Lifestyle: နိုဘယ်ဆုအကြောင်း စိတ်ဝင်စားဖွယ်အချက်များ

, updated
play

 

ကမ္ဘာမှာ အဖွဲ့အစည်းအစည်းအသီးသီးကပေးတဲ့ ဂုဏ်ထူးဆောင်ဆု များစွာရှိပြီး အဲဒီထဲကမှ နိုဗယ်ဆုဟာ လူအဖွဲ့အစည်းအတွင်းမှာ အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုလို့လည်း ဆိုနိုင်ပါတယ်။ နိုဗယ်ဆုရဖူးခဲ့သူ အချို့ကို သင် သိချင်သိနိုင်ပေမယ့် နိုဗယ်ဆုနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက်တွေ ရှိပါသေးတယ်။ ဘာတွေလဲ ဆိုတာ ကြည့်လိုက်ပါဦး။ နိုဗယ်ဆုကို ဘယ်သူတွေငြင်းခဲ့လဲ၊ တစ်မိသားစုတည်းမှာ နိုဗယ်ဆု ရဖူးသူတွေရှိလား၊ အမျိုးသမီးတွေ နိုဗယ်ဆု ဘယ်လောက်ရကြလဲ စတာတွေ ပါဝင်ပါတယ်။

၃၃၂ ကြိမ်- နိုဗယ်ဆုကို အများဆုံးရထားသည့် နိုင်ငံ

play

 

အမေရိကန်နိုင်ငံသားတွေက နိုဗယ်ဆုကို အများဆုံးရထားကြပါတယ်။ စုစုပေါင်း အမေရိကို နိုဗယ်ဆု ၃၃၂ ကြိမ် ပေးအပ်ခဲ့ရပြီး အမေရိကန်ရဲ့နောက်မှာ အင်္ဂလန်က ၁၀၄ ကြိမ် ရထားပါတယ်။ အဲဒီနောက်မှာ ဂျာမနီ၊ ပြင်သစ်စတဲ့နိုင်ငံတွေရှိပါတယ်။

၁ ကြိမ်သာရဖူးသည့် ၂၅ နိုင်ငံ

play

 

နိုဗယ်ဆုကို တစ်ကြိမ်သာ ရဖူးတဲ့ နိုင်ငံ ၂၅ နိုင်ငံရှိပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ကိုလမ်ဘီယာ၊ ကော်စတာရီကာ၊ ဆိုက်ပရက်စ်၊ ဂါနာ၊ အိုက်စလန်၊ အီရန်၊ ကင်ညာ၊ မက်ဆီဒိုးနီးယား၊ နယူးဇီလန်၊ နိုင်ဂျီးရီးယား၊ ပါလက်စတိုင်း၊ ပီရူး၊ ဆလိုဗေးနီးယား၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ ထရီနီဒက်၊ တူနီးရှား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ယီမင်နဲ့ ယူဂိုဆလားဗီးယားတို့ ဖြစ်ပါတယ်။

အမျိုးသမီး ၁၆ ဦး

play

 

ငြိမ်းချမ်းရေး နိုဗယ်ဆိုကို ရဖူးတဲ့အမျိုးသမီး ၁၆ ဦးရှိပါတယ်။ ဒီထဲမှာ ဒေါ်အောင်ဆန်း စုကြည်လည်း ပါဝင်ပါတယ်။ အိန္ဒိယက မာသာထရီဇာ၊ ပါကစ္စတန်က မာလာလာတို့အပြင် အမေရိကန်က အမျိုးသမီး သုံးဦးလည်း ရခဲ့ဖူးပါတယ်။

နိုဗယ်ဆု နှစ်ကြိမ်ရသူ

play

 

နိုဗယ်ဆုကို နှစ်ကြိမ်ပြန်လည်ရရှိခဲ့သူတွေလည်းရှိပါတယ်။ နှစ်ကြိမ်ဆုရရှိသူ ၄ ဦးအထိရှိပါတယ်။ ပြင်သစ်က မာရီကူရီဆိုသူဟာ ဓါတုဗေဒနိုဗယ်ဆုနဲ့ ရူပဗေဒနိုဘယ်ဆုတွေကို ၁၉၀၃ နဲ့ ၁၉၁၁ တွေမှာ ရခဲ့ဖူးပါတယ်။ အင်္ဂလန်က ဖရက်ဒရစ်ဆန်ဂျာဆိုသူကလည်း ဓါတုဗေဒနိုဗယ်ဆုကို ၁၉၅၈ နဲ့ ၁၉၈၀ တို့မှာ ရခဲ့ဖူးပါတယ်။ အမေရိကရဲ့ ဂျွန်ဘာဒင်းကလည်း ရူပဗေဒနဲ့ နှစ်ခါ၊ အမေရိကန် နောက်တစ်ဦးဖြစ်တဲ့ စီပေါလင်းကလည်း ဓါတုဗေဒနဲ့တစ်ခါရခဲ့ပြီး နောက်တစ်ကြိမ်ကို ငြိမ်းချမ်းရေးနိုဗယ်ဆု ရခဲ့ပြန်ပါတယ်။

တရုတ်နိုင်ငံသားများ

play

 

နိုဗယ်ဆုရဖူးတဲ့ တရုတ်နိုင်ငံသားသုံးဦးရှိပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆိုကို လီရှောင်ဘိုက ၂၀၁၀ မှာရပြီး စာရေးဆရာ မိုယမ်က ၂၀၁၂ မှာစာပေနိုဗယ်ဆု ရခဲ့ပြန်ပါတယ်။ ဆေးပညာဆိုင်ရာနိုဗယ်ဆုကိုတော့ အခု နောက်ဆုံးနှစ်မှာ တူယူယူက ရခဲ့ပါတယ်။

နိုဗယ်ဆုကို ငြင်းခဲ့သူ

play

 

နိုဗယ်ဆုပေးအပ်တာကို ငြင်းပယ်ခဲ့သူဟာ အတော်လေးရှားပါတယ်။ ဒါပေမယ့် ရှိခဲ့ပါတယ်။ သမိုင်းမှာ နိုဗယ်ဆိုပေးခြင်းကို ငြင်းပယ်ခဲ့သူ နှစ်ဦးရှိပါတယ်။ ဗီယက်နမ်က လီဒွက်သော်က နဲ့ ပြင်သစ်က ဂျင်းပေါလ်တို့က နိုဗယ်ဆုတွေကို ငြင်းခဲ့ကြပါတယ်။

နိုဗယ်ဆုရသည့် မိသားစုဝင်များ

play

 

ဖခင်ဝီလီယံအွန်နရီနဘရက်ဂ်နဲ့ သားဖြစ်သူ ဝီလီယံလောရင့်စ်ဘရက်ဂ်တို့ဟာ အင်္ဂလန်မှာ ၁၉၁၅ ခုနှစ်က ရူပဗေဒနိုဗယ်ဆု ပေးအပ်ခြင်းခံခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ