Lifestyle: သင်မသိသေးတဲ့ နှလုံးရဲ့အကြောင်းတွေ

play

 

နှလုံးဆိုတာ လူတစ်ယောက် အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုပါ။ ချစ်ရသူကိုလည်း နှလုံးသားနဲ့ တင်စားလေ့ရှိကြပါတယ်။ နှလုံးနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ အမျိုးမျိုး ရှိနေကြပါတယ်။ တစ်ချို့က ထင်ထားသလို မဟုတ်ပါဘူး။ သင်မသိသေးတဲ့ နှလုံးအကြောင်း အချက်အလက်အချို့ကို ဖော်ပြလိုက်ပါတယ်။

>> နှလုံးခုန်နှုန်းဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ကြိမ်ရေ တစ်သိန်းခန့် ရှိပါတယ်။ ပျမ်းမျှ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ် ၇၀ ဖြစ်ပါတယ်။

>> အမျိုးသားတွေရဲ့ နှလုံးနဲ့ အမျိုးသမီးတွေရဲ့ နှလုံးဟာ ခြားနားမှုရှိပါတယ်။ အမျိုးသားတွေရဲ့နှလုံးဟာ ၁၀ အောင်စခန့်ရှိပြီး အမျိုးသမီးတွေရဲ့ နှလုံးကတော့ ၈ အောင်စခန့်သာ ရှိပါတယ်။

>> အများစု တွေးထင်ထားကြသလိုမျိုး နှလုံးဟာ ဘယ်ဘက်ရင်အုံမှာ ရှိနေတာမဟုတ်ပါဘူး။ အဆုတ်တွေရဲ့ကြားက ရင်အုပ်အလည်တည့်တည့်နားလေးမှာ တည်ရှိတာဖြစ်ပါတယ်။ နှလုံးရဲ့ အောက်ခြေပိုင်းက ဘယ်ဘက်ကိုတိမ်းနေတာကြောင့် ရင်ဘတ်ရဲ့ ဘယ်အခြမ်းမှာ နှလုံးခုန်သံကို ပိုပြီးကြားနိုင်တာပါ။

>> တနင်္လာနေ့နံနက်ပိုင်းတွေမှာ နှလုံးဖောက်ပြန်မှု (heart attack) အများဆုံး ဖြစ်ပွားလေ့ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ နှလုံးဖောက်ပြန်မှု ဖြစ်ပွားပြီး သေဆုံးခဲ့ရသူအများစုကိုကြည့်ရင် တနင်္လာနေ့မှာ ဖြစ်ပွားခဲ့ကြပါတယ်တဲ့။ ဒီတော့ တနင်္လာနေ့နံနက်တွေမှာ စိတ်နဲ့ကိုယ် ကျန်းမာအောင် သတိထားသင့်ပါတယ်။

>> ရင်ဘတ်အောင့်တာမျိုး မဖြစ်ဘဲနဲ့လည်း နှလုံးဖောက်ပြန်မှု ဖြစ်နိုင်ပါသေးတယ်။ နှလုံးဖောက်ပြန်မှု လက္ခဏာတွေဟာ အမျိုးသားနဲ့အမျိုးသမီးတွေမှာ ပြသပုံခြင်း တူလေ့မရှိပါဘူး။ အမျိုးသားတွေမှာ နှလုံးဖောက်ပြန်မှု လက္ခဏာအဖြစ် ရင်ဘတ်အောင့်တာမျိုး ပြသပေမယ့် အမျိုးသမီးတွေမှာတော့ အော့အန်ခြင်း၊ အစာမကြေခြင်းနဲ့ ပခုံး (သို့မဟုတ်) မေးရိုး ကိုက်ခဲခြင်းတွေဟာ နှလုံးဖောက်ပြန်မှု လက္ခဏာတွေအဖြစ် ပြသပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ