Lifestyle: အောင်မြင်နေသူတွေဘာကြောင့် ဖက်ရှင်တစ်မျိုးတည်း ဝတ်ဆင်ကြသလဲ

play

 

Apple ကုမ္ပဏီကို ပူတွဲတည်ထောင်ခဲ့သူ စတိဗ်ဂျော့စ်၊ ယနေ့အောင်မြင်နေတဲ့ Facebook ရဲ့ ပဲ့ကိုင်ရှင် ဇူကာဘတ် စသူတွေဟာ အဝတ်အစား ဖက်ရှင်နဲ့ပတ်သတ်လာရင် အလွန်စိတ်ဝင်စားဖို့ ကောင်းသူတွေဖြစ်ပါတယ်။ သူတို့ဟာ အဝတ်အစားပုံစံတစ်မျိုးတည်းကို နေ့စဉ်နှစ်ခြိုက်စွာ ဝတ်ဆင်ကြသူတွေပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့  စတိဗ်ဂျော့စ်ဆိုရင် အနက်ရောင်ဆွယ်တာကို နေ့စဉ်ဝတ်ခဲ့သူဖြစ်ပါတယ်။ ဇူကာဘတ်ဆိုရင်လည်း မီးခိုးရောင်တီရှပ်ကိုသာ သူ့ရဲ့ရုံးတက်အဝတ်အစားအဖြစ် နေ့စဉ်ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ အခြားသော နယ်ပယ်အသီးသီးက အောင်မြင်နေသူတွေဆီမှာလည်း အဝတ်အစားနဲ့ပတ်သတ်လာရင် နေ့စဉ်ဖက်ရှင်တစ်မျိုးတည်းဝတ်ဆင်တက်တဲ့ အလေ့အကျင့် ရှိနေပြနပါတယ်။

အောင်မြင်သူအချို့ဟာ ဘာကြောင့် အဝတ်အစားပုံစံတစ်မျိုးတည်းကိုသာ နေ့စဉ်ဖက်ရှင်အဖြစ် ရွေးချယ်ကြလဲ ဆိုတာ လူအများကြားမှ ပဟေဠိသဖွယ်ဖြစ်နေပါတယ်။ သူတို့ဘာကြောင့် နေ့စဉ်ဖက်ရှင်တစ်မျိုးတည်း ဝတ်ဆင်ကြသလဲဆိုတာ ဒီဆောင်းပါးဖတ်ပြီးရင် သင်သဘောပေါက်သွားနိုင်ပါတယ်။

၁။ ဆုံးဖြတ်ရန်လွယ်ကူခြင်း

နေ့စဉ်ဘာဝတ်သင့်တယ်ဆိုတာ အမြဲစဉ်းစားနေဖို့ မလိုတော့ပါဘူး။ ကျွန်တော်တို့သာမန်လူတွေအားလုံး နေ့စဉ်ဘာဝတ်ရမလဲဆိုတာ အချိန်ခဏလောက်ပေးပြီး တွေးရလေ့ရှိပါတယ်။ တစ်စုံတစ်ခုအတွက် ကြိမ်ဖန်များစွာ ဆုံးဖြတ်နေရခြင်းဟာ လူ့ရဲ့အရည်အသွေးကို ကျဆင်းစေပါတယ်။ နေ့စဉ်ဖက်ရှင် တစ်မျိုးတည်း ရွေးချယ်ထားခြင်းက တစ်နေ့တာလုပ်ငန်းဆောင်တာကိစ္စတွေအတွက် အကျိုးရှိပါတယ်။ ဇူကာဘတ်ကလည်း နေ့စဉ်အပြာရောင်နဲ့ မီးခိုးရောင်တီရှပ်ကို ဝတ်ရတဲ့အကြောင်းက သူ့အနေနဲ့ မနက်တိုင်းဘာဝတ်ရမယ်၊ ဘာစားရမယ် စတာတွေကို မစဉ်းစားနေချင်တာကြောင့်ပါလို့ ပြောထားသူပါ။

play

၂။ အချိန်ကုန်သက်သာခြင်း

ကွဲပြားခြားနားတဲ့ ဖက်ရှင်တွေကို ရွေးချယ်မှုမလုပ်ပဲ ဖက်ရှင်တစ်မျိုးတည်းကိုသာ ရွေးချယ်ထားခြင်းက သင့်ကို အချိန်ကုန်သက်သာစေမှာ သေချာပါတယ်။ သင့်ရဲ့အဝတ်ဗီဒိုကိုရှင်းရတဲ့ အချိန်လည်းသက်သာစေသလို ဈေးဝယ်ထွက်ချိန်မှာ ဘာအဝတ်အစားဝယ်ရမလဲဆိုတာလည်း သိပ်စဉ်းစားနေစရာ မလိုတော့ပါဘူး။ သင့်ရဲ့ မနက်ခင်းတွေဟာ ပိုပြီးလွယ်ကူချောမွေ့ကာ အချိန်ပိုရလာပါလိမ့်မယ်။

၃။ ဖိအားတွေကို နည်းပါးစေတယ်

နယူးယော့စီးတီးမှာ အခြေစိုက်တဲ့ ဒါရိုက်တာမာတီဒါခဲလ်ကတော့ သူ့အတွက် နေ့စဉ် အဝတ်အစား ဖက်ရှင်တစ်မျိုးတည်း ဝတ်ဆင်ခြင်းက စိတ်ဖိစီးမှုကိုပါ သက်သာစေတယ်လို့ ပြောပါတယ်။ အထူးသဖြင့် မနက်ခင်းအချိန်အခါမှာ ဘာဝတ်ရမလဲဆုံးဖြတ်ရတာက လူကိုစိတ်ဖိစီးပါတယ်။ “ဒီဒီဇိုင်းက သိပ်များ ရိုးနေသလား၊ ဒီဒီဇိုင်းက သိပ်များဆန်းလွန်းနေသလား” စသဖြင့် အဝတ်အစားအတွက် ရွေးချယ်နေရတာက စိတ်ဖိစီးမှု ပိုစေပါတယ်။

၎။ စွမ်းအင်ခြွေတာခြင်း

ဟောလီးဝုဒ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူ ခရစ္စတိုဖာနိုလန်ဆိုရင်လည်း အဝတ်အစားဖက်ရှင် တစ်မျိုးတည်းဝတ်ရာမှာ နာမည်ကြီးသူဖြစ်ပါတယ်။ အပြာရောင်ရှပ်အကျီ င်္ပေါ်မှာ ဂျင်းဂျက်ကတ်ကို အမြဲတမ်းဝတ်ထားတာက သူ့ဒီဇိုင်းဖြစ်ပါတယ်။ သူ့အပြောရအတော့ ဖက်ရှင်တစ်မျိုးတည်း ရွေးချယ်တာဟာ နေ့စဉ်ဘာဝတ်ရမလဲ ဆိုတာမတွေးဖြစ်ရုံသာမက လူ့ရဲ့စွမ်းအင်ကိုပါ ခြွေတာစေတယ်လို့ ပြောပါတယ်။ နေ့စဉ် အဝတ်အစားလျှော်ဖွပ်ထိန်းသိမ်းရတာကိုပါ သက်သာစေတယ်လို့ နိုလန်က ယူဆထားသူပါ။

ဒီနေရာမှာ ကြည့်ပါ

play

ခရစ္စတိုဖာနိုလန်

၅။ ငွေကုန်ကြေးကျသက်သာမယ်

စစ်တမ်းအရတော့ အမေရိကန်တစ်ဦးဟာ အဝတ်အစားအတွက် တစ်နှစ်ကို ပျှမ်းမျှ ဒေါ်လာ ၁၇၀၀ လောက်သုံးစွဲလေ့ရှိပါတယ်။ ၁၉၃၀ ခုနှစ်လောက်တုန်းကဆိုရင် အမေရိကန်တစ်ဦးဆီမှာ အဝတ်အစား ၉ စုံလောက်သာ ရှိခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ တစ်ဦးကို အဝတ်အစား အစုံ ၃၀ လောက်ရှိနေတက်ပါပြီ။ ဖက်ရှင်တစ်မျိုးတည်းကို ရွေးချယ်တာက သင့်ကို ငွေကုန်ကြေးကျပိုသက်သာစေပါလိမ့်မယ်။

Ref : becomingminimalist.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ