Lifestyle: ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် ထားနည်း

play

 

ယနေ့မှာ နည်းပညာတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ကိုင်မှု ပုံစံတွေဟာလည်း ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ ရုံးစားပွဲမှာ တစ်နေကုန်ထိုင်ပြီး တကုတ်ကုတ် အလုပ်လုပ်ကြတော့တဲ့ ခေတ်မဟုတ်တော့ပါဘူး။

ပျော်ရွှင်စွာ အလုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ လုပ်အားနှုန်းနဲ့ မပျော်ရွှင်ပဲ အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေရဲ့ လုပ်အားနှုန်းဟာ အလွန်ကွာခြားလှပါတယ်။ ဒီတော့ ကုမ္ပဏီ ပိုင်ရှင်တွေ၊ ဒါရိုက်တာတွေအနေနဲ့ ဝန်ထမ်းတွေကို ဘယ်လိုပျော်အောင်ထားရမလဲ၊ ထုတ်လုပ်နိုင်မှု စွမ်းအား ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို ဘယ်လိုပျော်အောင်ထားရမလဲဆိုတဲ့ အချက်တွေကို အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အလုပ်ချိန်များတိုင်း အကျိုးမရှိပါ

play

 

အလုပ်ချိန် ဘယ်လောက်ပင် သတ်မှတ်ထားပါစေ အလုပ်ကို ပျော်ရွှင်စွာလုပ်တဲ့ ဝန်ထမ်းနဲ့ မပျော်ရွှင်တဲ့ ဝန်ထမ်းအကြား ခြားနားလှပါတယ်။ နည်းပညာနဲ့ အလုပ်လုပ်နေတဲ့ ယနေ့ခေတ်မှာ ဘယ်နေရာကမဆို၊ ဘယ်အချိန်မဆို အလုပ်လုပ်နိုင်ပါတယ်။ အချိန်ဇယားကို ဝန်ထမ်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးဖို့လည်း လိုအပ်သလို အဲဒါက ပိုပြီးအလုပ်တွင်စေပါတယ်။ ဝန်ထမ်းတွေလည်း ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

၂။ ရင်းနှီးမြုပ်နှံပါ

play

 

ဝန်ထမ်းတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံတာလည်း ကုမ္ပဏီရဲ့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ နည်းပညာ ဆိုင်ရာ ပစ္စည်းတွေထောက်ပံ့ပေးတာဟာ သူတို့ရဲ့အလုပ်ကို ပိုတွင်စေပါတယ်။ စစ်တမ်းအရတော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေရဲ့ ငါးဆယ် ရာခိုင်နှုန်းကျော်ဟာ လပ်တော့ပ်အစရှိတဲ့ နည်းပညာ ပစ္စည်းတွေ ကုမ္ပဏီက ထောက်ပံ့ပေးမှုကို ရရှိထားသူတွေဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုဟာ အလုပ်အတွက် ဝန်ထမ်းတွေကိုပိုသစ္စာရှိစေပြီး အလုပ်ပိုတွင်ကျယ်စေပါတယ်။

၃။ နားချိန်ယူဖို့ တိုက်တွန်းပါ

play

 

ကုမ္ပဏီဝန်ထမ်းတစ်ဦးက နားချိန်လုံလုံလောက်လောက်မယူဘဲ အလုပ်လုပ်နေပြီဆိုရင် အလုပ်ရှင် အကြီးအကဲတွေက အနားယူဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။ လေ့လာချက်အရ အလုပ်မှာ သိပ်ပျော်ရွှင်မှုမရှိတဲ့ ဝန်ထမ်းတွေရဲ့ ၆၆ ရာခိုင်နှုန်းက အလုပ်စားပွဲက ထရမှာ စိုးရွံ့လေ့ရှိပြီး ခပ်ပျော်ပျော် အလုပ်လုပ်တဲ့ ဝန်ထမ်းတွေထဲက ၄၄ ရာခိုင်နှုန်းသာ ဒီလိုခံစားရလေ့ရှိပါတယ်။ ခေတ္တအနားယူပြီး အလုပ်ပြန်လုပ်တဲ့အခါ စွမ်းအင်တွေပြည့်ဝစွာနဲ့ ပြန်လည်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

၎။ လိုက်လျောညီထွေ ဖြစ်ပါစေ

play

 

မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရုံးထဲမှာ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်နေရမယ်ဆိုတဲ့ သံမဏိ စည်းကမ်းမျိုး မထားသင့်ပါဘူး။ အလုပ်ကိုလိုက်လျောညီထွေဖြစ်အောင် လုပ်စေတာကလည်း ဝန်ထမ်းတွေကို ပျော်ရွှင်စေတဲ့ အချက်တစ်ခုပါ။ လေ့လာချက်အရ ပျော်ရွှင်နေတဲ့ဝန်ထမ်းတွေထဲက ၆၃ ရာခိုင်နှုန်းဟာ အလုပ်ချိန်နဲ့ နေရာကို လိုက်လျောညီထွေ အဆင်ပြေတဲ့နေရာမှာ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

၅။ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင် ဖန်တီးပေးပါ

play

 

လုပ်ငန်းခွင်ပတ်ဝန်းကျင်ရဲ့ အခြေအနေပေါ်မူတည်ပြီးတော့လည်း ဝန်ထမ်းရဲ့ စွမ်းဆောင်နိုင်မှု အခြေအနေ ကွဲပြားသွားပါတယ်။ ရုံးခန်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကလည်း ဝန်ထမ်းတွေအတွက် အလွန်အရေးပါ ပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ရုံခန်းတွေက ဝန်ထမ်းတွေကို စိတ်ဓာတ်တက်ကြွမှု မပေးနိုင်ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ