အစခရီးစဉ် ဖြစ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် ခရစ္စမတ်ကာလမှ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် မြန်မာပြည်လာလည်ခဲ့ပါတယ်။ အဲဒီအကြိမ်တွေ့ဆုံမှုဟာ သူတို့နှစ်ဦးရဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်ခဲ့ပြီး မိုက်ကယ်အဲရစ်ကို မြန်မာပြည်အစိုးရက နောက်ထပ်ပြည်ဝင်ခွင့် ထပ်မပေးခဲ့ပါဘူး။

play

 

ဟောလီးဝုဒ်မင်းသမီး မစ်ရှဲယိုကလည်း The Lady ဇာတ်ကားမှ ဒေါ်အောင်ဆန်းစုကြည်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

၇။ အစိုးရသို့ ပေးစာ

၁၉၈၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရတာဝန်ရှိသူတွေထံ အိပ်ဖွင့်ပေးစာ တစ်စောင်လိပ်မူပြီး ပါတီစုံ ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် သြဂုတ်လ ၂၆ ရက်နေ့မှာ ရွှေတံဂုံဘုရားအနီး သူမအတွက် ပထမဆုံး လူထုဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ အစိုးရကို ပါတီစုံ ရွေးကောက်ပွဲလုပ်ပေးဖို့ လူသိရှင်ကြားပထမဆုံး ဖိအားပေးခဲ့တာဖြစ်ပါတယ်။

၈။ အကျဉ်းသားဘဝ

၁၉၈၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းချခံခဲ့ရပါတယ်။ ၂၁ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၅နှစ် ကိုအကျဉ်းသားဘဝနဲ့ နေအိမ်မှာပဲ ကုန်ဆုံးခဲ့ရပါတယ်။ အကျဉ်းချထားစဉ် ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေနဲ့ တွေ့ဆုံခွင့်မရခဲ့လို့ နိုင်ငံရေး၊ စိတ်ပညာနဲ့ ကိုယ်ရေးအတ္ထုပ္ပတ္ထိစာအုပ်တွေဖတ်ပြီး အချိန်ကုန်ဆုံးစေခဲ့တယ်လို့ ဆိုပါတယ်။

play

 

Justin Wintle ရေးခဲ့တဲ့ Perfect Hostage ကလည်း နာမည်ကြီးလှပါတယ်။

၉။ ကျန်းမာရေး

play

 

၂၀၀၃ ခုနှစ်မှာ အဖမ်းဆီးခံထားရစဉ်အတွင်း မီးယပ်ရောဂါကုသဖို့ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ အသေးစားခြေထောက်ခွဲစိပ်မှု တစ်ကြိမ်လုပ်ထားရပါတယ်။ စိုးရိမ်ရတဲ့ ရောဂါဝေဒနာမရှိပေမယ့် ကိုယ်အလေးချိန် ၄၈ ကီလိုဂရမ်သာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးအားနည်းတက်သူဖြစ်ပြီး မကြာခဏအားနည်းခြင်းကို ကြုံရနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားရသူ ဖြစ်ပါတယ်။

 

Ref : myinterestingfacts.com, wikipedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ