Lifestyle: ဆိုရှယ်မီဒီယာမှာ အစာနဲ့ ဆွဲဆောင်တဲ့ပုံတွေကို ကြည့်ခြင်းက ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်မှုရှိ

play

 

ပုံကို ကြည့်ရုံနဲ့တော့ ဝိတ်တက်လာမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲဒါကိုကြည့်ပြီးတဲ့နောက် ခန္ဓာကိုယ်တွင်းမှာ စားချင်စိတ်တွေ ပိုမိုဖြစ်ပေါ်စေပြီး အစာအရင်းအမြစ်ကို စတင်ရှာဖွေမိတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။

အင်တာနက်ကနေ စားစရာပုံတွေကို အမြဲတမ်းမြင်တွေ့နေရတဲ့အတွက်ကြောင့်  သွားရည်ယိုစိတ်တွေ ပိုမိုများလာပြီး စားချင်စိတ်မရှိသေးတဲ့အချိန်မှာတောင် ကိုယ့်ကိုကိုယ် အစားစားဖို့လိုနေပြီလို့ ထင်လာပါတယ်။ 

အစားစားချင်စိတ်ကို မျက်စိအစာကျွေးခြင်းနဲ့ ဖြေဖျောက်ကြတယ်လို့ လူအများအပြားက ပြောနေပေမယ့်လည်း အဲဒီလိုလုပ်ခြင်းအားဖြင့် အစားအစာအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်မားလာမယ့်အပြင် အစာစားချင်စိတ်နဲ့ ကိုယ်အလေးချိန်တက်မှုရဲ့ အဓိကတရားခံဖြစ်နိုင်တယ်လို့ အဲဒီလေ့လာမှုမှာ ဖော်ပြထားပါတယ်။

အရည်အသွေးမြင့်ဈေးကြီးပြီး သေချာလှပအောင်ပြင်ဆင်ထားတဲ့ အွန်လိုင်းက အစားအစာတွေကို ကြည့်တာက ကိုယ်အလေးချိန်တက်ဖို့ အန္တရာယ်ရှိရုံတင်မကပါဘူး၊ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေအပေါ် နှစ်ခြိုက်မှုလည်း လျော့နည်းသွားစေမယ်လို့ အဲဒီလေ့လာချက်မှာ ဖော်ပြထားပါတယ်။

Ref: Digitaltrends

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ