Lifestyle: ပျော်စရာကောင်းတဲ့ တနင်္လာနေ့ကို ပိုင်ဆိုင်စေမယ့် နည်းလမ်းများ

play

 

လုပ်ငန်းခွင်ဝင်နေကြသူ အများစုအတွက်တော့ တင်္နလာနေ့ဟာ ပျင်းရိဖွယ်ကောင်းလေ့ရှိပါတယ်။ အလုပ်များသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ ရက်သတ္တပတ်တစ်ခုမှာ ပထမဆုံးရုံးစတက်ရတဲ့ ရက်ဖြစ်နေတာကြောင့် တင်္နလာနေ့ ကြောက်တဲ့ရောဂါ ရတက်ကြပါတယ်။ ဒါပေမယ့် တင်္နလာနေ့ကို ပျော်ပျော်ရွှင်ရွှင်၊ ဖိအားကင်းကင်းနဲ့ ရုံးတက်လို့ရလမယ့် နည်းလမ်းတွေရှိပါတယ်။ တနင်္လာနေ့တွေကို ပျော်ရွှင်စွာ ရင်ဆိုင်ပြီး သင့်ကို စိတ်ဓါတ်တက်ကြွစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အဖြေရှာပါ

play

 

ဘာကြောင့်တနင်္လာနေ့မှာ မပျော်နိုင်ဖြစ်နိုင်ရလဲဆိုတာ အဖြေရှာပါ။

တနင်္လာနေ့မှာ ရုံးတက်ဖို့ပျင်းတာနဲ့ တင်္နလာနေ့မှာ အဆင်မပြေတာဟာ ကွဲပြားခြားနားပါတယ်။ တနင်္လာနေ့မှာ တစ်စုံတစ်ခု အဆင်မပြေဖြစ်တယ်ဆိုတာ ယာယီသာဖြစ်ပြီး တင်္နလာနေ့ကို ရုံးတက်ဖို့ပျင်းတာက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုထိခိုက်စေနိုင်ပါတယ်။ တင်္နလာနေ့မနက်မှာ အိပ်ယာကနေ စိတ်ရှုပ်စွာနဲ့ နိုးထလာလေ့ရှိတယ် ဆိုရင်တော့ ဘယ်အရာကို သင့်ကို စိတ်ရှုပ်စေတာလဲဆိုတာ အဖြေရှာသင့်ပါပြီ။

အလုပ်ကြောင့်လား၊ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လား၊ ဒါမှမဟုတ် သင့်ရဲ့ ပုဂ္ဂိုလ်ရေးအခက်အခဲတွေ ကြောင့်လားဆိုတာ သေချာအဖြေရှာရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုတာကိုသိမှာ သင်အဖြေရှာဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။

၂။ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ပါ

play

 

သင့်ရဲ့ တင်္နလာနေ့ကို ပျော်စရာ၊ နှစ်သက်စရာတွေနဲ့ စတင်ဖန်တီးထားသင့်ပါတယ်။ မနက်ခင်းမှာ သင်စိတ်တိုစရာ ကြုံတွေ့ခဲ့ရတယ်ဆိုရင်တောင် ဒေါသကို အပြင်မထွက်စေဖို့ အကြံပြုပါရစေ။ ဒါဟာ ဘယ်သူ့အတွက်မှ မကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိနဲ့ လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက် အကောင်းဆုံးလို့ သင်ယူဆတဲ့ အဝတ်တွေကိုဝတ်သွားပါ။

၃။ မနက်စာ စားဖြစ်အောင်စားပါ

play

 

မနက်စာက ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးသိကြပြီးသား ဖြစ်ပါတယ်။ ဆာလောင်ပြီး ဗလာကျင်းနေတဲ့ အစာအိမ်က ဘယ်သူ့အတွက်မှ အကျိုးမပြုဘူးဆိုတာလည်း အားလုံးသိကြပါတယ်။ သင့်အတွက် တခဏအတွင်း ပြန်ပြီးဆာလောင်မှု မဖြစ်စေမယ်။ မနက်စာကို များများစားထားသင့်ပါတယ်။ သင့်ဟာ မနက်စာကို ကောင်းကောင်းစားတက်သူ မဟုတ်ဘူးဆိုရင်တောင်မှ အသီးဖျော်ရည်တစ်ခွက်တော့ အနည်းဆုံးသောက်သင့်ပါတယ်။ မနက်စာကတဆင့် ရတဲ့ စွမ်းအင်နဲ့ အဟာရဓါတ်တွေက သင့်ရဲ့ တင်္နလာနေ့ကို အကောင်းမြင်စိတ်ပိုပြီး ပေးစွမ်းနိုင်ပါတယ်။

၎။ သီချင်းနားထောင်ပါ

play

 

သင့်ကို တက်ကြွလှုပ်ရှားစေမယ့် သီချင်းတွေကို မနက်အိပ်ယာက နိုးထတဲ့အခါ နားထောင်သင့်ပါတယ်။ ဒါမှမဟုတ်လည်း အလုပ်ကိုသွားစဉ် လမ်းမှာနားထောင်သွားလို့ ရပါတယ်။ ဒီလိုအချိန်မျိုးမှာ နားထောင်ဖို့ သီချင်းတွေကို ကြိုရွေးထားရင်တော့ သင့်အတွက်ပိုအဆင်ပြေစေမှာပါ။ ဒါပေမယ့် သင့်ရဲ့စိတ်နဲ့ခန္ဓာကို လန်းဆန်းမယ့်သီချင်းတွေ ဖြစ်ဖို့တော့ သေချာရွေးချယ်ထားသင့်ပါတယ်။ (youtube video, localization)

၅။ အခြားသူတွေကို ကူညီပ

play

 

တစ်စုံတစ်ဦးကို ကူညီပေးလိုက်တာဟာ သင်တို့ရဲ့ကြားထဲက ဆက်ဆံရေးကို ပိုကောင်းလာစေဖို့ အထောက်အကူ ပြုပါတယ်။ ချီးမွမ်းစကားပြောတာမျိုးပဲဖြစ်ဖြစ်၊ ကော်ဖီဝယ်တိုက်တာပဲ ဖြစ်ဖြစ် သင်တက်နိုင်တဲ့ အကူအညီတွေကို ပေးလို့ရပါတယ်။ ဘယ်လောက်သေးငယ်တဲ့ အရာပဲ ဖြစ်ပါစေ ပျော်ရွှင်မှုဟာ သင့်ထံကို ပြန်လာလေ့ရှိပါတယ်။ အခြားသူတွေကို ပျော်အောင်ကူညီလိုက်ပါ။ သင်လည်း ပျော်ရွှင်မှုတွေ ရလာပါလိမ့်မယ်။

၆။ တနင်္ဂနွေညမှာ စောစောအိပ်ယာဝင်ပါ

play

 

စနေ၊ တနင်္ဂနွေဟာ ပျော်ဖို့ကောင်းသလို ပင်ပန်းမှုတွေလည်း ဖြစ်စေပါတယ်။ ကြားရက်တွေအတွင်းမှာ အိပ်ယာ ဝင်ချိန် ပုံမှန်ဖြစ်လေ့ရှိပေမယ့် စနေ၊ တနင်္ဂနွေမှာတော့ ပုံမှန်ဖြစ်လေ့မရှိပါဘူး။ သင့်ရဲ့အိပ်ယာဝင်ချိန်နဲ့ အိပ်ယာထချိန်တွေဟာ ပုံမှန်ဖြစ်နေရင်တော့ အကောင်းဆုံးပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ