AD
AD
AD
play

 

မွေးရာပါ လက်မပါတဲ့ အသက် ၃၂ နှစ်ရှိ ဂျက်စီကာကို့ဇ် (Jessica Cox) ဟာ လေယာဉ်မှူး အခန်းထဲမှာ နေရာယူထားနိုင်ပါပြီ။ အမေရိကန် အနောက်တောင်ပိုင်းက အာရီဇိုးနားပြည်နယ်သူလေးဟာ Sport Pilot အောင်လက်မှတ်ကိုရရှိပြီး ခြေထောက်တွေအသုံးပြုပြီး လေယာဉ်မောင်းခွင့်ရတဲ့ ပထမဆုံး လေယာဉ်မှူးဖြစ်ပါတယ်။

ခြေထောက်တွေကိုပဲ အသုံးပြုပြီး မောင်းနှင်ခဲ့တဲ့ သူမရဲ့လေယာဉ်မောင်းခရီးစဉ်က မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့်လည်း အသက် ၂၅ နှစ်အရွယ်မှာ လေယာဉ်မှူးလိုင်စင်ကို အရယူနိုင်ခဲ့ပါတယ်။

play

အပေါ့စားလေယာဉ်မောင်းခွင့်(Sport Pilot)  လိုင်စင် ရထားသူဖြစ်ပါတယ်။

ခြေထောက်တစ်ဖက်နဲ့ ထိန်းချုပ်ရေးခလုတ်တွေကို ကိုင်တွယ်သွားပြီး နောက်တစ်ဖက်နဲ့ စတီယာရင်ကို ကျွမ်းကျွမ်းကျင် ကျင် ထိန်းနိုင်တဲ့ ကော့ဇ်ဟာ အမြင့်ပေ တစ်သောင်းအထိ အပေါ့စားလေယာဉ်လေးကို ပျံသန်းပြီး Sport Pilot  လက်မှတ်ကို ရယူခဲ့တာပါ။

“သူက တကယ်တော်တဲ့ပိုင်းလော့ပါ။ တကယ့်ကို စိတ်ဓာတ်မာတဲ့သူပါပဲ” လို့ လေယာဉ်နည်းပြတစ်ဦးဖြစ်တဲ့ ပါးရစ်ခ်ျ ထရာဝိခ်က ပြောပါတယ်။ ပါးရစ်ခ် ထရာဝိခ်က PC Aircraft Maintenance and Flight Services လုပ်ငန်းကို ဦးစီးနေသူဖြစ်ပြီး လေယာဉ်မှူးအများအပြားကို လေ့ကျင့်ပေးနေသူပါ။ တချို့က ကို့ဇ်ရဲ့ ခြေဖျားကိုတောင် မမီတဲ့ဘူးလို့ သူကပြောပါတယ်။

play

 

“သူ ဒီကို ကားမောင်းပြီး ရောက်လာတာကိုမြင်တော့ လေယာဉ်မောင်းတဲ့အခါ ပြဿနာလုံးဝရှိမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်” လို့ ထရာဝိခ်က အတိတ်က သူ့အမြင်ကို ပြန်ပြောပြပါတယ်။

play

 

သူမဟာ မွေးဖွားကတည်းက ဘာလို့လက်တွေမပါလာတာလဲလို့ ဆရာဝန်တွေ အဖြေရှာမရခဲ့ပါဘူး။ သူမဟာ လက်တုတွေကို မသုံးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတော့ နောက်တစ်ခါ ကိုယ့်ကိုကိုယ် မလုပ်နိုင်ဘူးလို့ ပြောခါနီးမှာ အံ့သြစရာ ကောင်းလှတဲ့ ဒီအမျိုးသမီးလေးကို သတိရလိုက်ပါ။

Ref: www.inspire21.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD