Lifestyle: သားသမီးများဂိမ်းကစားခြင်းကို မိဘများ အကောင်းမြင်လာကြ

၂၀၁၅ မှာ အမြင်တွေပြောင်းလဲလာကြပါတယ်

၂၀၁၅ ခုနှစ်ကိုအရောက်မှာတော့ ဂိမ်းကစားကြခြင်းအပေါ် မိဘတွေကိုယ်က အမြင်တွေ ပြောင်းလဲလာခဲ့ပြီဖြစ်တယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ ဒီဘက်ခေတ်မှာ ကလေးငယ်တွေအပေါ် ဂိမ်းကစားမှုပြုလုပ်တာကို မိဘတွေက ပိတ်ပင်မထားတော့ပါဘူး။ နောက်ပြီး ဂိမ်းဆော့ကစားတဲ့ အမျိုးသမီးအရေအတွက်ကလည်း အမျိုးသားတွေထက် ပိုမိုတိုးပွားလာခဲ့ပါတယ်။

Family Gaming ရဲ့ စစ်တမ်းအရ ယနေ့ ၅၉ ရာခိုင်နှုန်းသော မိဘတွေက သူတို့သားသမီးတွေ ဂိမ်းကစားကြတာကို အကောင်းမြင်မကြတယ်လို့ သိရပါတယ်။ သားသမီးဂိမ်းကစားတာကို ဖခင်တွေက ပိုကျေနပ်ကြပြီး မိခင်တွေလည်း အရင်ကလောက် တင်းကျပ်မှုတွေ မလုပ်ကြတော့ပါဘူး။ ဂိမ်းကစားသူ သုံးထောင်ကျော်နဲ့ သူတို့ရဲ့မိဘတွေကို အွန်လိုင်းကတဆင့် မေးမြန်းထားတဲ့ စစ်တမ်းအရ သိရတာပါ။

ဂိမ်းစက်ပိုင်ဆိုင်သည့်အမျိုးသမီး ရာခိုင်နှုန်းက ပိုများနေ

အများစုက ဂိမ်းကစားခြင်းကြောင့် ပိုပျော်ရတယ်လို့ ယုံကြည်ကြပြီး  ၂၃ ရာခိုင်နှုန်းသော မိဘတွေ ဒါကို အကောင်းမြင်ပါတယ်။ ဂိမ်းကစားတာကို မကောင်းဘူးလို့ မြင်တဲ့ မိဘတွေလည်း ၂၂ ရာခိုင်နှုန်းရှိသေးတယ်လို့ စစ်တမ်းက ဆိုပါတယ်။ ၄၉ ရာခိုင်နှုန်းသော မိဘတွေကတော့ ဂိမ်းကစားတာ ပြင်ပဘဝကို အကျိုးသက်ရောက်မှု အနည်းငယ်ပဲ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ထူးခြားတာတစ်ခုက အရွယ်ရောက်ပြီးသား သားသမီးတွေရဲ့မိဘ ၉၂ ရာခိုင်နှုန်းက သူတို့သားသမီးတွေနဲ့အတူ တစ်ခါတစ်ရံ ဂိမ်းအတူတူဆော့ကြတယ်ဆိုတာပါပဲ။

နောက်ထပ်ထူးခြားတာက အရွယ်ရောက်ပြီးသား အမျိုးသားနဲ့ အမျိုးသမီးတွေကို စစ်တမ်းကောက်ယူရာမှာ ဗီဒီယိုဂိမ်းဝယ်ထားတဲ့အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် များနေတာပါပဲ။ ၄၂ ရာခိုင်နှုန်းသော အမျိုးသမီးတွေဆီမှာ Xbox သို့မဟုတ် PlayStation စက်တွေရှိပြီး အမျိုးသားတွေကတော့ ၃၇ ရာခိုင်နှုန်းပဲ ရှိတာ တွေ့ရပါတယ်။

Ref : Ibtimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ