Lifestyle: ဥာဏ်ရည်မြင့်သူ အမျိုးသမီးများကို အမျိုးသားများ ချိန်းမတွေ့ရဲကြဟု စစ်တမ်းကဖော်ထုတ်

play

 

အမျိုးသမီးတွေအပေါ်ထားတဲ့ အမျိုးသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို လေ့လာသုတေသနပြုချက်အရ အမျိုးသားတွေဟာ သူတို့ထက်ဥာဏ်ရည်ပိုမြင့်တဲ့ အမျိုးသမီးတွေကို လက်တွေ့ဘဝမှာ ချိန်းတွေ့လိုစိတ် မရှိကြဘူးလို့ သိရပါတယ်။ သာမန်အားဖြင့် အမျိုးသားတွေက ဥာဏ်ရည်မြင့်မားတဲ့ အမျိုးသမီးတွေကို လက်တွဲဖော်အဖြစ် ရှာလိုစိတ်ရှိကြပေမယ့်လည်း တကယ်တမ်းချိန်းတွေ့ဖို့ ဖြစ်လာခဲ့ရင်တော့ ချိန်းမတွေ့ချင်ကြဘူးလို့ ဆိုပါတယ်။

play

 

အမျိုးသမီးတွေ ဥာဏ်တွေမြင့်ရင် အမျိုးသားတွေ ချိန်းတွေ့လိုစိတ် လျော့ကျသွားပါတော့တယ်။

Buffalo တက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်တို့ ပူးပေါင်းပြီးပြုလုပ်တဲ့ စစ်တမ်းအရ ဒီအဖြေ ထွက်လာခဲ့တာဖြစ်ပါတယ်။(Buffalo နှင့် Taxas တက္ကသိုလ်ဟု ရေးရန်)အမျိုးသား ၁၀၅ ဦးကို မေးမြန်းပြီးလေ့လာခဲ့တာဖြစ်ပြီး သာမန်အားဖြင့်တော့ ဥာဏ်ပိုကောင်းတဲ့ အမျိုးသမီးတွေကို လက်တွဲဖော်အဖြစ်ရည်ရွယ်ပြီး ချိန်းတွေ့ချင်တယ်လို့ အမျိုးသားတွေက ဖြေကြပါတယ်။

play

မင်းသားဂျော့ကလူးနေးနှင့် ထက်ထက်မြက်မြက်ဇနီးသည်ဖြစ်သူ ရှေ့နေ

ဒါပေမယ့် တကယ်တမ်း ဥာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတွေနဲ့တွေ့တဲ့အခါ အမျိုးသားတွေက သူတို့ကမှ ဘယ်လောက်ထက်မြက်ကြောင်း ပိုပြောလေ့ရှိပါတယ်။ ဒါပေမယ့် စကားပြောကြတဲ့ အခါမှာတော့အမျိုးသားတွေရဲ့ ကိုယ်ဟန်အမူအရာက တကယ်ချိန်းတွေ့လိုစိတ်မရှိဘူးဆိုတာ ပြနေကြောင်း လေ့လာခဲ့သူ စိတ်ပညာရှင်တွေက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ